|
ဆရာမကြီးလူထုဒေါ်အမာ ကွယ်လွန်
ရိုးမ ၃။ ဧပြီ ၇၊ ၂၀၀၈

သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ
အသက် (၉၃)နှစ် သည် မန္တလေးမြို့၊ ပြည်သူ့ဆေးရုံ ကြီးတွင်
ကွယ်လွန်သွားသည်။
ယနေ့နံနက်ပိုင်း (၈)နာရီ (၃၇)
မိနစ်တွင် နှလုံးရောဂါ အထူးကုဆောင်တွင် ဆေးကုသမှုခံယူနေစဉ် ကွယ်
လွန်သွားခြင်းဖြစ်သည်။
အမေမာ ကွယ်လွန်ခြင်းနဲ့ပတ်သက်၍
သားဖြစ်သူ ကိုညီပုလေးက “အမေကို လူတွေက ချစ်ကြမှန်းတော့ သိတယ်၊ အခုတော့
အမေ့အပေါ် အများပြည် သူတွေ ရဲ့ မေတ္တာကြီးမားတာကို လက်တွေ့ တွေ့ရပါပြီ၊
အနု ပညာအသိုင်းအ၀ိုင်းက မိတ်ဆွေတွေတော့ တော် တော်များများရောက်နေပါပြီ၊
ဆရာမောင်မိုးသူတို့က တော့ ရောက်နေကြတယ်” ဟု ပြောသည်။
မန္တလေးသား/သူများက
လူထုဒေါ်အမာကွယ်လွန်သည့်သတင်းကို ကြားသိသဖြင့် နာရေးကိစ္စ
လာရောက်မေးသူများရှိနေပြီး အနုပညာအသိုင်းအ၀ိုင်းမှလည်း
စုံလင်စွာရောက်ရှိနေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ဆရာမကြီးလူထုဒေါ်အမာကို မန္တလေးမြို့၊
ဂုန္တန်ရပ်၌ အဖ ဦးထင်၊ အမိ ဒေါ်စုတို့မှ ၂၉၊ ၁၁၊ ၁၉၁၅ ခုနှစ်တွင်
ဖွားမြင်ခဲ့ပြီး မွေချင်း (၁၂)ယောက်ရှိသည့်အနက် စတုတ္ထမြောက်ဖြစ်သည်။
၁၉၃၁ ခုနှစ်တွင်
ဗဟိုအမျိုးသမီးအထက်တန်းကျောင်းမှဆယ်တန်းအောင်မြင်ခဲ့ပြီး ၁၉၃၆ တွင်
ရန်ကုန်ဘီအေအောက်တန်းတွင် ပညာသင်ရင်း ဒုတိယကျောင်းသားသပိတ်တွင်
ပါဝင်ခဲ့သည်။ ၁၉၃၆ ခုနှစ်မှစတင်၍ အိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေးမဂ္ဂဇင်း၊
ဘားမားဂျာနယ်များတွင် စတင်၍ စာပေများရေးသားခဲ့သည်။
၁၉၃၉ ခုနှစ်တွင်
လူထုဦးလှနှင့်လက်ထပ်ခဲ့ပြီး သားသမီး (၅)ယောက်ထွန်းကားခဲ့သည်။ ၁၉၄၅
ခုနှစ်တွင် လူထုဂျာနယ် လက်ထောက်အယ်ဒီတာ၊ ၁၉၄၆ တွင် လူထုသတင်းစာ အယ်ဒီတာ
တာဝန်များကို ထမ်းဆောင်ခဲ့သည်။
လူထုဒေါ်အမာ၏ ဈာပနကို ၃၂ လမ်းရှိ
သမီးဖြစ်သူ၏ နေအိမ်တွင်ပြင်ဆင်ထားပြီး
၉၊ ၄၊၂၀၀၈ မနက်
(၁၀)နာရီတွင် ကြာနီကန်သုသာန်၌ မီးသဂြိုလ်မည် ဖြစ်သည်။
ဆရာမကြီးလူထုဒေါ်အမာကို
ချစ်ခင်မြတ်နိုးကြသည့် အနယ်နယ်အရပ်ရပ်မှ စာပေအနုပညာရှင် များ
တဖွဲဖွဲရောက်ရှိလာနေပြီး ရန်ကုန်နှင့် အခြားမှရောက်ရှိလာမည့်
သူများနှင့်ပတ်သက်၍ ကိုညီပုလေးက “ရန်ကုန်ကတော့ ခုမှသိကြတာ
သူတို့လည်းလာဖို့ စိုင်းပြင်းနေပါတယ်၊ မနက် ဖြန်လည်း ရောက်လာမှာပါ၊
ဆရာမောင်မိုးသူတို့ကတော့ နဂိုလ်ထဲကရောက်နေတာ၊ သိလို့တော့ မဟုတ်ဘူး၊
တိုက်ဆိုင်သွားတာပါ” ဟုဆိုသည်။ |