Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဘင်္ဂလားဒေ့ရှ်သို့ မြန်မာဆန် အမြောက်အများတင်ပို့မည် 

ဉာဏ်မောင်။ ဧပြီ ၂၃၊ ၂၀၀၈ 

မြန်မာနိုင်ငံမှ ဆန်တန်ချိန်အမြောက်အများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မကြာခင်ရက်ပိုင်းအတွင်း  တင်ပို့မည်ဖြစ်ကြောင်း အစိုးရအရာရှိများက ပြောသည်။ 

ဘင်္ဂလားဒေ့ရှ်တွင် ဆန်ရှားပါးမှုကြောင့် မြန်မာစစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သို့ ဆန်တန်ချိန် တစ်သိန်းတင်သွင်းရန် ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအဖွဲ့အကြံပေး ဒေါက်တာ ဖက်က်ဟရူဒင်အာမက်က တောင်းဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။ 

ဘင်္ဂလားဒေ့ရှ်တွင် ဆန်ရှားပါးမှုများဖြစ်ပွားနေပြီး ယခုနှစ်ဆန်းပိုင်းမှစတင်၍ မြန်မာနိုင်ငံမှဆန် များကို ရေကြောင်းလမ်းမှ တင်သွင်းနေခြင်းဖြစ်ရာ နှစ်နိုင်ငံအစိုးရကြား တရားဝင် သဘောတူ စာချုပ်ဖြင့် တင်ပို့နေခြင်းဖြစ်သည်။ 

ထိုကဲ့သို့ ကုန်သွယ်မှုများနှင့်ပတ်သက်၍ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတဦးက “မြန်မာနိုင်ငံက ဆန်တွေကိုတော့ အခုထိတရားဝင်ပို့နေတုန်းပဲ၊ အရင်က ဆန်ကုန်သည်တွေက တော့ အမြတ်အစွန်းနည်းလို့ နယ်စပ်လမ်းကြောင်းက ကုန်သွယ်ရေးတွေကို ရပ်ထားရတယ်” ဟု ဆိုသည်။ 

ယခုကဲ့သို့ ဘင်္ဂလားဒေ့ရှ်သို့ ဆန်များတင်ပို့နေသဖြင့် ပြည်တွင်း၌ ဆန်ဈေးများအဆမတန် မြင့် တက်သွားခဲ့ပြီး ဆန်အပြင် စားအုန်းဆီ၊ ပဲမျိုးစုံနှင့် အသားငါးများကိုပါ ဘင်္ဂလားဒေ့ရှိသို့ တင်ပို့ နေလျှက်ရှိသည်။ 

ယခုလ(၁၈) ရက်နေ့က တက်နက်ဖ်ဂိတ်မှတဆင့် ဟာဂျီယူနွတ်ကုမ္ပဏီလီမီတက် အေဂျင်စီ လိုင်စင်ဖြင့် (၅၀)ဂရမ်ဝင် ဆန်အိတ်(၁၄,၅၀၀)၊ ဧပြီလ(၁၁)ရက်နေ့က ဆန်အိတ် (၁၈,၀၀၀)၊ ဧပြီလ(၁၃)ရက်နေ့က ဆန်အိတ် (၁၃,၀၀၀)ကို စက်လှေများဖြင့် တရားဝင်တင်သွင်းခဲ့သည်။ 

ယခုကဲ့သို့ ပြည်ပသို့ဆန်တန်ချိန် အမြောက်အမြားတင်ပို့နေခြင်းကြောင့် ပြည်တွင်း၌ ဆန်ဈေး များ အဆမတန်မြင့်တက်လာချိန်တွင် ကချင်ပြည်နယ်အတွင်းရှိ မြို့များတွင် ကျပ်(၄၀,၀၀၀) ကျော် တန်ကြေးရှိသော ဆန်များကို (၁၈,၀၀၀)ကျပ်ဖြင့် လျှော့ရောင်းနေလျှက်ရှိပြီး ယင်းကဲ့သို့ ဆန်ဈေးလျှော့ရောင်းခြင်းသည် စစ်အစိုးရပြုလုပ်မည့် လူထုဆန္ဒခံယူပွဲတွင် ထောက်ခံမဲများရရှိ ရန်အတွက် မဲဆွယ်စည်းရုံးနေခြင်းသာဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org