Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ထောင်နှင့်ချီသည့်မြန်မာနိုင်ငံသားများ မဲဆောက်တွင် ဆန်တန်းစီ

ရိုးမ ၃။ သြဂုတ် ၂၁၊ ၂၀၀၈ 

တရုတ်ဘုံကျောင်းရှေ့တွင် ဆန်ပေးဝေနေစဉ်

 

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ပေါ်ရှိ တရုတ်ဘုံကျောင်းတွင် ယနေ့ ညနေ (၃) နာရီတွင် ပြုလုပ်သည့် ဆန်နှင့်အစားအသောက်များ ပေးလှူပွဲသို့ ယခင်နှစ်များထက် လာရောက်တန်းစီသူများ ပိုမို များပြားလာသည်။ 

စားဝတ်နေရေးကြပ်တည်းမှုများနှင့် ဆန်ဈေး၊ ကုန်ဈေးနှုန်းများ အဆမတန်မြင့်မားနေမှုကြောင့် မဲဆောက်ဒေသအတွင်းရှိ မြန်မာအလုပ်သမားများနှင့် မြဝတီဘက်ကမ်းမှ လာရောက်သူများ ပိုမိုများလာခြင်းဖြစ်သည်။ 

ဆန်ပေးဝေရာသို့ လာရောက်စောင့်ဆိုင်းနေသည့် မြန်မာအလုပ်သမားတဦးက “ကျနော်ရောက် တာကတော့ မနက် (၁၀) နာရီလောက်ကတည်းက ရောက်တာ၊ လက်မှတ်ကတော့ရပြီ၊ အခုလို လာရတယ်ဆိုတာကလည်း စားဝတ်နေရေးအခက်အခဲတွေကြောင့်ပါ” ဟု ပြောသည်။ 

ယခင်နှစ်က ဆန်တပိုင်း၊ ဆားတထုပ်၊ အကြော်ထုတ်တထုပ်နှင့် မာမားနှစ်ထုတ်ခန့်ရပြီး ယခုနှစ် တွင်မူ လက်မှတ်တန်းစီရသည့်အပြင် မည်သည့်အစားအသောက်ပစ္စည်းများရရှိမည်ကို မသိရ သေးကြောင်း၊ ဆန်ဈေးမှာလည်း တပိုင်းလျှင် (၂၂၀) ဘတ်ဖြင့် ဝယ်စားနေရပြီး မြန်မာငွေနှင့် တွက်ကြည့်လျှင် (၈,၀၀၀) ခန့်ပေးရသည်ဟု ၎င်းကဆက်လက်ပြောသည်။ 

အဆိုပါ ဆန်ပေးဝေရာတွင် လာရောက်ယူသည့် မြန်မာနိုင်ငံ၊ မြဝတီဘက်ကမ်းမှ အမျိုးသမီး တဦးက “အရင်နှစ်တွေက မလာခဲ့ဖူးဘူး၊ ရောက်တာက မနေ့ကရောက်နေတာ၊ ရက်မှားသွား တာ၊ ဆန်က ဒီနေ့မှဝေတာ၊ ဆန်ဝေမယ်ဆိုတဲ့ သတင်းတော့ကြားထားတာပေါ့လေ၊ အခုရတဲ့ ဆန်တွေကလည်းစားဖို့ပါ၊ ပြန်မရောင်းပါဘူး၊ မြဝတီမှာလည်း ဆန်းဈေးတွေက တက်တယ်လေ၊ အဲဒါကြောင့် ဒီလိုလာတန်းစီယူနေရတာ” ဟု ပြောသည်။ 

ထို့အပြင် ဈေးသည်အမျိုးသမီးတဦးက “ဈေးကတော့ ရောင်းကောင်းတယ်၊ ဒီနှစ်က လူလည်း ပိုလာတယ်လေ၊ လူတွေလည်း စားဝတ်နေရေးတွေပိုကြပ်တည်းလာတော့ တနပ်စာရလည်း မနည်းဘူးဆိုပြီးလာကြတာများတယ်” ဟု ပြောသည်။ 

ယခုကဲ့သို့ ဆန်နှင့် အစားအသောက်များ ပေးဝေရခြင်းကို ထိုင်းနိုင်ငံသား တရုတ်လူမျိုး အလှူရှင်များက လှူဒါန်းခြင်းဖြစ်ပြီး ဆန်နှင့်အခြားစားသောက်ကုန်ပစ္စည်းများအပြင် မလုံ လောက်ပါက လူတဦးလျှင် ဘက် (၅၀) နှုန်းပေးမည်ဟု ဆိုသည်။ 

မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း စိုက်ပျိုးမြေဧက ဟက်တာ (၁.၃) သန်း ရှိရာ (၁၆) ရာခိုင်နှုန်းခန့်မှာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားသဖြင့် ဆန်ရှားပါးမှုနှင့် ကုန်ဈေး နှုန်းများ အဆမတန်မြင့်တက်နေသည့်အတွက် ပြည်သူလူထုမှာ စားဝတ်နေရေးအခက်အခဲများ ပိုမိုဆိုးရွားလာလျှက်ရှိသည်။

 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com