|
သင်္ကြန်အတက်နေ့တွင် (NLD)လူငယ်တဦး
ရိုက်နှက်ခံရ
ဗထူး။ ဧပြီ
၁၈၊ ၂၀၀၈
ယခုလ (၁၆)
ရက်သင်္ကြန်အတက်နေ့တွင် ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှ
အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (NLD)ပါတီမှ လူငယ်အဖွဲ့ဝင်တဦးအား
အမည်မသိ လူတစုက ရိုက်နှက်ခဲ့သည်။
သင်္ကြန်အတက်နေ့ညတွင် ရေကစားမဏ္ဍပ်ပိတ်၍ အိမ်သို့အပြန်တွင်
ဒဂုံမြို့သစ်မြို့နယ် လူငယ် လုပ်ငန်းအဖွဲ့ တာဝန်ခံ(၁) ကိုသီဟန်
ရိုက်နှက်ခံခဲ့ရခြင်းဖြစ်သည်။
ည
(၇) နာရီခန့်တွင် အတူရေကစားခဲ့သူ အမျိုးသမီးသုံးဦးအား
စက်ဘီးဖြင့်လိုက်လံပို့ဆောင်စဉ် ကားတစီးပေါ်မှ လူတစုက
မြရတနာလမ်းတ၀က်အရောက်တွင် သံဒုတ်များကိုင်ဆောင်ကာ ကိုသီဟန်အား
ရိုက်နှက်ခဲ့ရာ ညာဘက်လက်ပြင်တွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။
ကားအပြာရောင်နှင့်အဖြူရောင်နှစ်စီး ၎င်းနောက်မှထပ်ကြပ်မခွာလိုက်လာပြီး
ရိုက်နှက်ပုံကို ကိုသီဟန်က “ဘင်ကားအဖြူရောင်က ပြုပြင်ဆဲ
ယာဉ်ဆိုပြီးနံပါတ်အုပ်ထားတယ်၊ အဲ့ဒီကားက ထပ်လိုက်လာပြီးတော့
လမ်းတ၀က်ကျော်ကျော်ရောက်တော့ ကားကဘေးကိုထိုးရပ်လိုက် တယ်၊
ရပ်ပြီးလူရှစ်ယောက်လောက် ဆင်းလာပြီး ရိုက်တယ်၊ လက်ပြင်သုံးချက်လောက်
အရိုက် ခံလိုက်ရတယ်၊ သံတုတ်လို့ယူဆရတယ်၊ ကျန်တဲ့လူတွေတော့ မထိလိုက်ဘူး၊
ကျနော် အိမ်တ အိမ်ထဲဝင်ပြေးရတယ်၊ စက်ဘီးရော လူရောလဲသွားတယ်၊
မိန်းခလေးတွေလည်း ဘေးက အိမ် ထဲကို ၀င်ပြေးတယ်” ဟု ပြောသည်။
အဆိုပါလူစုက
အိမ်ပေါ်ထိတက်၍ ရိုက်နှက်ရန်ကြိုးစားရာ အိမ်ရှင်မှ တခါးအားပိတ်ဆို့ပြီး
မောင်းထုတ်ခဲ့သော်လည်း ၁၅ မိနစ်ခန့်ကြာ အော်ဟစ်ကြိမ်းမောင်းပြီးနောက်မှ
ပြန်လည်ထွက် ခွာသွားကြသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အရိုက်ခံရမှုနှင့်ပတ်သက်၍ တောင်ဒဂုံမြို့နယ် ရဲစခန်းတွင် ယမန်နေ့နံနက်
(၁၀)နာရီခန့်တွင် ဒဂုံမြို့သစ်မြို့နယ် ဥက္ကဌ ဦးသောင်းမြင့်၊
မြို့နယ်အတွင်းရေးမှူး ကိုအေးနိုင်နှင့် ကိုသီဟန်တို့
အမှုသွားရောက်ဖွင့်လှစ်ခဲ့ရာ ရဲစခန်းမှူးမှ အမှုနှင့်ပတ်သက်၍
ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
(NLD)ပါတီအနေဖြင့် စစ်အစိုးရပြုလုပ်မည့်ဆန္ဒခံယူပွဲတွင်
ကန့်ကွက်မဲထည့်ရန် ပြည်သူလူထု အား တိုက်တွန်းနိုးဆော်ထားသည့်နည်းတူ
ပါတီလူငယ်အဖွဲ့ဝင်အချို့မှလည်း (NO) အမှတ် အသားပါ
တီရှပ်များကိုဝတ်ဆင်ကာ
ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုများကိုပြုလုပ်လျှက်ရှိသည်။
“ကျနော်တို့ အဲဒီနေ့က ပိုစတာတော့မကိုင်ဘူး၊ ရိုးရိုးရေကစားတယ်၊
အင်န်အယ်ဒီလူငယ်တွေဆို တာကိုတော့ အများကသိကြတယ်၊ တချို့လူငယ်တွေက
(NO) အင်္ကျီတွေ ၀တ်ကြတယ်၊ အဲ့ဒီ အင်္ကျီနဲ့ပတ်သက်လို့လည်း
ကျနော်တို့မြို့နယ်က အဖွဲ့ဝင် ကိုတင်ဝင်းကို လောလောဆယ် ၅၀၅(ခ)နဲ့
တရားစွဲခံထားရတယ်” ဟု ကိုသီဟန်က ပြောသည်။
စစ်အစိုးရအနေဖြင့် နိုင်ငံရေးပါတီဝင်များ၊
လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများအား
အကြမ်းဖက်ရိုက်နှက်ခြင်းနှင့်ပတ်သက်၍ ယခုအချိန်အထိ တစုံတရာပြော
ဆိုခြင်းမရှိပဲ တရားခံများအားလည်း ဖော်ထုတ်ပေးခြင်းမရှိချေ။
ရိုက်နှက်သူများနှင့်ပတ်သက်၍
ကိုသီဟန်က “ဟိုတလောကဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကော ပတ်ဝန်းကျင်မှာလည်း
အင်န်အယ်ဒီအသိုင်းအ၀ိုင်းကလည်း လုပ်ကြံခံရတာတွေက ခဏခဏ ကြုံတွေ့နေရတော့
စနစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတခုက လုပ်ကြံနေတယ်လို့ထင်တယ်”
ဟု ပြောဆိုခဲ့သည်။
လက်ရှိတွင်
ကိုသီဟန်မှာ ရိုက်နှက်ခံရသည့်ဒဏ်ရာကြောင့် လတ်တလောတွင် ဆေးရုံမှပေး
သည့် ဆေးစားသုံးနေပြီး မပျောက်ကင်းပါက ဓါတ်မှန်ရိုက်၍
ကုသသွားရမည်ဖြစ်သည်။ |