|
အခြေခံဥပဒေဆန္ဒခံယူပွဲ
မေ(၁၀)တွင်လုပ်မည်ဟု စစ်အစိုးရကြေညာ
ဗထူး။ ဧပြီ
၁၀၊ ၂၀၀၈
စစ်အစိုးရက
တဖက်သတ်ရေးဆွဲထားသည့် အခြေခံဥပဒေ အတည်ပြုရန် ဆန္ဒခံယူပွဲကို လာမည့် မေလ
(၁၀) ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာ
လိုက်သည်။
အဖွဲ့ဝင် ၄၅
ဦးပါ ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်က ယမန်နေ့က စစ်အစိုးပိုင်
ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ
ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
စိတ်ကြိုက်ရွေးချယ်ထားသည့် ကိုယ်စားလှယ်များနှင့် ၁၄ နှစ်ကြာ
ရေးဆွဲခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်းအား
အတည်ပြုနိုင်ရေးအတွက် ပြည်သူ ဆန္ဒခံယူပွဲရက်ကို စစ်အစိုးရက ယခုကဲ့သို့
ကြေညာခဲ့ ခြင်းဖြစ်ပြီး ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိ
ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော (NLD) ပါတီ၊ အတိုက်အခံ
နိုင်ငံရေးပါတီများနှင့် တက်ကြွလှုပ်ရှားသူများက အဆိုပါဆန္ဒခံယူပွဲတွင်
ကန့်ကွက်မဲပေးကြရန် ပြည်သူသို့ တိုက်တွန်း နှိုးဆော်ထားသည်။
ပြီးခဲ့သည့်
မေလ (၂) ရက်နေ့တွင် (NLD) ပါတီက စစ်အစိုးရပြုလုပ်မည့် ဆန္ဒခံယူပွဲတွင်
တဖက် သတ် ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား
အတည်မပြုနိုင်ရေးအတွက် ပြည်သူသို့ ပန်ကြားခဲ့ရာတွင်
“လူထုလူတန်းစားအလွှာအသီးသီးမှ တိုင်းရင်းသားပြည်သူများအားလုံးနှင့်
အဖွဲ့အစည်းများက သက်ဆိုင်ရာ မဲရုံများသို့ မပျက်မကွက် သွားရောက်ကြ၍
ကန့်ကွက်မဲကို ကြက်ခြေခတ်ခြင်းဖြင့် ပြတ်ပြတ်သားသား ရဲရဲရင့်ရင့်
ပေးကြရန်” တိုက်တွန်းခဲ့သည်။
၂၀၀၇
ခုနှစ်၊ စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် သံဃာနှင့် ပြည်သူတို့၏
လှုပ်ရှားမှုအား စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက်ပိုင်း
ကုလသမဂ္ဂမှ မြန်မာ့အရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးအဖြေရှာရန်
တောင်းဆိုချက်ကို ငြင်းပယ်ကာ တိုင်းရင်းသားများ၊ ဒီမိုကရေစီ
အင်အားစုများနှင့် ပြည်သူအများစု ဆန္ဒပါဝင်ခြင်းမရှိဘဲ ရေးဆွဲထားသည့်
အခြေခံဥပဒေကို အတည်ပြုနိုင်ရေးအတွက် ဆန္ဒခံပွဲပြုလုပ်မည်ဟု
ကြေညာခဲ့သည်။
ကုလအထူးကိုယ်စားလှယ် ပြီးခဲ့သည့်မတ်လအတွင်းက
မြန်မာနိုင်ငံသို့လာရောက်စဉ်က စစ်အစိုးရပြုလုပ်မည့် ဆန္ဒခံယူပွဲတွင်
ကုလအပါအ၀င် နိုင်ငံတကာမှ ကျွမ်းကျင်သူများနှင့် နိုင်ငံတကာ
သတင်းထောက်များအား ဖိတ်ခေါ်၍ စောင့်ကြည့်လေ့လာခွင့်ပြုရန် တောင်းဆိုချက်
ကိုလည်း စစ်အစိုးရက ပယ်ချခဲ့သည်။
စစ်အစိုးရက
၎င်းတို့ရေးဆွဲထားသည့် စာမျက်နှာ (၁၉၂) မျက်နှာပါ အခြေခံဥပဒေမူကြမ်းကို
ပြည်သူအများစုလေ့လာနိုင်ရန် စောစီးစွာ တရားဝင်
ထုတ်ပြန်ခြင်းမရှိခဲ့သလို အမျိုးသား ညီလာခံအခြေခံမူများဖြင့်
ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံမူကြမ်းနှင့် ၂၀၀၈ ခုနှစ်ထုတ် အခြေခံဥပဒေ
မူကြမ်းမှာလည်း များစွာ ကွဲလွဲမှုများရှိနေသည်ဟု လေ့လာသုံးသပ်သူများက
ပြောဆိုသည်။
စစ်အစိုးရအနေဖြင့် ယခုကျင်းပမည့်
ဖွဲ့စည်းပုံအတည်ပြုရေးဆန္ဒခံယူပွဲအတွင်း မဲလိမ်ညာမှု များနှင့်
ခြိမ်းခြောက်မှုများကိုပြုလုပ်မည်ဟု အတိုက်အခံနှင့် ပြည်သူအများစုက
ယုံကြည်နေ ကြပြီး မေလ (၂) ရက်နေ့က (NLD) ပါတီက ပြည်သူများအနေဖြင့်
မဲရုံသို့သွား၍ ကန့်ကွက်မဲ ပေးရန် တိုက်တွန်းချက်နှင့်အတူ
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့်ပတ်သက်၍ အချက် (၁၇) ချက်ပါ
သိရှိထားရမည့်အချက်များနှင့် လုပ်ဆောင်ရမည့်အချက်များကို အတိအလင်း
ထုတ်ပြန်ခဲ့သည်။ |