|
ကန့်ကွက်မဲပေးရန်
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက တိုက်တွန်းပြောဆို
ရိုးမ ၃။ ဧပြီ ၂၆၊ ၂၀၀၈
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက
လူထုဆန္ဒခံယူပွဲတွင် ပြည်သူများအနေဖြင့် ကန့်ကွက်မဲများပေးကြရန်
တိုက်တွန်းလိုက်သည်။
ဗုဒ္ဓဘာသာထွန်းကားရာ မြန်မာနိုင်ငံတွင် ဘုရားသားတော် ရဟန်းများကို
သတ်ဖြတ်သည့် နအဖ စစ်အစိုးရ၏ ဆန္ဒခံယူပွဲကို ထောက်ခံခြင်းသည်
သာသနာဖျက်မည့်အပင်ကို ရေလောင်း ပေါင်း သင်ခြင်းသာ ဖြစ်ကြောင်းနှင့်
ဒကာ၊ ဒကာမများအနေဖြင့် သံဃာတော်များနှင့် ပူးပေါင်း ကာ သာသနာအတွက်
အာဏာကို ဖီဆန်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့
ဥက္ကဌ ဆရာတော်ဦးနာယက က ယနေ့ထုတ်ဖော်မိန့်ကြားလိုက်ခြင်း ဖြစ်သည်။
ဥက္ကဌ
ဆရာတော်က “ဦးဇင်းတို့သံဃာ့တပ်ပေါင်းစုအနေနဲ့ ဒကာ၊ ဒကာမတို့ကို
ပြောချင်တာက တော့ စစ်အာဏာရှင်တည်မြဲရေးအတွက်
တဖက်သတ်ရေးဆွဲထားတာဖြစ်တဲ့အတွက် ကန့်ကွက် မဲပေးကြဖို့နဲ့ နအဖကို
ထောက်ခံတဲ့ပုဂ္ဂိုလ်တွေကလည်း သာသနာ၊ ဘာသာကိုစော်ကားတဲ့ ဒေ၀ ဒတ်၊
နောက်ဘုရားပွင့်လာရင်တောင်မှ ငရဲကနေလွတ်မှာ မဟုတ်ဘူး” ဟု
မိန့်တော်မူသည်။
မေလ
(၁၀)ရက်နေ့တွင် စစ်အစိုးရတဖက်သက်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်
ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲများပေးရန်အတွက်
မြန်မာနိုင်ငံသံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက တရားပွဲများ၊ ဆွမ်းခံကြွရာ
နေအိမ်များတွင် လိုက်လံဟောပြောမှုများ ပြုနေသည်ဟု ဆရာတော် က
ဆက်လက်မိန့်တော်မူသည်။
စစ်အစိုးရ၏ လူထုဆန္ဒခံယူပွဲတွင် ထောက်ခံမဲများရရန်အတွက် စစ်အစိုးရ
ဝန်ကြီးများ ဦးဆောင် ၍ တနိုင်ငံလုံးအနှံ့ ခြိမ်းခြောက်စည်းရုံးမှုများ
ပြုလုပ်နေလျှက်ရှိပြီး (NO)အမှတ်တံဆိပ်များပါ သည့်
တီရှပ်များဝတ်ဆင်ပြီး မေလဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးရေးအတွက်
မိမိတို့ဆန္ဒကို ဖော်ထုတ်ခဲ့ကြသည့် စစ်တွေမြို့က ကျောင်းသားလူငယ် ၂၀
ကျော်ကို အာဏာပိုင်များက ဖမ်း ဆီးအရေးယူမှုများ ပြုလုပ်ခဲ့သည်။ |