|
စစ်အစိုးရကို အရေးယူရန်
လုံခြုံရေးကောင်စီသို့ ကြေညာချက်မူကြမ်း တင်သွင်း
ဉာဏ်မောင်။
ဧပြီ ၂၄၊၂၀၀၈
ကုလသမဂ္ဂ၏တောင်းဆိုချက်များကို လျစ်လျူရှုထားသည့် မြန်မာစစ်အစိုးရကို
လုံခြုံရေး ကောင်စီမှ ထိထိရောက်ရောက် အရေးယူရန် ကြေညာချက်မူကြမ်း
တင်သွင်းခဲ့သည်။
အမေရိကန်အစိုးရက ဦးဆောင်ကာ ဗြိတိန်၊ ပြင်သစ်နိုင်ငံအစိုးရများ၏
အကြံပြုချက်များကို ထည့်သွင်းရေးဆွဲထားသော ကြေညာချက်မူကြမ်းကို
လုံခြုံရေးကောင်စီသို့ ယမန်နေ့က အဆို တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းကြေညာချက်မူကြမ်းတွင် ၂ ပတ်တကြိမ်ပုံမှန်ပြုလုပ်သော
အစည်းအဝေးများမှ တောင်းဆို ချက်ပုံစံများ ပါဝင်ပြီး
မြန်မာစစ်အစိုးရအနေဖြင့် လုံခြုံရေးကောင်စီ၏ တောင်းဆိုချက်များနှင့်
ပတ်သက်၍ အနည်းဆုံး Section တကြိမ်တွင် လာရောက်တွေ့ဆုံ
ဖြေရှင်းပြောဆိုရန်ကို တိုက်တွန်းထားသည်။
ထို့အပြင်
ပြီးခဲ့သည့်အပတ် လုံခြုံရေးကောင်စီအစည်းအဝေးမှ မြန်မာစစ်အစိုးရအား
နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန်၊
နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန် တောင်းဆိုထား သော်လည်း
တိုးတက်မှုမရှိကြောင်းတို့ကိုပါ ဆက်လက်ဖော်ပြထားသည်။
ယခုအဆိုတင်သွင်းခဲ့သော ကြေညာချက်မူကြမ်းသည် ယခင်ကြေညာချက်များထက်
ပိုမို ပြင်းထန်ပြီး တောင်းဆိုချက်အတိုင်း လာရောက်တွေ့ဆုံမှုကို
အချိန်ကိုက် ပြုမူဆောင်ရွက်ရန်နှင့် အတိအကျလိုက်နာရန်တို့ ပါဝင်သည်။
၎င်းကြေညာချက်တွင် မေလ (၁၀) ရက်နေ့တွင်ပြုလုပ်မည့် ဆန္ဒခံယူပွဲနှင့် ၂၀၁၀
ခုနှစ် ပြုလုပ် မည့် ရွေးကောက်ပွဲအစီအစဉ်တွင် အထိန်းသိမ်းခံ
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အပါအဝင်
နိုင်ငံရေးလုပ်ကိုင်ဆောင်ရွက်နေသူများအားလုံး
ပါဝင်ခွင့်ပြုရမည်ဖြစ်ကြောင်း နှင့် စစ်အစိုးရအနေဖြင့်
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်မှန်သော
တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံး လုပ်ကိုင်ဆောင်ရွက်ရန်တို့ကို
လေးလေးနက်နက် တောင်းဆို ထားသည်။ |