Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ညွှန်ကြားချက်အတိုင်းမလုပ်သဖြင့် ရွာသားများ၏ နေအိမ်ဖျက်ပေးနေရ 

ရိုးမ ၃။ ဧပြီ ၃၀၊ ၂၀၀၈ 

မြို့နယ်ဥက္ကဌက ပုသိမ်- မုံရွာကားလမ်းဖောက်လုပ်ရာတွင် ညွှန်ကြားချက်အတိုင်း မလုပ်ဆောင် သဖြင့် ဒေသခံရွာသားများ၏ နေအိမ်များ ဖျက်စီးခံရသည်။ 

ပုသိမ်-မုံရွာ ကားလမ်းဖောက်လုပ်ရန်အတွက် ပေါက်မြို့နယ်(မယက) ဥက္ကဌနှင့်အဖွဲ့က သမား တော်အုပ်စု၊ ရေပြာ စံပြ၊ မြင်းခြံကုန်းကျေးရွာများအတွင်း ဖြတ်ဖောက်ရန် ညွှန်ကြားလိုက်သဖြင့် အိမ်(၈)လုံးဖျက်ပေးလိုက်ရခြင်း ဖြစ်သည်။ 

ထိုကဲ့သို့ အိမ်များဖျက်ပေးရခြင်းနှင့်ပတ်သက်၍ မြင်းခြံကုန်းကျေးရွာသားတဦးက “ဥက္ကဌနဲ့အဖွဲ့ က အစိုးရညွှန်ကြားထားတဲ့ မြေပုံအတိုင်းမဖောက်ပဲနဲ့ လမ်းတွေကိုသူတို့ ဖောက်ချင်သလို ဖောက်နေတယ်။ အထက်က ညွှန်ကြားထားတာက ရွာကိုပတ်ပြီးတော့ ဖောက်ဖို့လုပ်ထားတာ။ ဒါပေမဲ့ ရွာဘေးက ငွေကြေးတက်နိုင်တဲ့ အိမ်ကနေပြီးတော့ ပိုက်ဆံပေးလိုက်တဲ့အတွက်ကြောင့် သူ့အိမ်ဘက်ကနေလွတ်အောင် လမ်းကိုဖောက်လိုက်တဲ့အတွက်ကြောင့် ရွာအနောက်ဘက်ခြမ်း က အိမ်(၈)လုံး ဖျက်ပေးရတာဖြစ်တယ်” ဟုပြောသည်။ 

ရွာသားများအနေဖြင့် ကျေးရွာဖွံ့ဖြိုးမှုအတွက် အထက်ညွှန်ကြားချက်အတိုင်း အမှန်တကယ် လုပ်ဆောင်မည်ဆိုလျှင် တရွာလုံးအတိုင်းအတာဖြင့် လက်ခံမည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ငွေးကြေးတောင်းယူပြီးလုပ်ဆောင်ခြင်းသည် မတရားဥပဒေမဲ့ လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် ကျေနပ်မှုမရှိကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ 

ရွာသားများက မယကဥက္ကဌ၏ လုပ်ဆောင်မှုများကို မကျေနပ်သဖြင့် လက်မှတ်ထိုးပြီး မှတ်ပုံ တင်မိတ္တူများဖြင့် သက်ဆိုင်ရာ ခရိုင်၊ တိုင်းအဆင့် အာဏာပိုင်များထံသို့ တိုင်ကြားထားသော် လည်း တစုံတရာ စုံးစမ်းအရေးယူခြင်း မရှိသေးကြောင်း အဆိုပါရွာသားက ဆက်လက်ပြောဆို သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com