|
ဒါယကာ၊ ဒါယိကာမများရှေ့မှ
ရပ်တည်ကာဆက်လက်တိုက်ပွဲဝင်မည် ကန့်ကွက်မဲပေးရန် သံဃာတပ်ပေါင်းစု
တိုက်တွန်း
ဗထူး။ ဧပြီ
၃၊ ၂၀၀၈

စစ်အစိုးရပြုလုပ်မည့် ဆန္ဒခံယူပွဲတွင် မြန်မာပြည်သူတရပ်လုံး
ကန့်ကွက်မဲပေးကာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို
ပြတ်ပြတ်သားသားဆန့်ကျင်ပယ်ချရန် မြန်မာနိုင်ငံလုံးဆိုင်ရာ
သံဃာတပ်ပေါင်းစုအဖွဲ့ကြီးက ယနေ့ထုတ်ပြန်တိုက်တွန်းလိုက်သည်။
စစ်အစိုးရ၏
တဖက်သတ်ရေးဆွဲခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတည်ပြုမည့်
ဆန္ဒခံ ယူပွဲနီးကပ်လာသည့်အချိန်တွင် သံဃာတပ်ပေါင်းစုအဖွဲ့ကြီး၏
ထုတ်ပြန်ကြေညာချက် ထွက်ပေါ် လာခြင်းဖြစ်သည်။
စစ်အစိုးရအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးနှင့်
အမျိုးသားရေးအကျပ်အတည်းကို ဖြေရှင်းနိုင် သည့်
သုံးပွင့်ဆိုင်ဆွေးနွေးပွဲကိုလည်းကောင်း၊ သံဃာတပ်ပေါင်းစုမှ
အစဉ်တစိုက်တောင်းဆိုခဲ့ သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်
နိုင်ငံရေးအကျဉ်းသားအားလုံး၊ ဥပဒေမဲ့ ဖမ်းဆီးထားသူ အား လုံးကို
ချွင်းချက်မရှိပြန်လွှတ်ပေးရေးကိုလည်းကောင်း၊ ကုလအတွင်းရေးမှူးချုပ်
အထူးကိုယ် စားလှယ်၏ အကြံပြုချက်တို့ကို လျစ်လှူရှုခဲ့ပြီဟု
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်အစိုးရ
တဖက်သတ်ရေးဆွဲထားသည့် ဤဖွဲ့စည်းပုံသာအတည်ဖြစ်သွားပါက ၂၀၀၇ ခုနှစ်၊
စက်တင်ဘာသံဃာနှင့် ပြည်သူလှုပ်ရှားမှုအား ဖြိုခွဲခဲ့သကဲ့သို့
ကျောင်းတိုက်များကိုစီးနင်းခြင်း၊ ချိတ်ပိတ်ခြင်း၊
သံဃာများအားရိုက်နှက်ခြင်း၊ ပစ်ခတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းနှင့်
သံဃာ တော်များ ထွက်ပြေးပုန်းရှောင်နေရသည့်အခြေအနေများထက်
ပိုမိုဆိုးဝါးပြီး သာသနာပျောက် ကွယ်ရမည့်အခြေအနေထိပင်
ကျရောက်လာတော့မည်ဟု ဆိုသည်။
ထို့ကြောင့်
မြန်မာပြည်သူတရပ်လုံးအနေဖြင့် မဲရုံများသို့သွားကာ ကန့်ကွက်မဲပေး၍
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြတ်ပြတ်သားသားဆန့်ကျင်ပယ်ချရန်
သံဃာတပ်ပေါင်းစုကြီးမှ အလေး အနက် အကြံပြုတိုက်တွန်းလိုက်သည်ဟု
ဖော်ပြသည်။
ဆက်လက်၍လည်း
စစ်အစိုးရအနေဖြင့် မဲလိမ်မှု၊ မဲခိုးမှု၊ နည်းအမျိုးမျိုးဖြင့်
ညစ်ပတ်လာပါက မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက
ဒါယကာ၊ ဒါယိကာမတို့ရှေ့မှ မားမားမတ် မတ်ရပ်ပြီး
ဒီမိုကရေစီအင်အားစုများနှင့်အတူ နည်းလမ်းပေါင်းစုံဖြင့်
ဆက်လက်တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း စာအမှတ် ၄/ ၂၀၀၈ ဖြင့်
ထုတ်ပြန်ကြေညာထားသည်။
ယမန်နေ့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီကလည်း
ပြည်သူတရပ်လုံး စစ် အစိုးရပြုလုပ်မည့်
ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုမည့် ဆန္ဒခံယူပွဲအားကန့်ကွက်မဲပေး၍
ဆန့်ကျင်တိုက်ဖျက်သွားရန် တိုက်တွန်းနိုးဆော်ခဲ့သည်။ |