|
ယာယီသက်သေခံကဒ်ပြားထုတ်၍
မဲပေးခိုင်းရန်စီစဉ်ခြင်းကိုရပ်တန့်ရန် (BLC) တောင်းဆို
ဗထူး။ ဧပြီ
၎၊ ၂၀၀၈

စစ်အစိုးရက
နိုင်ငံအတွင်း မှတ်ပုံတင်မရှိသူများအား ယာယီသက်သေခံကဒ်ပြားထုတ်ပေး၍
ဆန္ဒမဲပေးနိုင်ရန် စီစဉ်နေခြင်းကို အမြန်ဆုံးရပ်ဆိုင်းရန်
မြန်မာနိုင်ငံရှေ့နေများကောင်စီ(BLC)က ထုတ်ပြန်ကြေညာခဲ့သည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့်စပ်လျှဉ်းသော သုံးသတ်ထုတ်ပြန်ချက်အမှတ်
(၁)ဖြင့် စစ်အစိုးရ၏ လုပ်ဆောင်ချက်
အားဥပဒေအထောက်အထားများဖြင့်ယနေ့(BLC)က ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။
မဲပေးပိုင်ခွင့်ရှိသူသည်
နိုင်ငံသားဖြစ်သူသာမဲပေးပိုင်ခွင့်ရှိသည်ဖြစ်ရာ စစ်အစိုးရယခုပြုလုပ်ပေး
နေသည့် ယာယီသက်သေခံကဒ်ပြားဖြင့်
မဲပေးနိုင်ခွင့်ရှိသည်ဟုစီစဉ်နေခြင်းသည် မြန်မာနိုင်ငံ
တည်ဆဲဥပဒေများနှင့် ဆန့်ကျင်နေသဖြင့်အဆိုပါ လုပ်ဆောင်ချက်အား
အမြန်ဆုံးရပ်တန့်ရန် တောင်းဆိုထားသည်။
“လေ့လာကြည့်တဲ့အခါမှာ ၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲဥပဒေထဲမှာ
မဲပေးခွင့်ပေးထားတာကို အံ့သြမိ တယ်။ ၁၉၇၃ ခုနှစ်တုန်းက
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေရှိခဲ့ဘူးတယ်။ အဲ့ဒီဥပဒေထဲမှာ နိုင်ငံ
သားတွေကိုသာ မဲပေးခွင့်ပေးထားတာဖြစ်တယ်။ ထိုနည်းတူ ၄၇
ဖွဲ့စည်းပုံအခြေခံဥပဒေမှာရော၊ ၇၄ ဥပဒေမှာရော နိုင်ငံသားတွေကို
ပြဌာန်းထားပြီးတော့ မဲပေးခွင့်က နိုင်ငံသားတွေမှာပဲရှိ တယ်။ ၁၉၈၂
ခုနှစ်မှာ မြန်မာနိုင်ငံသားဥပဒေရှိတယ်၊ အဲ့ဒီဥပဒေထဲမှာ ယာယီသက်သေခံ
ကဒ်ပြားလက်မှတ်ထုတ်ပေးတဲ့ကိစ္စလုံးဝမပါဘူး” ဟု
(BLC)အထွေထွေအတွင်းရေးမှူး ဦးအောင် ထူးက ဆိုသည်။
ယခု
ယာယီသက်သေခံကဒ်ပြားထုတ်ပေးနေသည်ကိုလေ့လာရာတွင်လည်း ပြင်ပမှလာရောက်
သူများကိုပါထုတ်ပေးနေပြီး လူတဦးတည်းပင်လျှင်နေရာသုံးနေရာတွင်
ပြောင်းလဲထုတ်ပေးနေ ပြီး စစ်အစိုးရက ၎င်းတို့ရေးဆွဲထားသည့်
ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အတည်ပြုနိုင်ရန် ထောက်ခံမဲရရှိနိုင်အောင်
ပြုလုပ်နေခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။
မဲအရေအတွက်နှင့်ပတ်သက်၍ မဲလိမ်မှု၊ မဲခိုးမှုများဖြင့် ၁၉၇၄ ခုနှစ်အခြေခံ
ဥပဒေအား တဖက် သတ် ကြေညာကာ အတည်ပြုခဲ့သည့်ဖြစ်ရပ်များနှင့် ထောက်ပြကာ
လေ့လာအကဲခတ်သူများက မေလတွင် စစ်အစိုးရပြုလုပ်မည့်
ဆန္ဒခံယူပွဲတွင်လိမ်လည်မှုများပြုလုပ်လိမ့်မည်ဟုအများက သုံးသပ်နေကြသည်။
ယာယီသက်သေခံကဒ်ပြားထုတ်ပေး၍ ဖြစ်ပေါ်လာမည့်အခြေအနေနှင့်ပတ်သက်၍ ဦးအောင်
ထူးက “ထောက်ခံမဲတောင်မှ လူတယောက်ထဲက သုံးလေးနေရာမှာ ယာယီသက်သေခံလက်
မှတ်တွေရထားတယ်၊ ဒီနေ့ဒီနေရာမှာ မနက်ပိုင်းမဲပေးမယ်၊ နေ့လည်ဟိုဘက်ကို
ရွှေ့မဲပေးမယ် ဆိုရင် လူတယောက်ထဲက သုံးလေးမဲပေးတဲ့ကိစ္စကို ဘယ်လိုမှ
တားဆီးလို့ရတော့မှာမဟုတ်ဘူး၊ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ
မဲပေးခွင့်ဆိုတာကို ကျနော်တို့အသေအချာ တိုက်ဖျက်ဖို့လိုအပ်တယ်”
ဟုပြောဆိုသည်။
စစ်အစိုးရထုတ်ပြန်ထားသည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေသည်
ဥပဒေအရလွဲမှားနေသဖြင့် ဥပဒေထုတ်ထားသူများက ပြန်လည်ပြင်ဆင်ရန်လိုအပ်ပြီး
နိုင်ငံတကာဥပဒေ၊ မြန်မာနိုင်ငံတွင်း တည်ဆဲဥပဒေအရပါ
ယာယီလက်မှတ်ကိုင်ဆောင်ထားသူအနေဖြင့်မဲပေးနိုင်ခွင့်မရှိကြောင်း၊
အဆိုပါလက်မှတ်ကိုင်ဆောင်သူများသည် နိုင်ငံသား
တဦးရသည့်အခွင့်အရေးကိုလည်းပေး၍ မရသည့်အပြင် နောက်ထပ်ဥပဒေတရပ်ကို
ထပ်မံပြဌာန်းခွင့်မရှိသည့်အတွက် ဥပဒေအရ ဆန့်ကျင်နေသည်ကို (BLC)အနေဖြင့်
တင်ပြခြင်းဖြစ်သည်ဟု ဆက်လက်ပြောဆိုသည်။
စစ်အစိုးရက
၎င်းတို့ထုတ်ပြန်ထားသည့် အမျိုးသားညီလာခံစုံညီအစည်းအဝေးမှ ချမှတ်ထား
သည့်အခြေခံမူများနှင့် မတ်လကုန်ပိုင်းတွင်ထုတ်ပြန်သည့် ၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းနှစ်ခုသည်များစွာ
ကွဲလွဲချက်များရှိနေသည်ဟု လေ့လာသူအများအပြားက ထောက်ပြ ပြောဆိုကြသည်။
စစ်အစိုးက
မြန်မာပြည်သူများအား ဥပဒေကို ရွံရှာမုန်းတည်းအောင်လုပ်ထားကြောင်း၊ လူထု
အများစုမှာလည်း ဥပဒေမှာသူတို့၏ အခွင့်အရေးများကိုကာကွယ်ပေးသည်ဟုမမြင်ပဲ
ဖိနှိပ်သည့် အရာဟုနားလည်းကာ ဥပဒေကို စိတ်မ၀င်စားသူအများစုဖြစ်သည့်အတွက်
နအဖစစ်အစိုးရက ဥပဒေအရ
လုပ်ချင်တာလုပ်ရန်အခွင့်အရေးပေးထားသလိုဖြစ်နေသည်ဟု ဦးအောင်ထူးကဆို
သည်။
“အခု
ယာယီသက်သေခံလက်မှတ်ထုတ်ပေးတဲ့ကိစ္စက ဥပဒေကိုလက်တလုံးကြားလုပ်ပြီးတော့
အတိအကျ လူထုရော နိုင်ငံတကာကိုရောလိမ်ဖို့ကြိုးစားထားတာပဲ၊ ကျနော်တို့က
လုံးဝစိန်ခေါ် တယ်၊ ကြိုက်တဲ့ဥပဒေပညာရှင် ထွက်လာပါ။ နအဖရဲ့
တရာသူကြီးချုပ်ထွက်လာပါ၊ ရှေ့နေချုပ် ထွက်လာပါ၊
ယာယီသက်သေခံလက်မှတ်ကိုင်တဲ့သူဟာ မြန်မာနိုင်ငံမှာရှိတဲ့ တည်ဆဲဥပဒေအရ
မဲပေးခွင့်ရှိတယ်ဆိုတဲ့ ဥပဒေမရှိဘူးဆိုတာပြတာပါ။ လုံးဝလိမ်ထားတာမို့
ဒီဥပဒေကိုလုံးဝဖျက် ပေးဖို့လိုအပ်တယ်။ |