Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လူမှုအကူအညီပေးနေသူတဦး ထပ်မံရိုက်နှက်ခံရ

ဖြိုးကြီး။ ဧပြီ ၄၊ ၂၀၀၈ 

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် လူမှုအထောက်အကူပြုလုပ်ငန်းများ လိုက်လံကူညီ လုပ် ပေးနေသူတဦး ယနေ့နံနက် စောစောတွင် ထပ်မံအရိုက်ခံရသည်။ 

လှိုင်သာယာမြို့နယ်၊ အမှတ် (၈)ရပ်ကွက်နေ ဦးတင်ယုကို ယနေ့နံနက် (၃)နာရီခွဲခန့်က လှိုင် သာယာမြို့နယ်၊ အမှတ် (၇)ရပ်ကွက် တံတားဖြူမှတ်တိုင်တွင် အမည်မသိသူတဦးက ရိုက်နှက်ခဲ့ ခြင်းဖြစ်သည်။ 

အရိုက်ခံရမှုကြောင့် နဖူးနှင့်မျက်လုံးအောက်နားတွင်ကွဲသွားပြီး ဒဏ်ရာပြင်းထန်သောကြောင့် ရန်ကုန်ဆေးရုံကြီးတွင် အချက် (၂၀)ချုပ်လိုက်ရကြောင်း ဦးတင်ယု၏သမီးဖြစ်သူ မသင်းသင်း ယုက ပြောသည်။  

၎င်းက “စံပြငါးဈေးမှာ ငါးသွားယူဖို့ ကားမလာသေးလို့ စောင့်နေတဲ့အချိန်မှာဖြစ်တာ။ အဲကောင် က အနားကိုတိုးတော့ အဖေကလှည့်ကြည့်တာ။ အဲဒီမှာ ရိုက်လိုက်တာ၊ ရိုက်တာကတော့ ခေါင်း ကိုရိုက်တာ။ ရိပ်ခနဲမြင်လို့ လှည့်ကြည့်လိုက်တော့ မျက်လုံးအောက်ကို ထိသွားတာ။ အဲဒီမှာ ကျမက သူခိုးသူခိုးဆိုပြီး လှမ်းအော်တော့ ဆိုင်ကယ်နဲ့ရဲက မောင်းလာပြီးတော့ သူခိုးမဟုတ်ဘူး၊ သူခိုးမဟုတ်ဘူးလို့ပြောပြီး မောင်းသွားတယ်” ဟုဆိုသည်။ 

ထို့ပြင် ဦးတင်ယုအား ရိုက်နှက်သွားသူမှာ “အင်္ကျီအ၀ါကျားလက်ရှည်နဲ့၊ အရပ်က သိပ်မပုဘူး၊ အသားညိုညိုနဲ့ ရုပ်မြင်ရင်တော့မှတ်မိတယ်၊ သမီးတို့ရပ်ကွက်ထဲကတော့ မဟုတ်ဘူး” မသင်း သင်းယုက ရှင်းပြသည်။   

အသက်က (၅၀)အရွယ် ဦးတင်ယုသည် မည့်သည့်ပါတီအဖွဲ့အစည်းဝင်မဟုတ်ပဲ နိုင်ငံရေး အကျဉ်းသားများကို ထောင်ဝင်စာတွေ့ရန်အခက်အခဲရှိပါက ကူညီပေးခြင်း၊ ရပ်ကွက်အတွင်း အာဏာပိုင်များ၏ မတရားမှုများကို အထက်အာဏာပိုင်များထံ တိုင်ကြားခြင်းများပြုလုပ်ခြင်း ကြောင့် အငြိုးအတေးထားခံရပြီး ယခုကဲ့သို့ အရိုက်ခံရခြင်းဖြစ်သည်ဟု သမီးဖြစ်သူက ပြော သည်။ 

ဦးတင်ယုအရိုက်မခံရမီ နှစ်ရက်အလိုတွင် လှိုင်သာယာ (၈)ရပ်ကွက်အပိုင် နယ်ထိန်းမင်းအောင် ဆိုသူက ၎င်း၏အိမ်ပတ်ဝန်းကျင်ကို လာရောက်ကြည့်ရှုခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ မင်းအောင်နှင့်အတူပါလာသည့် လူလေးဦးခန့်က လမ်းထိပ်တွင်စောင့်နေကာ ဦးတင်ယုအား ရိုက်နှက်ရန်ကြံစည်နေခဲ့ကြောင်း မသင်းသင်းယုက ပြောသည်။ 

ဦးတင်ယုသည် စက်တင်ဘာလူထုလှုပ်ရှားမှု မဖြစ်မီရက်ပိုင်းအလိုတွင် လှိုင်သာယာရဲစခန်းမှ ဆင့်ခေါ်ခြင်းကို ခံခဲ့ရပြီး ၎င်း၏လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေမှုကို ရပ်တန့်ရန် သတိ ပေးခံရသည့်အပြင် တလကျော်ကြာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည်။  

ပြီးခဲ့သည့် တနင်္လာနေ့တွင်လည်း လှိုင်သာယာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဌ ဦးမြင့် လှိုင် အရိုက်ခံခဲ့ရပြီး ယခုထိအမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးပေ။  

ယခုလက်ရှိတွင် စစ်အစိုးရက သက်ဆိုင်ရာမြို့နယ်များနှင့် ကျေးရွာများတွင် ရပ်ကွက်အလိုက် ကြံ့ဖွံ့၊ မီးသတ်၊ စွမ်းအားရှင်များကို အကြမ်းဖက်ရိုက်နှက်ခြင်း သင်းတန်းများပေးနေခြင်းသည် ယခုကဲ့သို့ အရိုက်ခံရမှုများနှင့် စပ်ဆက်မှုတစုံတရာရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုနေ လျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org