Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးအခြေအနေဆိုးဝါးနေ 

ရိုးမ ၃။ သြဂုတ် ၂၆၊ ၂၀၀၈ 

မြစ်ကြီနားထောင်၊ မော်လမြိုင်ထောင်နှင့် အင်းစိန်အကျဉ်းထောင်တို့တွင် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအသက်အန္တရာယ်စိုးရိမ်နေရသည်ဟု ယနေ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း(မြန်မာနိုင်ငံ) AAPP မှ သတင်းထုတ်ပြန်သည်။ 

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖမ်းဆီးခံခဲ့ရသည့် မြစ်ကြီးနားမြို့နယ် (NLD) ပါတီ အတွင်းရေးမှူး ဦးနေဝင်း အသက် (၆၀) မှာ သွေးတိုး၊ နှလုံးရောဂါများခံစားနေရကာ မတ်တပ် မရပ်နိုင်သည့် အခြေအနေဖြစ်နေပြီး မော်လမြိုင်အကျဉ်းထောင်ရှိ ကိုကျော်မျိုးမင်းမှာ အောက်ပိုင်းသေသည့်ဝေဒနာ ခံစားနေရသော်လည်း အာဏာပိုင်များက ဆေးဝါးကုသပေးမှု မရှိကြောင်း ဖော်ပြထားသည်။ 

ပြီးခဲ့သည့် အပတ်ကလည်း ၈၈ မျိုးဆက်ကျောင်းသား ကိုအောင်သူအား ထောင်အာဏာပိုင် များက ရောဂါနှင့်မသက်ဆိုင်သော ရွာသာကြီးစိတ္တဇဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းကြောင့် ကိုအောင်သူအနေဖြင့် များစွာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပြီး ဦးနှောက်နှင့် အာရုံကြောဆေးရုံ ဆရာဝန်ကြီးမှလည်း “နိုင်ငံရေးသမားဆိုလျှင် ကုမပေးနိုင်ကြောင်း မိုက်မိုက်ရိုင်းရိုင်း ပြောဆို ဆက်ဆံခြင်းကို ခံခဲ့ရသည်ဟု AAPP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ (AAPP) အတွင်းရေးမှူး ကိုတိတ်နိုင်က “ အကျဉ်းသားတွေအတွက် ထောင်အသီးသီးမှာ ဆေးဝါးနဲ့ ဆရာဝန် လုံလောက် မှုမရှိပါဘူး၊ ရှိအောင်လည်း အကျဉ်းထောင်နဲ့ အာဏာပိုင်တွေက ကြိုးစားလုပ်ဆောင်နေတာ မတွေ့ရပါဘူး၊ ဒါ အင်မတန်ညင်သာတဲ့ နည်းနဲ့ လူသတ်တာဖြစ်တယ်”ဟု ပြောဆိုသည်။  

ယနေ့ထုတ်ပြန်သည့် ကျန်းမာရေးဆိုးဝါးနေသော နိုင်ငံရေးအကျဉ်းသားများတွင် ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ သတင်းစာဆရာကြီး ဦးဝင်းတင် အပါအဝင် (NLD)ပါတီဝင်များ၊ အရှင်ဂမ္ဘီရအပါအဝင် သံဃာ့တပ်ပေါင်းစု မှသံဃာတော်များ၊ မစုစုနွေးအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များအပါအဝင် နိုင်ငံ ရေးအကျဉ်းသား (၃၉) ဦး၏ အမည်စာရင်းကို နောက်ဆက်တွဲ ထုတ်ပြန်ခဲ့သည်။ 

မကြာမှီကလာရောက်ခဲ့သည့် ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ်၏ ပြောကြားချက်နှင့် ပတ်သက်၍ ကိုတိတ်နိုင်က “အထူးကိုယ်စားလှယ်က သူတွေ့ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အကျဉ်းထောင်တွင်းနေထိုင်ရတဲ့ အခြေအနေက မဆိုးရွားလှပါဘူးလို့ ပြောပေမဲ့ တကယ့် လက်တွေ့အခြေအနေနဲ့ အတော်ကို ကွာဟနေပါတယ်”ဟု ဆက်လက်ပြောဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com