Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မြန်မာ့အရေးနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီတင်ရန် ကြေညာချက်အသစ် ရေးဆွဲ 

ဉာဏ်မောင်။ ဧပြီ ၉၊ ၂၀၀၈ 

အနောက်နိုင်ငံများက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ဆုံးဖြတ် ချက် ချမှတ်နိုင်ရေးအတွက် တောင်းဆိုမည့် ကြေညာချက်အသစ်တခုကို ထုတ်ပြန်မည်။ 

အမေရိကန်၊ ဗြိတိန်နှင့်ပြင်သစ်နိုင်ငံတို့က ဦးဆောင်၍ မြန်မာစစ်အစိုးရကို လုံခြုံရေးကောင်စီ တွင် ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများအားလုံး လက်ခံ သဘောတူညီမှုရရှိရန်အတွက် ကြေညာချက်တခုရေးဆွဲတင်သွင်းမည် ဖြစ်သည်။ 

အနောက်နိုင်ငံကိုယ်စားလှယ်များက လုံခြုံရေးကောင်စီတွင် နိုင်ငံရေးအကျဉ်းသားများအားလုံး နှင့် ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ပြန်လွှတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါ အဝင် အတိုက်အခံခေါင်းဆောင်များနှင့် အမြန်ဆုံးတွေ့ဆုံဆွေးနွေးရန်တို့ကို ထည့်သွင်းရေးဆွဲ ထားသည်။ 

စစ်အစိုးရ၏ အခြေခံဥပဒေသစ်တွင် အထွေထွေရွေးကောက်ပွဲ၌ တားဆီးပိတ်ပင်ထားရှိမှုများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြရန်နှင့်(မေလ) ပြုလုပ်မည့်ဆန္ဒခံယူပွဲ မဲပေးမှုကို နိုင်ငံတကာမှ စောင့်ကြည့်ခွင့်နှင့် လွတ်လပ်စွာဖေါ်ပြခွင့်၊ လွတ်လပ်စွာစုရုံးခွင့်တို့အတွက် အာမခံချက်ပေးရန် တို့ကို လုံခြုံရေးကောင်စီထံ တောင်းဆိုချက်တွင် ထည့်သွင်းတောင်းဆိုမည် ဖြစ်သည်။ 

ယခုလက်ရှိ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံတခု၏ ပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက်ရာရောက်သည်ဟုဆိုသော တရုတ်နှင့်ရုရှားတို့၏ အကြောင်းပြချက်ကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စတခုအနေဖြင့် တည်ရှိနေသည်။

မြန်မာအရေးကို လုံခြုံရေးကောင်စီတွင် ထိရောက်စွာအရေးယူဆောင်ရွက်ရန် အဆိုပြုချက်ကို တရုတ်နှင့်ရုရှားနိုင်ငံတို့က ဗီတိုအာဏာသုံး၍ ကြိမ်ကြိမ်ပယ်ချခဲ့ခြင်းကြောင့် ယခုကဲ့သို့ အနောက်နိုင်ငံများက လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်ရရန်အတွက် ကြေညာချက်ထုတ်ပြန်၍ နိုင်ငံတကာစာမျက်နှာတွင် တွန်းအားများ ပိုမိုရရှိအောင်လုပ်ဆောင် ခြင်း ဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org