Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

အမေရိကန်သမ္မတကတော် မယ်တော်ဆေးခန်းသို့ရောက်ရှိ 

ရိုးမ ၃။ သြဂုတ် ၂၀၀၈

အမေရိကန်သမ္မတကတော် မစ္စလော်ရာဘုရှ်သည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းသို့ ရောက်ရှိကာ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။ 

နံနက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံးဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းသို့ သွားရောက်ခဲ့ပြီးနောက် နေ့လည် (၁၂) နာရီခွဲခန့်တွင် မယ်တော်ဆေးခန်းသို့ရောက်ရှိလာပြီး ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်သမားအရေးဆောင်ရွက်သူများနှင့် တွေ့ဆုံခဲ့သည်။ 

ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း (BMA)၊ မြန်မာအလုပ်သမားများ ပညာရေးကော်မတီ (BMWEC)၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB) မှ တာဝန်ရှိသူများ က ထိုင်း-မြန်မာနယ်စပ်ရှိ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်သမားအရေးအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။ 

ထိုင်းနိုင်ငံရောက် ကလေးငယ်များ တရားဝင်ပညာသင်ကြားနိုင်ရေးနှင့် နိုင်ငံတကာတက္ကသိုလ် များသို့ တက်ရောက်ပညာဆည်းပူးနိုင်ရေးအပြင် မြန်မာအလုပ်သမားများ၏ ကျန်းမာရေး၊ ပညာ ရေးဆိုင်ရာများကို သမ္မတကတော် လော်ရာဘုရှ်ထံ တင်ပြခဲ့ကြသည်။ 

လော်ရာဘုရှ်က “မြန်မာပြည်ကနေ မျက်စိခွဲစိတ်ဖို့လာရတယ်ဆိုတော့ မြန်မာပြည်ရဲ့ ကျန်းမာ ရေးအခြေအနေတွေ ကြပ်တည်းနေတာတွေ့ရတယ်၊ ၈၈ ခုနှစ်ကနေစပြီး နယ်စပ်ဒေသမှာရှိတဲ့ ကျန်းမာရေး၊ ပညာရေးအခက်အခဲတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုဆိုးရွားလာနေတာကို တွေ့ရတဲ့အတွက် စစ်အစိုးရကို အမေရိကန်အနေနဲ့ ပိုပြီးဖိအားပေးသွားမယ်” ဟု ပြောဆိုခဲ့ သည်။ 

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကိုရရှိမှသာ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး မြန်မာနိုင်ငံအခြေအနေမှာ တစုံလုံးဆိုင်ရာ ပြောင်းလဲမှုဖြစ် ရန် လိုအပ်ကြောင်းနှင့် လူသားချင်းဆိုင်ရာထောက်ပံ့မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဟု သူမက ဆက်လက်ပြောဆိုသည်။ 

ထိုနောက် တက်ရောက်လာသည့်တာဝန်ရှိသူများက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက် ပြောင်းလဲရေး အတွက် ပူးပေါင်းလုပ်ဆောင်နေကြသည့် လူမှုအဖွဲ့အစည်းများ၏ ပိုမိုတိုးမြှင့်ပေးနိုင်ရန် သမ္မကတော်အား တင်ပြဆွေးနွေးကြသည်။ 

“အထူးသဖြင့် ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ အလုပ်သမားတွေနဲ့ ကလေးငယ်တွေ အာမခံ ချက်ကို ပိုကောင်းလာအောင် ထိုင်းနိုင်ငံအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်၊ လက်ရှိ အခြေ အနေတွေကို သိရတဲ့အတွက် ဒီထက်ပိုကြိုးစားပြီးတော့ လိုအပ်တဲ့ အကူအညီတွေကို ကျယ်ပြန့် အောင် ဆွေးနွေးပေးမယ်၊ အကောင်းဆုံးဖြစ်အောင် ကူညီပေးမယ်” ဟု မစ္စလော်ရာဘုရှ်က ပြောဆိုခဲ့သည်။ 

အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီမှ ဆရာမဖောလ်ရေက “သူ့မအနေနဲ့ မြန်မာပြည်ကို မသွားနိုင်ပေမဲ့ နယ်စပ်ရောက်နေတဲ့ မြန်မာ ပြည်သားတွေကို တွေ့ဖို့လာရောက်တဲ့အတွက် ဝမ်းသာမိပါတယ်၊ နောက်ထပ်မျှော်လင့်တာက တော့ ကလေးတွေ နိုင်ငံတကာမှာ ဆုံးခန်းတိုင် ပညာသင်ကြားနိုင်ခွင့်တွေ ရလာလိမ့်မယ်” ဟု ပြောဆိုခဲ့သည်။ 

မစ္စလောရာဘုရှ်သည် ယနေ့ညနေပိုင်းတွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ ပြန်လည် ထွက်ခွာသွားပြီဖြစ်ပြီး သူမခင်ပွန်းဖြစ်သူ အမေရိကန်သမ္မတ ဂျော့ဒဗလျူ ဘုရှ်အနေဖြင့်လည်း မြန်မာနိုင်ငံရေးအတိုက်အခံခေါင်းဆောင်များနှင့် နေ့လည်စာ စားသုံးရင်း မြန်မာအရေး ဆွေးနွေးကာ မြန်မာပြည်သူများအား သတင်းစကား တိုကိုက်ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် ပြောဆိုခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com