Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အခွန်တိုးမြှင့်ကောက်ခံသဖြင့် ယာဉ်ပိုင်ရှင်များ မကျေမနပ်ဖြစ်နေ

ဖြိုးကြီး။ ဧပြီ ၂၆၊ ၂၀၀၈ 

မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနက အခွန်များ အဆမတန်ကောက်ခံနေခြင်းကြောင့် ယာဉ် ပိုင်ရှင်များက မကျေမနပ်ဖြစ်နေကြသည်။ 

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့တွင် ဆိုင်ကယ်နှင့် လိုင်းပြေးဆွဲနေသည့် ထော်လာဂျီပိုင်ရှင် များထံမှ အခွန်များကို တိုးမြှင့်ကောက်ခံနေခြင်းဖြစ်သည်။ 

ကျောင်းကုန်းမြို့နယ်မှ အင်းမ၊ ပန်းတနော်မြို့နယ်များသို့ လိုင်းပြေးဆွဲနေသော ထော်လာဂျီ များကို ယခင်က တနှစ်စာအတွက် ကျပ် ၇,၀၀၀ သာပေးရပြီး ယခုနှစ်တွင် ၂၅,၀၀၀ အထိ တိုးမြှင့်ကောက်ခံလျှက်ရှိသည်။ 

ကျောင်းကုန်းမြို့နယ်အတွင်း လိုင်းပြေးဆွဲနေသော ထော်လာဂျီအစီးရေ ၈၀ ကျော်ရှိပြီး အခြား လယ်ယာသုံးထော်လာဂျီ(ဂွန်ဒေါင်း)မှာ အစီးရေ ၁၀၀ ကျော်ရှိသည်။ 

ကျောင်းကုန်းမြို့မှ ထော်လာဂျီပိုင်ရှင်တဦးက “လယ်ယာသုံးထော်လာဂျီတွေကို  လယ်ထဲ၊ ကွင်းထဲမှာပဲ သုံးနေရပြီး စိုက်ပျိုးရေးအတွက်လိုအပ်တဲ့ မြေသြဇာ၊ ဓါတ်ဆားတွေ သယ်ဖို့  မြို့ကိုသွားရင် ယာဉ်ထိန်းရဲနဲ့  မြို့နယ်စည်ပင်ဝန်ထမ်းတွေက ငွေ တော်တော်ကို  တောင်းတယ်”ဟု ပြောသည်။

လိုင်းပြေးဆွဲနေသည့် ထော်လာဂျီမောင်းသူများကိုလည်း မြို့နယ်ကြံ့ခိုင်ရေးအသင်းက လုပ်ကိုင်နေသော မော်တော်ယာဉ်လိုင်းအဖွဲ့အစည်းသို့ မဖြစ်မနေ၀င်ရမည်ဟု ပြောဆိုနေပြီး ကျောင်းကုန်းမြို့နယ်အပြင် အိမ်မဲ၊ ပန်းတနော်၊ ကျုံပျော်မြို့နယ်များတွင်လည်း ယခုကဲ့သို့ ငွေကြေး အဆမတန်ကောက်ခံမှုများ ပြုလုပ်နေလျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com