Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်တွေတွင် ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုများဖြစ်ပေါ် 

ဖြိုးကြီး။ ဧပြီ ၂၅၊ ၂၀၀၈ 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ နေရာအနှံ့တွင် လူထုဆန္ဒခံယူပွဲ ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုများ ပြုလုပ်နေလျှက်ရှိသည်။ 

ယခုလ (၂၃)ရက်နေ့ မနက်ပိုင်းတွင် စစ်တွေသဘောင်္ဆိပ်နှင့် အခြားနေရာ လေးဆယ်လောက် တွင် စက္ကူပိုစတာများဖြင့် လိုက်လံကပ်ထားခြင်းဖြစ်သည်။ 

၎င်းပိုစတာများကို စစ်တွေသင်္ဘောဆိပ်လမ်းမကြီး၊ ကုန်းတန်းလမ်း၊ မင်ဘကြီးလမ်း၊ အထက(၃)၊မီးသတ်ဂွဆုံ၊ မြို့မဂွဆုံတို့တွင် နေရာအနှံ့ လိုက်လံကပ်ထားခဲ့ပြီး အာဏာပိုင်များက နံနက် (၉)နာရီခန့်တွင် လာရောက်ဖြုတ်ယူသွားခဲ့သည်။ 

ထိုနံရံကပ်ပိုစတာများတွင် “Road Map (၇)ချက် ပြည်သူအားလုံးဖျက်၊ စစ်ဖိနပ်အောက်မှာ လွတ်မြောက်ရေး၊ ဆန့်ကျင်တိုက်ပွဲ ဒို့ဆင်နွဲ၊ ပြည်သူအားလုံးလွတ်မြောက်ဖို့ မိမိဆန္ဒ ထုတ်ဖော် စို့၊ စစ်အစိုးရကျဆုံးဖို့ ပြည်သူအားလုံး လက်တွဲစို့။ မိစ္ဆာဝါဒီ အလိုမရှိဆိုတဲ့ အချက် (၅)ချက်ကို ရေးသားထားသည်။ 

ရခိုင်ပြည်နယ်ရှိ ပြည်သူလူထုတရပ်လုံးက နအဖစစ်အစိုးရ၏ တဖက်သက်ရေးဆွဲထားသော ဖွဲ့စည်းပုံကို လုံးဝထောက်ခံမှုမရှိကြောင်း ပြသခြင်းဖြစ်သည်ဟု စစ်တွေမြို့ခံတဦးက ပြော သည်။ 

ပြီးခဲ့သည့် သင်္ကြန်ရက်အတွင်းက အပစ်မဲ့ ကျောင်းသားလူငယ်များကို ဖမ်းဆီးသွားခြင်းအပေါ် စစ်တွေမြို့ရှိ ပြည်သူလူထုတရပ်လုံးက လုံးဝကျေနပ်မှုမရှိကြောင်းကိုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။ 

ထို့အပြင် ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ယခုလ(၂၀)ရက်နေ့က ဆိုင်ကယ်စီးလူ (၅)ဦးက နေ့လည် (၁၁)နာရီခန့်တွင် တီရှပ်အဖြူရောင်ပေါ်တွင် (NO)ဟု ရေးသားထားသော အင်္ကျီများဝတ်ဆင်၍ လမ်းပေါ်တွင် လှည့်လည်၍ကာ ဖွဲ့စည်းပုံကို ကန့်ကွက်ကြ၊ ကန့်ကွက်ကြဟု အော်ဟစ်ခဲ့ကြရာ မြို့ခံလူထုက စိတ်ဝင်တစားအားပေးခဲ့သည်ဟု ဂွမြို့မှ ဒေသခံတဦးက ဆိုသည်။ 

စစ်အစိုးရက မေလ (၁၀)ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဆန္ဒခံယူပွဲ ပြုလုပ်မည်ဖြစ် ကြောင်း ကြေညာခဲ့ပြီးနောက် ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုများ နေရာအနှံ့ ဖြစ်ပေါ်နေလျှက်ရှိ ပြီး အာဏာပိုင်များဘက်ကလည်း စစ်အစိုးရ၀န်ကြီးများကိုယ်တိုင် ထောက်ခံမဲပေးရန်အတွက် နေရာအနှံ့ စည်းရုံးခြိမ်းခြောက်မှုများ ပြုလုပ်နေလျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com