Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကားပေါ်တွင် အသက်ရှူကြပ်၍ မြန်မာအလုပ်သမားများသေဆုံး 

ဖြိုးကြီး။ ဧပြီ ၁၀၊ ၂၀၀၈ 

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အလုပ်လုပ်ရန်အတွက် လာရောက်ကြသော မြန်မာအလုပ်သမားများ ကားပေါ်တွင် အသက်ရှူကြပ်၍ သေဆုံးခဲ့ကြသည်။ 

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်သို့ ပင်လယ်ငါးအသားတင်ယာဉ်နောက်ပိုင်းတွင်ထည့်၍ ခေါ် ဆောင်လာစဉ် မြန်မာရွှေ့ပြောင်းအလုပ်သမား(၅၄)ဦး ယနေ့နံနက်ပိုင်းတွင် အသက်ရှုကြပ်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။ 

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဖူးခက်ရဲစခန်းမှ ရဲမှူးကြီးခရက်သွန်က “ကျွန်တော်တို့ ရဲတပ်ဖွဲ့က တွေ့မြင်ရတဲ့ အချိန်မှာ မြန်မာအလုပ်သမား(၅၄)ယောက်စလုံး ကွန်တိန်နာကား နောက်ပိုင်းထဲ မှာ သေနေကြပါပြီ” ဟု ပြောသည်။  

သေဆုံးသူများထဲတွင် အမျိုးသမီး (၃၇)ဦး၊ အမျိုးသား (၁၇)ဦးဖြစ်ပြီး မည့်သည့်လုပ်ငန်းလုပ် ကိုင်ရန်အတွက် သွားကြသည်ကို သေသေချာချာမသိရသော်လည်း များသောအားဖြင့် မြန်မာ အလုပ်သမားများသည် ဖူးခက်ဒေသသို့် တရားမဝင်လာရောက်ပြီး ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ် ရေးလုပ်ငန်းနှင့် အိမ်ဖေါ်လုပ်ငန်းများတွင် လုပ်ကိုင်လေ့ရှိကြသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ 

ထရပ်ကားမောင်းလာသူမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေလျှက်ရှိပြီး ဒရိုင်ဘာက ယာဉ်နောက်ပိုင်းက အဲယားကွန်း(လေအေးစက်)ဖွင့်ရန် ပျက်ကွက်ခဲ့မှုကြောင့်ဖြစ် သည်ဟု ရဲမှူးကြီးက ပြစ်တင်ဝေဖန်ခဲ့သည်။ 

၎င်းအပြင် မနေ့ဗုဒ္ဓဟူးနေ့ညက ရနောင်းခရိုင်တွင် အသက်ရှူကြပ်မေ့မြောနေစဉ် ရဲတပ်ဖွဲ့အား အကူအညီတောင်းသည့်အတွက် မြန်မာအလုပ်သမား (၄၇)ဦးအသက်ရှင်ခဲ့ရကြောင်းနှင့် ၎င်း အနက် (၂၁)ဦးကို ဆေးရုံသို့ပို့ပေးခဲ့ရပြီး ကျန်သူများကို စစ်ဆေးမေးမြန်းရန်အတွက် ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း ရဲမှူးကြီး ခရက်သွန်ချန်သွန်ဘိုင်းက ဆက်လက်ပြောဆိုခဲ့သည်။ 

ဗုဒ္ဓဟူးနေ့ညက ကော့သောင်းဘက်ကမ်းမှ မြန်မာအလုပ်သမားများကို ငါးဖမ်းစက်လှေဖြင့် ရနောင်းခရိုင်သို့ ခေါ်ဆောင်လာပြီး ဖူးခက်သို့ ကွန်တိန်နာကားငယ်များတွင်ထည့်၍ ဆက်လက် ခေါ်ဆောင်ခြင်းဖြစ်ကြောင်း (၂)နာရီခန့် ကားစီးပြီးနောက် အလုပ်သမားများသည် အသက်ရှူ ကြပ်၍ ကားပေါ်တွင်ပြဿနာ တစုံတခုဖြစ်နေကြောင်း အချက်ပြသည့်အတွက် ဒရိုင်ဘာက ကားကိုရပ်ပြီး ထွက်ပြေးသွားသည်ဟု ရဲမှူးကြီး ခရက်သွန်က ဆိုသည်။  

ရနောင်းခရိုင်သည် ဘန်ကောက်မှ တောင်ဘက်မိုင်(၂၉၀)အကွာခန့်တွင်ရှိပြီး အဓိကကုန်သွယ် ရေးလမ်းကြောင်းဖြစ်သည့် Myanmar Victoria Point အငူမှ ဖြတ်၍လာလျှင် ရောက်ရှိသည်။ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား(၁)သန်းခန့်သည် တရားဝင်မှတ်ပုံတင်၍ လုပ်ကိုင်လျှက်ရှိကြ ပြီး အာရှတွင် အဆင်းရဲဆုံးနိုင်ငံတခုဖြစ်သော မြန်မာနိုင်ငံသားများသည် တိုင်းပြည်ဆင်းရဲသည့် အတွက် မိမိနိုင်ငံမှထွက်ပြေး၍ တရားမဝင်လာရောက် အလုပ်လုပ်နေသည့် အလုပ်သမားများမှာ တသန်းထက်ပို၍ ရှိနေကြသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org