Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ပခုက္ကူတွင် လုံခြုံရေးများတိုးမြှင့်ကာ စားသောက်ဆိုင်များကို ကန့်သတ်မှုများပြုလုပ်

ဖြိုးကြီး။  သြဂုတ် ၂၅၊ ၂၀၀၈

ပခုက္ကူမြို့ပေါ်တွင် မိုးလင်းဖွင့်သည့် စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များအား ည (၁၀) နာရီ ခွဲအထိသာ ဖွင့်ရန် အာဏာပိုင်များက ပြောဆိုခဲ့ပြီး မြို့အနှံ့တွင် လုံခြုံရေးများ တိုးမြှင့်ချထား လျှက်ရှိသည်။ 

ယခုလ (၁၄) ရက်နေ့တွင် ပခုက္ကူ (ခယက) ဥက္ကဌက ပခုက္ကူမြို့ပေါ်ရှိ ဆိုင်ပိုင်ရှင်များကိုခေါ်ယူ ပြောဆိုခဲ့ခြင်းဖြစ်ပြီး တမြို့လုံးအနှံ့ လုံခြုံရေးများ တင်းတင်းကြပ်ကြပ်ချကာ စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု လက်ဖက်ရည်ဆိုင် ပိုင်ရှင်များနှင့် ပခုက္ကူမြို့ခံများက ပြောသည်။ 

“ပခုက္ကူ (ခယက)ဥက္ကဌကပြောတာ၊ တနိုင်ငံလုံးအနေအထားအရ အမိန့်နဲ့လုပ်တာလို့ ပြောတာ၊ ကျနော်တို့လည်း စိတ်ညစ်သွားတာပေါ့၊ ဘောလုံးပွဲတွေပြမှဆိုင်တွေဝင်ငွေရတာ၊ အဲဒါကိုတင်ပြ တဲ့အခါကြတော့ စနေ၊ တနင်္ဂနွေဆိုရင်တော့ ညလုံးပေါက်ဖွင့်ကြ၊ ကျန်တဲ့ရက်ဆို မဖွင့်ရဘူးလို့ ပြောတယ်”ဟု လက်ဖက်ရည်ဆိုင်ပိုင်ရှင်တဦးက ပြောသည်။ 

ပခုက္ကူမြို့ပေါ်ရှိ စားသောက်ဆိုင်အများစုမှာ မိုးလင်းအထိဖွင့်ကာ ဘောလုံးပွဲများပြခြင်းကြောင့် အရောင်းအဝယ်အဆင်ပြေပြီး ကျန်သည့်အချိန်များမှာ ဈေးရောင်းမကောင်းသည့်အတွက် ယခင်အတိုင်း ဆက်လက်ဖွင့်ခွင့်ပေးရန်တို့ကို ဆိုင်ရှင်များက တောင်းဆိုခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

“စက်တင်ဘာအရေးအခင်းတုန်းကလည်း အဲလိုခေါ်ပြီး ပိတ်ခိုင်းလိုက်တာဘဲ၊ (ခယက) ဥက္ကဌ ဆက်ပြောတာက ညမထွက်ရအမိန့်တော့ မထုတ်ချင်ဘူး၊ ကိုယ့်ဆိုင်ကို အေးအေးဆေးဆေးဖွင့်၊ ဘုန်းကြီးတွေလည်း ထိုင်လို့ရတယ်၊ လ္ဘက်ရည်သောက်လို့ရတယ်၊ ဘောလုံးပွဲကြည့်လို့လည်း ရတယ်၊ ပုံမှန်အတိုင်းသာနေကြဖို့ပြောတယ်” ဟု ၎င်းကဆက်လက်ပြောသည်။ 

ထို့အပြင် မြို့တွင်းနေရာအနှံ့ လုံခြုံရေးအဖွဲ့များက စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်နေသည့် အပြင် ဆိုင်ကယ်၊ ကားများဖြင့် အင်အားပြလှည့်လည်မှုများ နေ့စဉ်ပြုလုပ်နေသည်ဟု မြို့ခံ တဦးက ပြောသည်။ 

“လုံခြုံရေးတွေကတော့ တင်းတင်းကြပ်ကြပ်ကိုချထားတယ်၊ ညရောနေ့ရော လိုက်ပတ်နေတာ ဘဲ၊ သံဃာတော်တွေကိုလည်း သူတို့တော်တော်စောင့်ကြည့်နေကြတယ်၊ အဲဒီကိစ္စအပေါ်မှာ လည်း ပါတယ်၊ လမ်းဆုံလမ်းခွတွေမှာ တနေရာကို (၁၀) ယောက်လောက်ကို စောင့်နေတာ” ဟု မြို့ခံတဦးက ပြောသည်။ 

ယခုကဲ့သို့ ဒေသအာဏာပိုင်များက ပခုက္ကူမြို့ပေါ်ရှိ မိုးလင်းဖွင့်သည့်ဆိုင်များကို ပိတ်လိုက်ခြင်း နှင့် ညဘက်လုံခြုံရေးများ တင်းတင်းကြပ်ကြပ် ချထားသည့်အတွက် ညပိုင်းဆိုက်ကားသမား များနှင့် အလုပ်သမားများမှာ အခက်အခဲများကြုံတွေ့နေရသည်ဟု ဆက်လက်ပြောသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com