Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဆန္ဒခံယူပွဲမဖြစ်အောင် အကြမ်းဖက်ဖောက်ခွဲရန် အတိအလင်းကြေညာထား သည်ဟု စစ်အစိုးရစွပ်စွဲ 

ဗထူး။ ဧပြီ ၄၊ ၂၀၀၈ 

မေလတွင်ကျင်းပမည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတည်ပြုရေးဆန္ဒခံယူပွဲအား မဖြစ် မြောက်အောင် ပြည်ပရောက်အဖွဲ့အစည်းများက အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရန် အတိအလင်း ကြေညာထားသည်ဟု စစ်အစိုးရသတင်းစာက ယနေ့စွပ်စွဲရေးသားလိုက်သည်။ 

ယနေ့ စစ်အစိုးရထုတ် မြန်မာ့အလင်းသတင်းစာတွင် လေ့လာသူတဦးအမည်ဖြင့် ရေးသားထား သည့် ဆောင်းပါးအားဖော်ပြခဲ့ကာ ပြည်ပရောက်အဖွဲ့အစည်းအချို့ကို ယင်းကဲ့သို့ စွပ်စွဲခဲ့ခြင်း ဖြစ်သည်။ 

ပြည်ပနှင့်နယ်စပ်ဒေသရောက် စစ်အစိုးရဆန့်ကျင်ရေးအဖွဲ့အစည်းများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီနှင့် သံဃာတပ်ပေါင်းစုအပါအ၀င် အတိုက်အခံများက ပြည်သူများအား မဲရုံ သို့သွားရောက်၍ ကန့်ကွက်မဲဖြင့် တဖက်သတ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအား ပယ်ဖျက်ရန် တိုက်တွန်းနေချိန် ယခုကဲ့သို့စွပ်စွဲရေးသားမှုများ ဖော်ပြလာခြင်းဖြစ်သည်။ 

အဆိုပါဆောင်းပါးတွင် ယခုအချိန်တွင်လည်း NLD(LA)၊ ABSDF၊ KNPP အဖွဲ့အစည်းများက အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသမားများကို ဆန္ဒခံယူပွဲပျက်ပြားအောင်စေလွှတ်နေသည်ဟု ဖော်ပြရေးသားထားသည်။ 

စစ်အစိုးရသတင်းစာပါ စွပ်စွဲချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ဥက္ကဌ ကိုသံခဲက “အခုပြောလာတဲ့ မေလဆန္ဒခံယူပွဲဟာ အသွင် သဏ္ဍန်အရရော ဦးတည်ချက်အရပါ နှစ်ခုစလုံးကိုဆန့်ကျင်ဖို့ တနည်းအားဖြင့် နအဖလမ်းပြ မြေ ပုံရဲ့ အဆင့်အားလုံးမှာတိုက်ပွဲဝင်ဖို့ ကျနော်တို့တိုက်တွန်းခဲ့တာအမှန်ပါ၊ လမ်းပြမြေပုံတို့ ဆန္ဒခံ ယူပွဲတို့ တဖက်သတ်လုပ်ဆောင်နေမှုကသာ တတိုင်းပြည်လုံး မတည်ငြိမ်မှုနဲ့ အုံကြွပေါက်ကွဲမှု ဆီကို ဦးတည်နေတာဖြစ်တယ်။ စစ်အာဏာရှင်စနစ်ကို ပြည်သူ့ဆန္ဒမပါပဲ အဓမ္မ အသက်သွင်း နေတဲ့ နအဖကသာ အဓိကတာဝန်အရှိဆုံးဖြစ်တယ်၊ ဒါကြောင့်အခုလိုမျိုး စွပ်စွဲချက်တွေဟာ ကျနော်တို့နိုင်ငံရေး၊ တော်လှန်းရေးအဖွဲ့အစည်းတွေကို ပုံဖျက်ဖို့ ကြိုးစားနေတာသာဖြစ်တယ်” ဟုပြောဆိုသည်။ 

ယနေ့ဖော်ပြခဲ့သည့်သတင်းစာပါဆောင်းပါးတွင် ၁၉၈၉ ခုနှစ် သံလျှင်ရေနံချက်စက်ရုံဖောက်ခွဲမှု၊ ၂၀၀၅ ခုနှစ်၊ မေလ(၅) ရက်နေ့ နေရာသုံးနေရာပေါက်ကွဲမှုအပါအ၀င် ဗုံပေါက်ကွဲမှုများအားလုံး သည် ပြည်ပရောက်အတိုက်အခံအဖွဲ့အစည်းများလက်ချက်ဟု စွပ်စွဲရေးသားထားသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org