Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ရခိုင်ပြည်နယ်တွင် ဆန္ဒခံယူပွဲကို ကန့်ကွက်သော ပိုစတာများ ပျံ့နှံ့နေ 

ဖြိုးကြီး။ ဧပြီ ၁၈၊ ၂၀၀၈ 

ရခိုင်ပြည်နယ်ရှိ မြို့များတွင် ဆန္ဒခံယူပွဲကို ကန့်ကွက်ရန် တိုက်တွန်းထားသော ပိုစတာများ နေရာအနှံ့ ပြန့်နှံ့နေလျှက်ရှိသည်။ 

ယနေ့ နံနက်ပိုင်းက တောင်ကုတ်၊ ကျောက်ဖြူ၊ မအီမြို့လမ်းများနှင့် တံတားများပေါ်တွင် နေရာ အနှံ့ လိုက်လံကပ်ထားပြီး အချို့နေရာများတွင် မှုတ်ဆေးများဖြင့် ရေးသားထားခြင်း ဖြစ်သည်။ 

တောင်ကုတ်မြို့ပေါ်ရှိ မျက်မြင်သက်သေတဦးက “ကျောက်ဖြူ-ရန်ကုန်လမ်းပေါ်မှာရှိတဲ့ လမ်း မှူးတံတား၊ ကျောက်ကြီးပေါက်တံတား၊ မအီတံတားတွေပေါ်မှာ စစ်အာဏာရှင်စနစ်ကို ပြည်သူ အားနဲ့ချေမှုန်းကြ ဆိုပြီးရေးထားတယ်၊ နောက်ပြီး NO ဆိုပြီး မဲပုံးမှာ ရေးထားတဲ့ပုံလေးတွေ လည်းပါတယ်။ အဲဆိုင်းဘုတ်လေးတွေကိုကြည့်ပြီးတော့ လူတွေက ဒါတော့ဟုတ်တယ်ဆိုပြီး    ၀မ်းသာနေကြတယ်” ဟု ပြောသည်။ 

ကန့်ကွက်မဲထည့်ရန် တိုက်တွန်းထားသည့် ပိုစတာငယ်များအား မအီမြို့မဈေး၊ လမ်းမှူး-မုံရွာ သွားကားဂိတ်နှင့် ဆားပြင်ကျေးရွာစာသင်ကျောင်းအချို့တွင်လည်း လိုက်လံကပ်ထားသည်။ 

ယင်းပိုစတာများကို မနက် (၈) နာရီနောက်ပိုင်းမှ ရဲဝန်ထမ်းများက လာရောက်သိမ်းယူသွားခဲ့ပြီး နောက် တောင်ကုတ်၊ ကျောက်ဖြူ၊ အမ်းမြို့များသို့ သွားရာ အချက်အချာကြလမ်းဆုံဖြစ်သော မအီတံတားပေါ်တွင် လုံခြုံရေးများ တင်းကြပ်စွာ ချထားသည်။ 

ထို့အပြင် စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲ မြို့များတွင် “နအဖရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ထောက်ခံသူသည် ရခိုင်အမျိုးသားသစ္စာဖောက်ဖြစ်သည်” ဟု ရေးထား သည့် စာရွက်များ လူထုလက်ထဲတွင် ပြန့်နှံ့နေပြီး ကြံ့ခိုင်ရေးအဖွဲ့ဝင်များကိုလည်း ဖြန့်ဝေနေ လျှက်ရှိသည်။ 

စစ်အစိုးရပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲနှင့်ပတ်သက်၍ ရခိုင်အမျိုးသားတဦးက “ကျနော်တို့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေကတော့ ဆန္ဒခံယူပွဲကို အားလုံးဆန့် ကျင်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဘူး၊ ဘုန်းကြီးတွေရော၊ ကျောင်းသားတွေရော အကုန်ပါပဲ” ဟုဆိုသည်။ 

စစ်တွေမြို့တွင် ယခုလ (၁၃)ရက်နေ့က ဆန္ဒခံယူပွဲနှင့်ပတ်သော သဘောထားအမြင်များကို ဖော်ထုတ်ခဲ့သည့် ကျောင်းသားလူငယ်များနှင့် NLD ပါတီဝင်အချို့ကိုလည်း အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org