Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ (နအဖ)က စွမ်းအားမြှင့်အဖွဲ့ကို စွပ်စွဲ

ဖြိုးကြီး။ ဧပြီ ၂၂၊ ၂၀၀၈

ရန်ကုန်မြို့တွင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကို  နယ်စပ်ဒေသရှိ စွမ်းအားမြှင့် မြန်မာ ကျောင်းသားများအဖွဲ့က စေလွှတ်၍ ဖောက်ခွဲခိုင်းခြင်းဖြစ်သည်ဟု စစ်အစိုးရက ဆိုသည်။ 

ပြီးခဲ့သည့် ဧပြီလ (၂၀) ရက်နေ့ညတွင် ဖြစ်ပွားခဲ့သော ဗုံးနှစ်လုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ မြန်မာစစ်အစိုးရပိုင် သတင်းစာများက ယနေ့နေ့စွဲဖြင့် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။ 

၎င်းဗုံးဖောက်ခွဲသူမှာ နယ်စပ်ဒေသများတွင် ဖောက်ခွဲရေးသင်တန်းများတက်ရောက်ပြီး မြန်မာ စွမ်းအားမြှင့် ကျောင်းသားများအဖွဲ့က  အဖျက်လုက်ငန်းများလုပ်ကိုင်ရန်အတွက် ပြည်တွင်းသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ 

ထိုကဲ့သို့  ဖောက်ခွဲမှုများလုပ်ဆောင်ရန် ချဉ်းကပ်လာစဉ် လုံခြုံရေးကင်မရာများ တပ်ဆင်ထား သဖြင့် တရားခံကို မှတ်တမ်းတင်းထားနိုင်ခဲ့ကြောင်းနှင့် ၎င်း၏ပုံသဏ္ဍာန်ကို ပြည်သူများ သိရှိနိုင်ရန်ဖော်ပြထားပြီး တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့ရန် လှုံဆော်ထားကြောင်းကို ဆက်လက်ရေးသားဖော်ပြထားသည်။ 

ယခု ဗုံးပေါက်ကွဲမှုသည် လုံခြုံရေးများ တင်းတင်းကြပ်ကြပ် ချမှတ်ထားသည့်ကြားမှ ပေါက်ကွဲ ခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း စစ်အစိုးရအခြေစိုက်ရာ ပျဉ်းမနားဘူတာရုံ အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ 

ယခုလဆန်းပိုင်းက စစ်အစိုးရပိုင်သတင်းစာများတွင် မေလတွင်ကျင်းပမည့် လူထုဆန္ဒခံယူပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)အပါအ၀င် အတိုက်အခံအဖွဲ့များက အကြမ်းဖက် ဗုံးဖောက်ခွဲရန် ကြံစည်နေကြောင်း  စွပ်စွဲရေးသားမှုများရှိခဲ့သည်။ 

မြန်မာစစ်အစိုးရသည် ဗုံးပေါက်ကွဲမှုများဖြစ်ပွားတိုင်း ကေအဲန်ယူ၊ အတိုက်အခံပါတီများနှင့် အခြား လက်နက်ကိုင်တိုင်းရင်းသားများက အဖျက်လုပ်ငန်းများကို အကြမ်းဖက်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး တကြိမ်တခါမျှ တရားခံကို ဖော်ထုတ်ပြခြင်းမရှိပေ။ 

ယခုဖောက်ခွဲမှုတွင် တာဝန်သိပြည်သူအချို့၏ သတင်းပေးချက်အရ ဖောက်ခွဲရေးသမားမှာ မုန်တိုင်းဆိုသည့် အမည်ဝှက်ဖြင့် တဖက်နိုင်ငံမှ ၀င်ရောက်ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟုဆိုကာ လုံခြုံရေးကင်မရာ၏ မှတ်တမ်းရိုက်ယူထားခြင်းကို သတင်းစာတွင် ဖော်ပြထားသည်။   

အဆိုပါဗုံးပေါက်ကွဲမှုနှင့်ပါတ်သက်၍ ရန်ကုန်မြို့ခံများက လူထုဆန္ဒခံယူပွဲနီးကပ်လာချိန်တွင် လူထုကို ပိုမိုဖိနှိပ်နိုင်ရန်အတွက် မတည်ငြိမ်မှုများကို ဖန်တီးအကြောင်းပြနေခြင်းသက်သက် သာ ဖြစ်သည်ဟု ပြောဆိုနေကြသည်။ 

ယခုကဲ့သို့ စစ်အစိုးရ၏ ပြောဆိုချက်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမှ သူတို့၏ လက်ချက်ဖြစ် ကြောင်း ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org