Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကရင်နီလူမျိုးများရွေ့ပြောင်းခံရမှုသည် ကိန်းဂဏန်းများအရ အများဆုံး ဖြစ်နေ 

ဖြိုးကြီး။ ဧပြီ ၃၊ ၂၀၀၈ 

မြန်မာနိုင်ငံအရှေ့ပိုင်းဒေသရှိ ကရင်နီလူမျိုးများ အိုးအိမ်များကိုစွန့်၍ ရွှေ့ပြောင်းနေရမှုသည် ကရင်နီလူမျိုးများ၏ ၂၅ ရာခိုင်နှုန်းကျော်ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ တဖွဲ့ကဆိုသည်။ 

မြန်မာစစ်အစိုးရ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ကရင် နီလူမျိုးများ နှစ်စဉ်အိုးအိမ်ရွှေ့ပြောင်းနေရမှု ကိန်းဂဏန်းများကို ဖော်ပြကာ ထိုင်းနိုင်ငံအခြေ စိုက် (Burma Issues)က အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။  

ကရင်နီပြည်နယ်တွင် ယခုလက်ရှိ ရွာသား (၈၁, ၀၀၀)ကျော်သည် ပြည်တွင်း၌ ရွေ့ပြောင်းခံနေ ရပြီး ၎င်းတို့အနက် (၇၀)မှ (၈၀)ရာခိုင်နှုန်းခန့်သည် ကလေးသူငယ်များနှင့် အမျိုးသမီးများဖြစ် ကြောင်း ၎င်းအစီရင်ခံစာတွင် ရေးသားထားသည်။ 

ထိုင်းနိုင်ငံအခြေစိုက် (Burma Issues)အဖွဲ့မှ မယ်ဟောင်ဆောင်ဒေသ ညှိနှိုင်းရေးမှူး (Khu Thaw Reh)ခူသော်ရက်ခ်ျက “ကရင်နီဒေသက ရွှေ့ပြောင်းခံနေရသူတွေဟာ အစာရေစာရှား ပါးမှု၊ နေအိမ်မလောက်ငှမှုတွေနဲ့ ရင်ဆိုင်နေရရုံသာမကပဲ ကျန်းမာရေးနဲ့ ပညာရေးစောင့်ရှောက် မှုတွေလည်း မရှိဘူး။ အဲဒီအပြင် နအဖစစ်သားတွေရဲ့ အကြမ်းဖက်မှုနဲ့ အဓမ္မလုယက်မှုများကိုပါ ခံနေကြရတယ်” ဟုဆိုသည်။ 

ထိုကဲ့သို့ အိုးအိမ်များရွေ့ပြောင်းထွက်ပြေးလာသူများအတွက် ထိုင်းနိုင်ငံတွင်အရေးပေါ် ဆောင် ရွက်ရန် လိုအပ်မှုများရှိနေပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်တင်ထားသော မြန်မာနိုင်ငံအား အရေးယူရေးကိစ္စကို တရုတ်၊ အိန္ဒိယနှင့် အာစီယံနိုင်ငံအစိုးရများက ထောက်ခံပေးရန် လိုအပ် ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ 

“လူ့အခွင့်အရေးချိုးဖေါက်ခံရတာတွေ လွတ်မြောက်ဖို့ သူတို့ဟာ အိုးအိမ်များကို စွန့်ပြီးထွက် ပြေးကြရတယ်၊ အဓမ္မစေခိုင်းခြင်းလဲခံရတယ်၊ တချို့ကတော့  စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ကိုယ်ကျိုး အတွက် လုပ်ကိုင်နေတဲ့ စီမံကိန်းများနေရာလုပ်ဖို့ ရွှေ့ပြောင်းပေးနေကြရတယ်” ဟု ခူသော်ရက်ခ်ျက ပြောသည်။ 

ယခုလက်ရှိအခြေအနေသည် လွန်ခဲ့သည့် ၅ နှစ်ကျော်က ကရင်နီဒေသအတွင်း အဓမ္မရွှေ့ ပြောင်းခံရမှု အရေအတွက်ထက် (၄၂)ရာခိုင်နှုန်းတိုးမြှင့်လာခဲ့ပြီး တနှစ်ထက်တနှစ်ပိုမိုဆိုးဝါး လာခဲ့သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။ 

ကမ္ဘာပေါ်တွင် ဆူဒန်၊ ကမ္ဘောဒီးယား၊ အီရတ်၊ ယူဂန္ဓာနှင့် ကွန်ဂိုတို့သည် အဓမ္မရွှေ့ပြောင်းခံရမှု အများဆုံးဖြစ်ပြီး ဆူဒန်တွင် (၁၃)ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားတွင် (၈.၅)ရာခိုင်နှုန်း၊ ယူဂန္ဓာတွင် (၆.၅)ရာခိုင်နှုန်းနှင့် ကွန်ဂိုတွင် (၂)ရာခိုင်နှုန်း ရှိသည်။ 

မြန်မာနိုင်ငံအရှေ့ပိုင်းရှိ ကရင်နီလူမျိုးများပြောင်းရွေ့နေရမှုသည် ရာခိုင်နှုန်းအချိုးအစားအရ ကြည့်လျှင် ကမ္ဘာ့အများဆုံး အဓမ္မရွှေ့ပြောင်းခံနေရသည့် ဆူဒန်နိုင်ငံထက် နှစ်ဆခန့်ပိုများသော် လည်း နိုင်ငံတကာ၏ အာရုံစူးစိုက်စိတ်ဝင်စားမှုနှင့် နိုင်ငံတကာအကူအညီ အနည်းသာရရှိ သည်။ 

ရွှေ့ပြောင်းခံနေရသော ကရင်နီဒေသတွင် လူသားချင်းစာနာထောက်ထားသော အကူအညီ အရေးပေါ်လိုအပ်လျှက်ရှိပြီး ၎င်းတို့အတွက် အမှန်တကယ်အကျိုးသက်ရောက်မှုများ ဖြစ်ထွန်း ရန် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီပွားရေး၊ လူမှုရေးစနစ်များကို ပြောင်းလဲပစ်ရန် လိုအပ်ကြောင်း ခူသော်ရက်ခ်ျက ပြောဆိုခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org