|
မဲပေးမည့်သူများကို စင်္ကာပူရဲများက
စောင့်ကြည့်မှုများရှိနေ
ဉာဏ်မောင်။ ဧပြီ ၂၈၊
၂၀၀၈
စင်္ကာပူရှိ မြန်မာသံရုံးရှေ့တွင် (NO) အမှတ်အသားအင်္ကျီများ ဝတ်ဆင်ထားသည့်
မြန်မာနိုင်ငံ သားများကို စင်္ကာပူရဲများက သံရုံးအပြင်ဘက်တွင်
စောင့်ကြည့်မှုများပြုလုပ်ခဲ့သည်။
ယမန်နေ့က မြန်မာလူမျိုး ၅၀၀ ကျော်သည် (NO) အမှတ်တံဆိပ်ပါ အင်္ကျီများ
ဝတ်ဆင်ကာ မြန်မာသံရုံးရှေ့တွင် မဲပေးရန်အတွက်
စောင့်ဆိုင်းနေခဲ့ရခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရသံရုံးအရာရှိများက မဲပေးမည့်သူများကို
၎င်းတို့ဝတ်ဆင်ထားသော (NO) အမှတ်အသားပါ အနီရောင်တီရှပ်နှင့်
ကက်ဦးထုပ်များချွတ်၍ သံရုံးအတွင်းဝင်မှသာ မဲပေးခွင့် ပေးမည်ဟု
တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
ထိုကဲ့သို့ (NO) အမှတ်အသားတီရှပ်များ ဝတ်ဆင်ထားခြင်းသည်
မြန်မာနိုင်ငံတွင်း၌ ပြုလုပ်နေ သော ဆန္ဒခံယူပွဲအပေါ် မိမိတို့၏သဘောထားကို
ဖေါ်ပြနေခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံသား တဦးက ဆိုသည်။
“မြန်မာပြည်မှာကျန်ခဲ့တဲ့ ညီအကိုမောင်နှမများကို ကျွန်တော်တို့အနေနဲ့
ပြောချင်ပါတယ်။ ကျွန်တော်တို့ ပြည်ပရောက်မြန်မာတွေဟာ စစ်အစိုးရရဲ့
ဆန္ဒခံယူပွဲကို ဆန့်ကျင်နေကြတဲ့အပေါ် ကျွန်တော်တို့ကို
အားပေးစေချင်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် မေလ (၁၀) ရက်နေ့တွင်ပြုလုပ်မည့် ဆန္ဒခံယူပွဲအတွက်
စင်္ကာပူရှိ မြန်မာသံရုံး တွင် ဧပြီလ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့ ညနေအထိ
ကြိုတင်မဲများ ပေးရမည်ဖြစ်သည်။
စင်္ကာပူနိုင်ငံတွင် မြန်မာနိုင်ငံသား သုံးသောင်းခန့်ရှိပြီး အမိနိုင်ငံ
ဆင်းရဲမှုကြောင့် ပြည်ပသို့ အလုပ်သမားအဖြစ်
လာရောက်အလုပ်လုပ်ကိုင်နေကြရခြင်း ဖြစ်သည်။
ထို့အပြင် ထိုင်း၊ မလေးရှား၊ အစ္စရေးနှင့် ဂျန်ပန်နိုင်ငံရှိ
မြန်မာသံရုံးများတွင် မဲပေးမှုများ ပြုလုပ် နေလျှက်ရှိပြီး
ဂျပန်နိုင်ငံတွင် ဆန္ဒမဲပေးမည့် မြန်မာများနှင့် ဂျပန်ရဲတို့
သံရုံးရှေ့တွင် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ မြန်မာ ၁၅ ဦး ဆေးရုံသို့
ပို့ဆောင်ခဲ့ရသည်။ |