Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်မရဘဲ ကုလကိုယ်စားလှယ်ပြန်သွားရ 

ဗထူး။ သြဂုတ် ၂၅၊ ၂၀၀၈ 

ဒေါ်အောင်ဆန်းစုကြည်အားတွေ့ခွင့်ရရန် ကြိုးစားနေသည့်
မစ္စတာ ဂန်ဘာရီ၏ အဖွဲ့ဝင်နှစ်ဦး
(ဓါတ်ပုံ - မြန်မာ့အလင်း)

 

 မြန်မာ့နိုင်ငံရေး ကြားဝင်ဆောင်ရွက်နေသည့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီ သည် ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံခွင့်ငြင်းပယ်ခံမှုခံခဲ့ရပြီးနောက် ယမန်နေ့ ညနေက မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွါသွားသည်။ 

နှစ်ကြိမ်တိုင် တွေ့ခွင့်ရရန်ကြိုးစားခဲ့သော်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က လက်ခံတွေ့ဆုံရန်ငြင်းပယ်ခဲ့သဖြင့် မစ္စတာဂန်ဘာရီက ဝမ်းနည်းမိကြောင်း ပြော ကြားသည်ဟု ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။ 

မစ္စတာဂန်ဘာရီနှင့် စစ်အစိုးရ ပြောရေးဆိုခွင့်ခေါင်းဆောင် ဗိုလ်မှူးချုပ်ကျော်ဆန်းတို့၏ အပြန် အလှန် ပြောကြားချက်များကို ထိုနေ့ထုတ်သတင်းစာတွင် ဖော်ပြထားပြီး မည်သည့်အတွက် ကြောင့် ဒေါ်အောင်ဆန်းစုကြည်မှ ထွက်မတွေ့သည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ 

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေဖြင့် စစ်အစိုးရဘက်မှလိုက်လံပြောဆိုနေသည်ဆိုသည့် အတိုက်အခံများ၏ စွပ်စွဲချက်များ ပေါ်ထွက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံမှုငြင်းပယ်ခြင်းဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ 

မစ္စတာဂန်ဘာရီက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရသည်မှာ သူနှင့် စစ်အစိုးရတွင် အပြစ်မရှိကြောင်းပြောကြားပြီး ၂၀၁၀ ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းပြီးသည့်အချိန်တွင် ကုလသမဂ္ဂမှ နည်းပညာအကြံပေးရေးအတွက် ဆက်လက်ညှိနှိုင်းလိုကြောင်းပြောဆိုကာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံသို့လာရောက်ခွင့်ကို စစ်အစိုးရမှ လက်ခံစဉ်းစားပေးရန်ပြောသည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထား သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com