Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ရန်ကုန်တွင် မဲပေးခွင့်ရှိသူ (၄)သန်းကျော်ရှိသည်ဟုဆို 

ဖြိုးကြီး။ ဧပြီ ၂၄၊ ၂၀၀၈ 

မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော် ရန်ကုန်တွင် စစ်အစိုးရပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် လူထုဆန္ဒခံယူပွဲကို အသက်ပြည့်ပြီးမဲပေးခွင့်ရှိသူ (၄)သန်းကျော်ရှိသည်ဟုဆိုသည်။ 

ရန်ကုန်တိုင်း ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်က ရန်ကုန်တိုင်းတွင် မဲရုံပေါင်း(၂၅၀၀)ကျော်ရှိပြီး မဲပေးပိုင်ခွင့်ရှိသူ (၁၀၀)မှ (၃၀၀၀)အထိကို မဲရုံတရုံနှုန်းဖြင့် လျှို့ဝှက်စွာမဲပေးနိုင်ရန် စီစဉ်ထား သည်ဟု ပြောဆိုသည်။ 

ဆန္ဒခံယူပွဲကျင်းပမည့်နေ့ မတိုင်မီ အနည်းဆုံး (၇)ရက်အလိုတွင် မဲဆန္ဒရှင်များအမည်ကို ကြေ ညာပေးမည်ဟု (၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆန္ဒခံယူပွဲ ဥပဒေ)တွင် ပြဌာန်းထားပြီး မဲပေးပိုင်ခွင့် ရှိသူများသည် တဦးလျှင် တမဲသာမဲပေးပိုင်ခွင့် ရှိသည်။ 

လူထုဆန္ဒခံယူပွဲ မဲပေးသည့်စနစ်သည် နိုင်ငံတကာမဲပေးသည့်ပုံစံများအတိုင်း လွတ်လပ်၍ တရားမျှတမှုရှိမှာဖြစ်ကြောင်းနှင့် မဲရုံများကို မနက်(၆)နာရီတွင် ဖွင့်လှစ်ပြီး ညနေ(၄)တွင် ပိတ် မည်ဟုလည်း ဆိုသည်။ 

စစ်အစိုးရက ၎င်းတို့တဖက်သက်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဆန္ဒခံယူပွဲတွင် ပြည်သူလူထုက ထောက်ခံမဲများပေးရန်အတွက် ရပ်ကွက်၊ ကျေးရွာများအထိ လိုက်လံစည်းရုံး ဟောပြောမှုများ ပြုလုပ်နေလျှက်ရှိပြီး အစိုးရပိုင်သတင်းမီဒီယာများမှလည်း နေ့စဉ်လှုံ့ဆော်နေ လျှက်ရှိသည်။ 

မေလ (၁၀)ရက်နေ့တွင် ပြုလုပ်မည့်လူထုဆန္ဒခံယူပွဲအတွက် စစ်အစိုးရ၀န်ကြီးများကိုယ်တိုင် သက်ဆိုင်ရာ နယ်မြေ၊ ဌာနများအလိုက် ၀န်ထမ်းများ၊ ဒေသခံပြည်သူများကိုထောက်ခံမဲများသာ ထည့်ရမည်ဖြစ်ကြောင်းကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက် ဖိအားပေးလုပ်ဆောင်နေလျှက်ရှိ သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org