Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

အဖွဲ့ချုပ်ခေါင်းဆောင်များကို ထောင်ဒဏ်များချမှတ်

 ရိုးမ ၃။ သြဂုတ် ၂၉၊ ၂၀၀၈

စက်တင်ဘာရွှေဝါရောင်လှုပ်ရှားမှုမတိုင်မီ  အဖမ်းခံရသည့်ဘိုကလေးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များကို ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။ 

ဘိုကလေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်(၆)ဦးကို  ယမန်နေ့နံနက်ပိုင်းက ဖျာပုံမြို့နယ်တရားသူကြီး ဒေါ်တင်တင်စန်းဦးဆောင်သည့် တရားစီရင်ရေးအဖွဲ့က ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။ 

မြို့နယ်အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ခင်ဘို၊ အတွင်းရေးမှူးဦးခင်မောင်ချစ်၊ တွဲဘက်အတွင်းရေးမှူး ဒေါ်မိမိစိန်၊ ဘဏ္ဍာရေးမှူးဒေါ်ခင်လေး၊ မြို့နယ်စည်းအဖွဲ့ဝင် ဦးသက်ထွန်းနှင့်ဦးသိန်းထွန်းတို့ကို ပုဒ်မ(၁၄၃)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၆)လ၊ ပုဒ်မ၅၀၅(ခ)အရ ထောင်ဒဏ် (၂)နှစ်တို့ကို သီးခြားစီ ချမှတ်လိုက်သည်။ 

အာဏာပိုင်များက ၎င်းတို့အား ထောင်ဒဏ်များချမှတ်လိုက်ပြီးနောက် မည်သည့်ထောင်သို့ ပို့ဆောင်မည်ကို မသိရသေးကြောင်း မိသားစုဝင်များက ပြောသည်။ 

၎င်းမြို့နယ်အဖွဲ့ချုပ်ခေါင်းဆောင် (၆) ဦးသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် ဘိုကလေးမြို့မှ ဆန္ဒပြလှုပ်ရှားသူများနှင့်ပတ်သက်သည်ဟု စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရပြီးနောက် ယခုကဲ့သို့ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်သည်။ 

စက်တင်ဘာနှစ်ပတ်လည် နီးကပ်လာသည့်အချိန်တွင် အာဏာပိုင်များဘက်က ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများကို ထောင်ဒဏ်ချမှတ်မှုများပြုလုပ်နေပြီး နိုင်ငံရေးလှုပ်ရှားနေသူ များကိုလည်း ဆက်လက်ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com