Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အမေလူထုဒေါ်အမာ၏ ရုပ်ကလာပ်ကို ပို့ဆောင်မီးသင်္ဂြိုဟ်

ဖြိုးကြီး။ ဧပြီ ၉။ ၂၀၀၈ 

သတင်းစာဆရာ၊ စာရေးဆရာမကြီး အမေလူထုဒေါ်အမာ၏ ရုပ်ကလာပ်ကို မန္တလေး (၃၂)လမ်း ရှိ သမီးဖြစ်သူနေအိမ်မှ ကြာနီကန်သုသာန်သို့ ဒီကနေ့ မွန်းလွဲပိုင်းက ပို့ဆောင်မီးသင်္ဂြိုဟ်ခဲ့ သည်။ 

ယနေ့နံနက်ပိုင်းတွင် သံဃာတော် ၁၅ ပါးကိုပင့်ဖိတ်၍ သရဏဂုဏ်တင် ကောင်းမှုကုသိုလ်ပြုခဲ့ ပြီးနောက် အမေမာ၏ ရုပ်ကလာပ်ကို ဧည့်ပရိတ်သတ်ထောင်နှင့်ချီကာ လိုက်ပါပို့ဆောင်ခဲ့ကြ သည်။ 

အမေ့လူထုဒေါ်အမာ၏ ဈာပနကို လိုက်ပါပို့ဆောင်ခဲ့သည့် စာရေးဆရာတဦးက “ရပ်ကွက်ထဲက ပရိတ်သတ်တွေကလည်းထွက်ပြီးတော့ အားလုံးအမေကိုဂါရ၀ပြုကြပါတယ်။ လက်အုပ်ကလေး တွေချီပြီးတော့ တချို့ကဆို ကားတွေကို မျှော်ကြည့်ပြီးတော့ပေါ့၊ ကားတန်းကရှေ့မှာ ပန်းခွေ တွေတင်တဲ့ကားက ငါးစီး လောက်ရှိတယ်၊ အဲဒီပေါ်မှာ ပန်းခွေတွေ ပန်းစည်းတွေကတော့ အပြည့်နဲ့၊ အဲနောက်မှာမှ ဈာပနယာဉ်၊ ဈာပနယာဉ် နောက်မှမိသားစုကားတွေနဲ့ ရာချီတဲ့ကား တန်းကြီးပေါ့”ဟု ဈာပနမြင်ကွင်းကို ပြောသည်။ 

အမေမာ၏နောက်ဆုံးခရီးကို မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ ထင်ရှားသော စာရေးဆရာ ကြီးများ၊ လူငယ်စာရေးဆရာများ၊ စာပေအနုပညာရှင်များအပြင် မန္တလေး၊ မုံရွာမြို့များမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များက ပင်နီအင်္ကျီများဝတ်ဆင်၍ လိုက်ပါပို့ဆောင်ခဲ့ကြသည်။ 

မန္တလေးမြို့မှ ဂျာနယ်သတင်းထောက်များက အမေမာ၏ ဈာပနကို မှတ်တမ်းတင်ရိုက်ကူးခဲ့ကြ ပြီး မြို့ပေါ်ရှိ ကျောင်းတိုက်များမှ သံဃာတော်များကလည်း ဆိုင်ကယ်များဖြင့် စောင့်ရှောက် လိုက်ပါပို့ဆောင်ခဲ့ကြသည်။ 

စစ်အစိုးရအာဏာပိုင်များဘက်က အမေမာ၏ဈာပနပို့ဆောင်စဉ် လမ်းတလျှောက် ယာဉ်သွား ယာဉ်လာများ ရှင်းပေးခြင်းများပြုလုပ်ပေးခဲ့ပြီး အမေမာ၏ရုပ်ကလာပ်ကို နေ့လည် (၁၁း၃၀) နာရီခွဲခန့်တွင် မီးသင်္ဂြိုဟ်ခဲ့သည်။ 

အမေ့မာ၏ အရိုးပြာအချို့ကို ဧရာဝတီမြစ်အတွင်းသို့ မျောလိုက်မည်ဖြစ်ပြီး ကျန်ရှိသည့်အရိုးပြာ များကို ခင်ပွန်းသည် လူထုဦးလှ၏ အရိုးပြာများနှင့်အတူ အမှတ်တရပြုလုပ်ရန် အစီစဉ်ရှိ ကြောင်း မိသားစုဝင်များက ပြောသည်။ 

အသက် (၉၃)နှစ်ရှိ အမေလူထုဒေါ်အမာသည် ခေတ်အဆက်ဆက် ပြည်သူလူထုဘက်မှ ရပ် တည်၍ နှစ်ပေါင်း (၇၀)ကျော် လူထုအကျိုးပြုစာပေ၊ မြန်မာ့အနုပညာ၊ ယဉ်ကျေးမှုစာပေများ ရေးသားခဲ့သော စာရေးဆရာ၊ သတင်းစာဆရာမကြီးတဦးဖြစ်ပြီး အာဏာရှင်စစ်အစိုးရကို ရဲရဲ ၀ံ့ဝံ့တော်လှန်ခဲ့ရင်း (၇-၄-၂၀၀၈)နေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org