|
သွားတော့
ကျနော့်ကို အိမ်ပေါ်က ပြန်မဆင်းခိုင်းဘူး၊ (၆)နာရီခွဲအထိ ရှာတယ်၊
ရှာဖွေပုံစံ တွေမှာ လက်မှတ်ထိုးခိုင်းပြီး စာရွက်စာတမ်းတချို့
သိမ်းသွားတယ်၊ ပြီးတော့ ဦးမြင့်အေးကို ခဏလိုက်ခဲ့ပါဆိုပြီး
ခေါ်သွားတာ”ဟု သူက ပြောသည်။
ဦးမြင့်အေးနေအိမ်မှ (NLD)နှင့်ပတ်သက်သည့် ယခင်က စာရွက်စာတမ်းအချို့၊
Vote No လှုပ် ရှားမှုအတွင်းမှ သူများဖြန့်ဝေခဲ့သည့် စာရွက် ၈၄ ရွက်၊၂၀၀၄
ခုနှစ်အတွင်းက ဦးအောင်ရွှေထံ လိပ်မူ၍
စပါးဝယ်ယူမှုတားမြစ်ပေးရန်အကြောင်းကြားသည့် စာတစောင်၊ နာဂစ်အတွက်
လှူဒါန်းထားသည့် ဖြတ်ပိုင်းစာရွက်များ၊ ၁၉၆၇ အဓိကရုဏ်း ဥပဒေစာအုပ်၊
စစ်သားဦးထုပ် တလုံးနှင့် မျက်နှာသုတ်ပဝါတထည်တို့ကို အာဏာပိုင်များက
သိမ်ဆည်းသွားသည်ဟု ၎င်းက ဆက်ပြောသည်။
“ဒေသခံ (SB)
လဲ ပါတယ်၊ ကြည့်မြင်တိုင်၊ မကျည်းတောင်ရပ်ကွက် (ရယက)ဥက္ကဋ္ဌ၊ အိုးဘို
ရပ်ကွက်(ရယက)တယောက် ပါတယ်၊ သူတို့က ပြီးတော့ ရှာဖွေစဉ်မှာ
ယဉ်ကျေးစွာရှာဖွေ ကြောင်းနဲ့ အဖိုးတန်ပစ္စည်းတစုံတရာ
ပျောက်ဆုံးမှုမရှိကြောင်း လက်မှတ်ထိုးခိုင်းတော့ သူ့ အမျိုးသမီး
ဒေါ်လဲ့လဲ့ဝင်းက ထိုးပေးလိုက်တယ်”ဟု ဆက်လက်ပြောသည်။
စစ်အစိုးရအာဏာပိုင်များက ဦးမြင့်အေးအား မည်သည့်နေရာသို့
ခေါ်ဆောင်သွားသည်ကို မသိရကြောင်းနှင့် ၎င်းနေထိုင်သည့်အိမ်မှာ ယခင်
ကြည့်မြင့်တိုင်မြို့နယ် (NLD)ရုံးဟောင်းအား ငှားရမ်းနေထိုင်သည့်အတွက်
အချို့စာရွက်စာတမ်းများမှာ အိမ်ငှားစဉ်က ကျန်ရစ်ခဲ့ခြင်းဖြစ် သည်ဟု
ဆိုသည်။
ဦးမြင့်အေးအား ယခုကဲ့သို့ဖမ်းဆီးသွားခြင်းနှင့်ပတ်သက်၍
“ဗုံးဖောက်မယ်ဆိုတဲ့ ကောလဟာလ သတင်းတွေက ထွက်နေတဲ့အချိန်မှာ
ဦးထုပ်နဲ့မျက်နှာသုတ်ပဝါကိစ္စကို အာဏာပိုင်တွေဘက်က အမှုဆင်မှာကိုတော့
တော်တော်စိုးရိမ်ရတယ်၊ အဲဒါတွေကလည်း ၂၀၀၄ ခုနှစ်လောက်က ကလေးစစ်သားတွေ
ကျန်ခဲ့တာ”ဟု ကိုမောင်မောင်လေးက ပြောသည်။
ထို့အပြင်
ယခုလ (၆) ရက်နေ့၊ ည (၁၁) နာရီခွဲခန့်က လူ့အခွင့်အရေးလှုပ်ရှားသူ
ကိုမျိုးမင်းအား အာဏာပိုင်များက ၎င်းနေထိုင်ရာ ကြည့်မြင်တိုင်နေအိမ်မှာ
ဖမ်းဆီးသွားခဲ့သည်ဟု ဆက်လက် ပြောသည်။ |