|
ရဲစခန်းက အရိုက်ခံရမှုကို တိတိကျကျ
အရေးယူခြင်းမရှိသေး
ရိုးမ ၃။
ဧပြီ ၂၊ ၂၀၀၈
လှိုင်သာယာမြို့နယ် ရဲစခန်းက
ဦးမြင့်လှိုင်အရိုက်ခံရမှုကို အမှုဖွင့်ခဲ့ပြီးနောက် မျက်မြင်သက်သေ
များကို တရားဝင်စစ်ဆေးခြင်း မရှိသေးကြောင်းသိရသည်။
လှိုင်သာယာမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးမြင့်လှိုင်ကို မတ်လ (၃၁)ရက်နေ့ည
တွင် လူတဦးက ရိုက်နှက်ခဲ့မှုကြောင့် ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီး ယခုလ
(၁)ရက်နေ့တွင် ရဲစခန်း တွင် သွားရောက်အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
၎င်းအရိုက်ခံရမှုနှင့်ပတ်သက်၍
သမီးဖြစ်သူက“အရိုက်ခံရတာက (၃၁)ရက်နေ့ကလေ၊ (၁)ရက် နေ့မှာ အမှုဖွင့်တယ်၊
အခုနလေးတင်ပဲ ရဲစခန်းက စစ်ချက်လာယူတယ်၊ သူတို့က ကျမကို မြင် လိုက်တာ
သေချာလားဆိုတော့ ကျမက သေချာပြောပြလိုက်တယ်၊ အဲဒါတောင် ကျမကိုလာစစ် တဲ့
ရဲတွေက မယုံသလိုနဲ့မေးတာ” ဟုဆိုသည်။
ဦးမြင့်လှိုင်သည်
ရပ်ကွက်အတွင်းရန်ငြိုးရန်စရှိသူမဟုတ်ပဲ တဦးတယောက်၏ စေခိုင်းချက်အရ သာ
ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်းပြောဆိုပြီး
ရိုက်နှက်ခဲ့သူနှင့် ပတ်သက် ၍ သမီးဖြစ်သူက “နာမည်က
မင်းမင်းလို့ပြောတယ်၊ ရပ်ကွက်ထဲမှာ ရိုက်တဲ့လူအကြောင်း စုံစမ်း တော့
ဒီကောင်က ခါးပိုက်နှိုက်၊ ပြီးတော့ ရဲကမွေးထားတဲ့လူလည်းဖြစ်နေတယ်၊
အိမ်ဘေးက လူတွေက သက်သေမလိုက်ရဲကြဘူး” ဟု ပြောဆိုသည်။
စစ်အစိုးရအနေဖြင့်
နိုင်ငံရေးပါတီဝင်များ၊ လှုပ်ရှားတက်ကြွသူများကို
ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်နေသည့်အပြင် ၎င်းတို့ဖွဲ့စည်းထားသည့်
ကြံ့ဖွံ့၊ စွမ်းအားရှင်အဖွဲ့ဝင်များဖြင့် အကြမ်းဖက်
ရိုက်နှက်မှုများကိုလည်း ပြုလုပ်လျှက်ရှိသည်။
ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့တွင်
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်အတွင်း
(HRDP)အဖွဲ့ဝင် ဦးမြင့်အေးကို အမည်မသိသူတဦးက ည
(၉)နာရီခန့်က နေအိမ်သို့အပြန်တွင် အကြမ်းဖက်ရိုက် နှက်ခဲ့သဖြင့်
ဦးခေါင်းတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP)က စမ်း
ချောင်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သော်လည်း
တရားခံအားယခုထိ မမိသေးပေ။
ထိုကဲ့သို့
ချောင်းမြောင်းရိုက်နှက်မှုသည် အာဏာပိုင်များနှင့်
တစုံတရာပတ်သက်မှုများရှိနေပြီး အရိုက်ခံရသူများမှာ
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ၊ ပြည်သူ့လွှတ်တော် ကိုယ်စား
လှယ်အမတ်များနှင့် မြန်မာ့ဒီမိုကရေစီရေးအတွက်
တက်ကြွစွာပါဝင်လှုပ်ရှားနေကြသူများ ဖြစ် နေသည့်အတွက်ကြောင့်
ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်သာဖြစ်ကြောင်း လေ့လာသူ များကဆိုသည်။ |