Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

နိုင်ငံရေးအကျဉ်းသားတဦး ကျောက်တုံးပိ၍ ဆေးရုံတင်ထားရ

ဖြိုးကြီး။ သြဂုတ် ၇၊ ၂၀၀၈ 

ဇူလိုင်လအတွင်းက ရဲဘက်စခန်းသို့ပို့လိုက်သည့် နိုင်ငံရေးအကျဉ်းသားတဦး ကျောက်တုံးပိ၍ အရေးပေါ် ဆေးရုံတင်လိုက်ရသည်။ 

နိုင်ငံရေးအကျဉ်းသား ကိုနေလင်းစိုး (ခ) နေလင်းဦးသည် လွန်ခဲ့သည့်သုံးရက်ခန့်က တောင်စွန်းရဲဘက်စခန်းတွင် ကျောက်တုံးပိခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) (AAPP) က ယနေ့နေ့စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။

ကိုနေလင်းစိုးအပါအဝင် ကျောင်းသားလူငယ် ၁၀ ဦးတို့အား စစ်အစိုးရအာဏာပိုင်များက ဇူလိုင်လအတွင်း ထောင်ဒဏ် ၂ နှစ်စီချမှတ်ကာ ရဲဘက်စခန်းများသို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

၎င်းတိုးအား စစ်အစိုးရအာဏာပိုင်တို့က အမှတ် (၆) ရဲဘက်စခန်း(ကျိုက်မရော)၊ အမှတ် (၇) ရဲဘက်စခန်း(ဘားအံ)၊ ရင်းငြိမ်(ကျောက်စခန်း)၊ ဇင်းကျိုက်(ကျောက်စခန်း)၊ တောင်စွန်း(ရဲဘက်စခန်း)များသို့ အသီးသီးပို့ဆောင်ခဲ့သည်။    

တောင်စွန်းရဲဘက်စခန်းသည် ကျောက်တောင်များကို မိုင်းများခွဲခြင်း၊ ရထားလမ်းခင်းရန် ကျောက်ထုခြင်းများ ခိုင်းစေနေသဖြင့် အကျဉ်းသားများမှာ ပင်ပန်းသည့်အတွက် လစဉ် သေဆုံး မှုများခြင်း၊ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုများကြောင့် နာမည်ကြီးကြောင်း AAPP သတင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

၁၉၉၀ ခုနှစ်၊ အောက်တိုဘာလက ပတ္တနိက္ကုဇ္ဈနကံဆောင်ခဲ့သည့် သံဃာတော်များအား စစ်အစိုးရက ရဲဘက်စခန်းများသို့ ပို့ဆောင်ခဲ့ရာ အလုပ်ကြမ်းခိုင်းစေခဲ့သည့်ဒဏ်ကြောင့် သံဃာ တော် (၁၉) ပါး ပျံလွန်တော်မူခဲ့သည်ဟု ပြီးခဲ့သည့်လက AAPP သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ကိုနေလင်းစိုးနှင့်အတူ အခြားရဲဘက်စခန်းများသို့ ပို့ဆောင်ခြင်းခံရသူများသည် ၂၀၀၇ခု နှစ်၊ စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် သံဃာနှင့်ပြည်သူဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့်အတွက် စစ်အစိုးရအာဏာပိုင်များက ဖမ်းဆီးထောင်ချကာ  ယခုကဲ့သို့ ရဲဘက်စခန်းများသို့ ပို့ဆောင်ခံခဲ့ ရခြင်း ဖြစ်သည်။ 

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com