Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ပခုက္ကူသံဃာတော်များက အာဏာပိုင်များ၏ လှူဒါန်းသည့်ပစ္စည်းမျာကို လက်မခံပဲ လမ်းပေါ်တွင်ပစ်ချထား 

ဗထူး။ သြဂုတ် ၂၉၊ ၂၀၀၈

မကွေးတိုင်း၊ ပခုက္ကူစာသင်တိုက်(၃)တိုက်မှ သံဃာတော်များက အာဏာပိုင်များလှူဒါန်းသည့် ပစ္စည်းများကိုလက်မခံပဲ လမ်းပေါ်တွင် ပစ်ချထားကြောင်း ပခုက္ကူမြို့ခံတဦးက ပြောသည်။ 

စာသင်တိုက်(၃)တိုက်သို့ လွန်ခဲ့သည့်လေးရက်ခန့်က အာဏာပိုင်များက ဆန်၊ဆီ အစရှိသည့် ပစ္စည်းများကို လာရောက်လှူဒါန်းရာ သံဃာတော်များက အဆိုပါပစ္စည်းများကို လမ်းမပေါ်သို့ ပြန်လည်ရွေ့ပြောင်းထားခဲ့သည်။ 

“အလယ်တိုက်ကဆို အဝင်ကတည်းက လုံးဝလက်မခံလိုက်တာ၊ အရှေ့တိုက်နဲ့ အနောက်တိုက် တို့ကတော့ လက်ခံပြီးမှ ပစ္စည်းတွေကို လမ်းပေါ်အကုန်ပစ်ထားလိုက်တာ”ဟု မျက်မြင် ပခုက္ကူမြို့ခံတဦးက ပြောသည်။ 

ယင်းကဲ့သို့ သံဃာတော်များက အလှူပစ္စည်းများကို လက်မခံခဲ့သည့်နောက်ပိုင်း ပခုက္ကူမြို့ပေါ်ရှိ အဆိုပါစာသင်တိုက်အနီးရှိ မီးကင်းတဲများတွင် နေ့ညမပြတ် ရဲဝတ်စုံနှင့်အရပ်ဝတ်များ ဝတ်ဆင် ထားသည့် လုံခြုံရေးများ တိုးမြှင့်ချထားလာသည်ကိုတွေ့ရကြောင်း ၄င်းကဆက်လက် ပြော သည်။ 

နေ့ရောညပါ မီးသတ်ကင်းတဲများတွင်လုံခြုံရေးချထားပြီး ည ၁၀ နာရီကျော်ခန့်မှစ၍ အယောက်(၂၀) ဦးထက်ပိုသည့် ရဲအပါအဝင်လုံခြုံရေးများက ကားများဖြင့် ယနေ့အထိ ကင်းလှည့် စောင့်ကြည့်မှုများရှိနေခဲ့သည်။ 

“ပစ္စည်းတွေလက်မခံတဲ့ကိစ္စနဲ့ ပတ်သက်လိမ့်မယ်ထင်တယ်၊ အနောက်တိုက် အနောက်နားမှာ အတုလမုနိဘုရား မှာကင်းတဲ တခုရှိတယ်၊ အဲ့ဒီမှာလည်းစောင့်တယ်၊ ဘုန်းကြီးတွေက ဂွနဲ့ ဆွဲထုတော့ အဲ့ဒီကနေပြေးပြီး အခု(၁၂) ရပ်ကွက်က ခန်တော ကင်းတဲဘက်မှာ လုံခြုံရေး ချထားတာ” ဟု ပခုက္ကူမြို့ခံက ပြောသည်။ 

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် ပခုက္ကူသံဃာတော်များက ငြိမ်းချမ်းစွာမေတ္တာပို့ လမ်းလျှောက်ကြွချီခဲ့ရာ ပခုက္ကူအခြေစိုက်တပ်ရင်းမှ ဗိုလ်မှူးမျိုးသန့်ဇင် ၊ မြို့နယ်ကြံ့ဖွံ့ စည်းရုံးရေးမှူး ဦးအေးမြင့်ဦးဆောင်အဖွဲ့တို့က အကြမ်းဖက်နှိမ်နင်းခဲ့ပြီး  အနောက်တိုက်မှ အရှင်ပညာစက္ကနှင့် အရှင်ပညာနန္ဒတို့ ဓါတ်တိုင်တွင်ကြိုးဖြင့် တုတ်နှောင် ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ 

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုကြီးမှ ပခုက္ကူသံဃာတော်များအပေါ် အကြမ်းဖက်ခဲ့သည့်ကိစ္စ ဝန်ချတောင်းပန်ရန်နှင့် အချက်(၄) ချက်ပါသည့် တောင်းဆိုမှုကို စစ်အစိုးရအား ရက်သတ်မှတ်တောင်းဆိုပြီးနောက်ပိုင်း နိုင်ငံအနှံ့သံဃာထု၏ မေတ္တာပို့ လမ်းလျှောက်ကြွချီ ဆန္ဒပြလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့သည်။ 

ယမန်နေ့တွင် ပခုက္ကူခရိုင်ရုံးသို့  မြိုင်၊ ကံမ္မ၊ ပေါက်၊ ရေပြာမြို့တို့မှ မြို့နယ်အာဏာပိုင်များကို ဆင့်ခေါ်၍ ခရိုင်ဥက္ကဌ မှ ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ စစ်တပ်၊ ရဲနှင့် အဓိကရုဏ်းနှိမ်နင်းရေးကားများ၊ သံဆူးကြိုးများပါ တွေ့မြင်နေရသည်ဟု ယနေ့ပခုက္ကူမြို့ခံက ဆက်လက်ပြောဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com