Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မြန်မာအရေး တိုးတက်အောင်ဆောင်ရွက်ရန် တောင်အာဖရိကနိုင်ငံကို တောင်းဆို 

ဉာဏ်မောင်။ ဧပြီ ၁၊ ၂၀၀၈ 

ကုလလုံခြုံရေးကောင်စီတွင် ယခုလမှစတင်၍ ဥက္ကဌ တာဝန်ယူမည့် တောင်အာဖရိကနိုင်ငံ အနေဖြင့် ကုလသမဂ္ဂလုပ်ပိုင်ခွင့်အာဏာကိုအသုံးပြု၍ ဆိုမာလီ၊ ဒါဖာနှင့် မြန်မာ့အရေးကိစ္စများ ကို တိုးတက်မှုရှိအောင် ဆောင်ရွက်ရန်တိုက်တွန်းလိုက်သည်။ 

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတခုအဖြစ် တာဝန်ထမ်းဆောင်နေသော တောင်အာဖရိကနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး နကိုဆာဇန ဒလာမီနီဇူးမားအား ယမန်နေ့က လူ့အခွင့်အရေးစောင့်ကြည့် ရေးအဖွဲ့က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ 

“လုံခြုံရေးကောင်စီအနေနဲ့ မကြာသေးခင်က ဒါဖာ၊ ဆိုမာလီနဲ့ မြန်မာပြည်သူတွေကို ကာကွယ် ပေးဖို့နဲ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ လူ့အခွင့်အရေးချိုးဖေါက်နေမှုတွေအားလုံးကို အဆုံး သတ်စေဖို့ နိုင်ငံတကာ ကြိုးပမ်းမှုတခုအနေဖြင့် အဓိကဦးဆောင်လုပ်ကိုင်ပေးစေချင်တယ်” ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ကက်နက်ရို့သ် (Kenneth Roth)က ဆို သည်။ 

အမှန်တကယ်တိုးတက်မှုရရန် မြန်မာစစ်အစိုးရအနေဖြင့် အရေးကြီးသည့် ပြောင်းလဲမှုများလုပ်ရ မည်ဖြစ်ပြီး ကုလ၏ အခန်းကဏ္ဍကျမသွားရန်နှင့် ကုလသမဂ္ဂကြီးကြပ်မှုအောက်တွင်ရှိနေစေ ရန် လုံခြုံရေးကောင်စီအနေဖြင့် ဖိအားပေးလုပ်ဆောင်သွားရမည်ဟုဆိုသည်။ 

ဧပြီလတွင် လုံခြုံရေးကောင်စီ၏ ဥက္ကဌဖြစ်လာမည့် တောင်အာဖရိကနိုင်ငံအနေဖြင့် ဥက္ကဌလုပ် ပိုင်ခွင့်အား အသုံးပြုကာ ဖိအားပေးလုပ်ဆောင်မည်ဆိုပါက မြန်မာနိုင်ငံတွင်း တိုးတက်မှုများ ရရှိလာမည်ကို မြင်တွေ့ရကြောင်း မစ္စတာရို့သ်က ဆိုသည်။ 

တောင်အာဖရိကနိုင်ငံအနေဖြင့် လုံခြုံရေးကောင်စီဥက္ကဌလုပ်ပိုင်ခွင့်ကို အသုံးပြု၍ မြန်မာ စစ်အစိုးရ၏ ဖိနှိပ်နေမှုများကို အဆုံးသတ်ရန်ဖိအားပေးသင့်ကြောင်းနှင့်  မြန်မာပြည်သို့ သွား ရောက်ခဲ့သော ကုလအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ထောက်ပြသည့် အခြေခံ လူ့ အခွင့်အရေးများ လေးစားလိုက်နာကျင့်သုံးရန် စစ်အစိုးရအား တိုက်တွန်းသင့်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

ဆိုမာလီတွင် လက်နက်ကိုင်အဖွဲ့အစည်းများ တိုက်ခိုက်နေမှုကြောင့် အရပ်သားပြည်သူများ နေ့စဉ်နှင့်အမျှ ထွက်ပြေးနေရပြီး လူ (၇)သိန်းကျော်သည် မြို့တော် မိုဒါဒစ်ရူးကို စွန့်၍ထွက်ပြေး ခဲ့ရသည်။ လူ့အခွင့်အရေးဆောင်ရွက်နေသော အဖွဲ့အစည်းများက ပြောင်းရွှေ့နေရသော ပြည်သူများကို ကူညီဆောင်ရွက်ရန်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။  

“ဆိုမာလီမှာ  ဖြစ်ပွားနေတဲ့ ထိပ်လန့်ကြောက်မက်ဘွယ်ကောင်းလောက်အောင် လူ့အခွင့်အရေး ချိုးဖေါက်နေမှုတွေကို လုံခြုံရေးကောင်စီက အရေးယူရန် လိုအပ်နေပြီဖြစ်ပြီး တောင်အာဖရိက ခေါင်းဆောင်တွေအနေနဲ့လည်း နှစ်ရှည်လများဒုက္ခခံစားနေရတဲ့ ဆိုမာလီပြည်သူတွေကို သူတို့ ခံစားနေရတဲ့ဒုက္ခတွေကို ပြစ်ပယ်မထားသင့်ဘူး၊ စစ်ရာဇဝတ်ကောင်တွေကို အပြစ်ပေးအရေး ယူနေမှုကို ပြည်သူတွေကို မြင်စေခြင်းဟာ သူတို့ရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးရာ ရောက်ပါတယ်” ဟု ရို့သ်က ဆက်လက်ပြောဆိုသည်။ 

ဆူဒန်နိုင်ငံ၊ ဒါဖာအနောက်ပိုင်း ထိုးစစ်များကြောင့် အရပ်သားများသေဆုံး၊ ပြောင်းရွှေ့ ထွက် ပြေးနေမှုများ ပိုမိုတိုးပွားလာနေပြီး သူပုန်အုပ်စုများ၊ သူပုန်ဟောင်းများက အရပ်သားများ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ရာ ၎င်းစစ်ပွဲနှင့်ပတ်သက်၍ မစ္စတာရို့သ်က “တောင်အာဖရိကနိုင်ငံအနေနဲ့ ဆူဒန်အစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက ဒါဖာမှာ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေနဲ့ အာဖရိကပြင်ပက တပ်ဖွဲ့တွေ တပ်ဖြန့်ကျက်ထားမှုကို အနှောက်အယှက်မပေးဖို့ တိုက်တွန်းသင့်သည်”ဟု ပြောဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org