|
ဒေါ်အောင်ဆန်းစုကြည်
ရှေ့နေနှင့်တွေဆုံခွင့်ရ
ဉာဏ်မောင်။
သြဂုတ် ၁၁၊ ၂၀၀၈
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်တွင်
သူ၏ရှေ့နေနှင့် တွေ့ခွင့်ရသည်ဟု ဆိုသည်။
ပြီးခဲ့သည့်သောကြာနေ့က ၎င်း၏ရှေ့နေ ဦးကြည်ဝင်းနှင့် (၂) နာရီခန့်
တွေ့ဆုံခွင့်ရရှိခဲ့ခြင်း ဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ
ဦးဉာဏ်ဝင်းက ယမန့်နေ့က ပြောဆိုသည်။
“၂၀၀၄
ခုနှစ်ကတည်းကစလို့ ဒါဟာ ပထမဆုံး သူ့ရှေ့နေနဲ့ တွေ့ခွင့်ရတာဖြစ်တယ်၊
လူ့အခွင့် အရေးကိုယ်စားလှယ် ပြန်သွားပြီး နောက်နေ့မှာတွေ့ရတာ”ဟု
ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေဦးကြည်ဝင်းတို့
ဆွေးနွေးချက်အသေးစိတ်ကိုမူ မသိရှိရ ကြောင်းနှင့် NLD အနေဖြင့် ၎င်းအား
နေအိမ်အကျယ်ချုပ်သတ်တမ်း တိုးလိုက်သည်ကိုလည်း ဆန့်ကျင်ကြောင်း
ဦးဉာဏ်ဝင်းက ပြောသည်။
စစ်အစိုးရအာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အား ၁၉၈၉ ခုနှစ်ကတည်းက
ဖမ်းဆီး ချုပ်နှောင်မှုများ ပြုလုပ်ခဲ့ပြီး ၎င်း၏မိသားစုဆရာဝန်
ဒေါက်တာတင်မျိုးဝင်းမှအပ မည်သူနှင့်မျှ တွေ့ဆုံခွင့်မရခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် (၅) နှစ်သက်တမ်းပြည့်သော်လည်း
ပြီးခဲ့ သည့် မေလအတွင်း တစ်နှစ်ထပ်မံတိုးလိုက်သည့်အတွက် ကုလသမဂ္ဂအပါအဝင်
အနောက်နိုင်ငံ အများစုက ပြစ်တင်ဝေဖန်လျှက်ရှိသည်။
လက်ရှိမြန်မာနိုင်ငံတွင် ပြဌာန်းထားသော ဥပဒေအရ မြန်မာနိုင်ငံသားတဦးကို
နေအိမ်အကျယ် ချုပ်ဖြင့် တဆက်တည်း (၅)နှစ်ထိသာ
ချုပ်နှောင်ထားခွင့်ရှိသည်ဟု NLD မှ တင်ပြထားသော် လည်း အာဏာပိုင်များက
ယခုအချိန်ထိ အကြောင်းပြန်ခြင်းမရှိသေးပေ။
ကြာသပတေးနေ့က မြန်မာနိုင်ငံမှထွက်ခွာသွားသည့် လူ့အခွင့်အရေးဆိုင်ရာ
အထူးကိုယ်စား လှယ် မစ္စတာ ကွင်တာနာက မြန်မာစစ်အာဏာပိုင်များသည်
တနိုင်ငံလုံး လူ့အခွင့်အရေး ချိုးဖေါက်မှုနှင့် ပတ်သက်၍
စုံစမ်းစစ်ဆေးခွင့်ကို သဘောတူလက်ခံလိုက်သဖြင့် အကောင်း
လက္ခဏာဖြစ်ပါသည်ဟု ဆိုသည်။
လူ့အခွင့်အရေးအထူးကိုယ်စားလှယ်သစ်၏ ပထမဆုံးခရီးစဉ်အတွင်း
ဒေါ်အောင်ဆန်းစုကြည် မှအပ အခြား NLD ပါတီဝင်များနှင့်
တွေ့ဆုံခွင့်ရရှိခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်အုပ်ချုပ်မှုအောက်တွင်
ကျရောက်နေပြီး ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော NLD ပါတီသည် ၁၉၉၀
ရွေးကောက်ပွဲတွင် အနိုင်ရရှိ ခဲ့သော်လည်း ယနေ့ချိန်ထိ
အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်လျှက်ရှိသည်။
ပြီးခဲ့သည်သတင်းပတ်က ထိုင်းနိုင်ငံသို့ရောက်ရှိလာသော အမေရိကန်သမ္မ
ဘုရှ်ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွှတ်ပေးရန်
တောင်းဆိုခဲ့သေးသည်။ |