Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဓမ္မနဲ့ အဓမ္မတိုက်ပွဲမပြီးသေးဟု အရှင်ဂမ္ဘီရမိန့် 

ရိုးမ ၃။ သြဂုတ်၊ ၂၀၊ ၂၀၀၈

စက်တင်ဘာသံဃာလှုပ်ရှားမှု ဦးဆောင်သံဃာတပါးဖြစ်သူ အရှင်ဂမ္ဘီရအား ယနေ့ ဒုတိယနေ့အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ရာ ဓမ္မနှင့်အဓမ္မတိုက်ပွဲမပြီးဆုံးသေးဟု ပြောဆိုလိုက်သည်။ 

ပုဒ်မ (၁၀) ခုဖြင့် အရှင်ဂမ္ဘီရအား တရားစွဲဆိုထားပြီး စစ်အစိုးရက ယနေ့ ရန်ကုန်အနောက်ပိုင်း ခရိုင်တရရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ မိသားစုဝင်များ တွေ့ဆုံခွင့်ရခဲ့သည်။

“ဒီနေ့တနာရီလောက်မှာ ရုံးထုတ်တယ်၊ မိသားစုက မနက် (၈) နာရီလောက်ကတည်းက သွား စောင့်နေတာပါ၊ ဒီနေ့တော့ သူ့တပါးတည်းကို ရုံးထုတ်တာပါ၊ အီလစ်ထရောနစ်အမှုနဲ့ စစ်တာ၊ နောက်လ (၃) ရက်နေ့ကို ရုံးထပ်ချိန်းလိုက်တယ်”ဟု အစ်မဖြစ်သူ မခင်သူဌေးက ပြောသည်။ 

ပထမတွင် မိသားစုကတွေ့ခွင့်တောင်းသည်ကို ရဲသတင်းအထူးတပ်ဖွဲ့(SB) တာဝန်ရှိသူက ပိတ်ပင်သည့်အတွက် အရှင်ဂမ္ဘီရနှင့် အချေအတင်စကားများပြီးမှ နောက်ဆုံးတွင် တွေ့ခွင့်ပေး ခဲ့ပြီး အရှင်ဂမ္ဘီရအား (၄၅) မိနစ်ကြာစစ်ဆေးခဲ့သည်ဟု  ၎င်းက ဆက်လက်ပြောသည်။ 

ပြီးခဲ့သည့် သောကြာနေ့က ၈၈ မျိုးဆက်ကျောင်းသား ကိုအောင်သူအား ထောင်အာဏာပိုင်များ က လူမှားသည်ဟုဆိုကာ ရွာသာကြီးရှိ စိတ္တဆေးရုံသို့ပို့ဆောင်ခဲ့သည်ဟု သတင်းများထွက်ပေါ် ခဲ့ရာ မခင်သူဌေးက “ကိုအောင်သူ သီးသန့်ခန်းကို ပြန်ရောက်လာတယ်၊ သူ့အမျိုးသမီးနဲ့ တွေ့ တယ်၊ ဟိုရောက်တော့ ဆရာဝန်ကဆေးစစ်တယ်၊ ထိုင်ထလုပ်ခိုင်းပြီး မင်းကလူကောင်းပဲလို့ ပြောတယ်၊ ကိုအောင်သူက ဒီမှာမအိပ်ရဲဘူးလို့ပြောတော့ ဆရာဝန်က ပြန်ပို့လိုက်လို့ ပြန်ရောက် နေပြီလို့ သိရတယ်”ဟု ပြောသည်။ 

ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် အင်းစိန်ထောင်တွင် လာရောက်စဉ်က အရှင် ဂမ္ဘီရအနေဖြင့် (၁၀) မိနစ်ခန့်သာ တွေ့ခွင့်ရခဲ့ပြီး လူဝတ်လဲခံထားရသည့် သံဃာအပါး (၂၀၀) ခန့်ကိစ္စ၊ ၄င်တို့အား ရုံးမထုတ်၊ ရီမန်မယူဘဲထားသည့်ကိစ္စနှင့် ထောင်တွင်းအခြေအနေများ ကိုသာ ပြောလိုက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

ပုဒ်မ (၁၀) ခုဖြင့် တရားစွဲဆိုခံထားရသည့် အရှင်ဂမ္ဘီရက “သေခြင်းတရားအထိမျှော်လင့်ပြီး သားပါ၊ ဒါပေမဲ့ လုပ်စရာရှိတာဆက်လုပ်သွားမည်”ဟု ပြောဆိုခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com