|
ထောင်တွင်းအခြေအနေဆိုးဝါးနေပြီး
သုံးလအတွင်း စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားသူ (၅၂)ဦးအား
ဖမ်းဆီးခဲ့သည်ဟုဆို
ဗထူး။ ဧပြီ
၂၊ ၂၀၀၈
စစ်အစိုးရ
အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားများ ကျန်းမားရေးအခြေအနေ
ဆိုးဝါးနေပြီး ယခုနှစ်ဆန်းပိုင်း (၃)လအတွင်း ဒီမိုကရေစီနှင့်
လူ့အခွင့်အရေးလှုပ်ရှားသူ (၅၂)ဦး အား စစ်အစိုးရက ဖမ်းဆီးခဲ့သည်ဟု
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း (AAPP)က
ယနေ့ထုတ်ပြန်လိုက်သည်။
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)၏ ယမန်နေ့က ၂၀၀၇
ခုနှစ်၊ စက်တင်ဘာ နောက်ပိုင်း လျှို့ဝှက်တရားရုံးတင်ကာ လူ (၄၀)ဦးအား
စစ်အစိုးရက ထောင်ချမှတ်လိုက် ကြောင်း အစီရင်ခံစာထွက်ပေါ်လာပြီးနောက်
ယနေ့ (AAPP)ထုတ်ပြန်ချက်ထွက်ပေါ်လာသည်။
“(AI)ထုတ်လို့မဟုတ်ပါဘူး၊ ခုကဆန္ဒခံယူပွဲလည်း နီးလာပြီ၊ စစ်အစိုးရက
ကုလသမဂ္ဂကို ပေးထားတဲ့ ကတိလည်း မတည်ဘူး၊
ကုလသမဂ္ဂနဲ့နိုင်ငံတကာကိုပြောနေတာက ဖမ်းဆီးတာ တွေမရှိဘူး၊
ပြန်လွှတ်ပေးတာပဲရှိတယ်ပေါ့၊ ဒါကြောင့် ဒီနှစ်ဆန်း (၃)လအတွင်းမှာကို ဆက်
လက်ဖမ်းဆီးနေတာတွေရှိနေတယ်ဆိုတာ သက်သေပြတာပါ။ ထူးခြားရင်
ထူးခြားသလိုထုတ်မှာ ပါ။ လာမဲ့ဧပြီလ တလထဲမှာ ထူးခြားရင်လည်း
ခုလိုထုတ်ပြန်သွားမှာပါ” ဟု (AAPP) အတွင်းရေး မှူး
ကိုတိတ်နိုင်ကဆိုသည်။
သုံးလအတွင်း
ဖမ်းဆီးခံရသူအများစုမှာ (NLD)ပါတီဝင်များဖြစ်ကြပြီး အခြားသူများမှာ
ကဗျာ ဆရာများ၊ မဂ္ဂဇင်းအယ်ဒီတာများနှင့် လူငယ်ကျောင်းသားများ
ပါဝင်သည်ဟုဆိုသည်။
စစ်အစိုးရက
ဖမ်းဆီးခံနေရသူအချို့အား နိုင်ငံရေးလှုပ်ရှားမှု ပုဒ်မများမဟုတ်ပဲ
အခြားရာဇ၀တ် မှုပုဒ်မများတပ်ကာ တရားစွဲဆိုထားပြီး အများစုမှာ
မိမိကိုယ်မည်သည့်ပုဒ်မနှင့် တရားစွဲဆိုထား သည်ကိုပင် မသိရှိရဟုဆိုသည်။
ထို့အပြင်
မတ်လ (၁၇)ရက်နေ့က ဖမ်းဆီးခံရသည့် ၈၈မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်
များ ဖြစ်ကြသည့် ကိုကျော်ကိုကိုနှင့် ကိုဉာဏ်လင်းအောင်တို့နှစ်ဦးမှာ
ယနေ့အထိ အကျဉ်း ထောင်အတွင်းသို့ ရောက်ရှိမလာသေးပဲ မည်သည့်နေရာတွင်
ဖမ်းဆီးစစ်ဆေးနေသည်ကိုလည်း သက်ဆိုင်ရာက မိသားစုထံအကြောင်းကြားခြင်း
မရှိသေးကြောင်း ထုတ်ပြန်ကြေညာချက်က ဆိုသည်။
၂၀၀၇
ခုနှစ်၊ စက်တင်ဘာလမှစ၍ ဖမ်းဆီးခံရသူအများစုမှာ
တိုက်ပိတ်ချုပ်နှောင်ခံနေရပြီး မိသားစုများမှ ယူဆောင်လာသည့်
အစားအသောက်နှင့် အသုံးအဆောင်များကို အကန့်အသတ် ဖြင့်
ယူဆောင်ခွင့်ပြုသဖြင့် အာဟာရချို့တဲ့မှု၊ လုံလောက်သော
ကျန်းမာရေးစောင့်ရှောင့်မှု မရှိ ခြင်း၊
အချိန်မှီဆေးဝါးကုသမပေးခြင်းတို့ကြောင့် ရဟန်းသံဃာများနှင့်
မယ်သီလရှင်များ အပါ အ၀င် နယ်အသီးသီးမှ အထိန်းသိမ်းခံနေရသူတို့၏
ကျန်းမာရေးအခြေအနေမှာ တနေ့တခြား ဆိုးဝါးလာနေသည်ဟု ဆိုသည်။
ထို့အပြင်
ရဟန်းသံဃာတော်အများစုအား ပုဒ်မ (၂၉၅)သာသနာညိုးနွမ်းအောင်
ပြုလုပ်မှုဖြင့် တရားစွဲဆိုထားသည့်အတွက် (၁၉၉၀)ခုနှစ်၊ ပထမအကြိမ်
ပတ္တနိကုဇ္ဇနကံဆောင်စဉ် အဖမ်းဆီး ခံခဲ့ရသည့် သံဃာတော်များနည်းတူ
အနည်းဆုံးသံဃာ (၁၉)ပါး ပျံလွန်တော်မူခဲ့သည့်ု ရဲဘက် စခန်းများသို့
ပို့ဆောင်ကာ အလုပ်ကြမ်းခိုင်းစေခြင်း ညှဉ်းပန်းနှိပ်စက်ခြင်းများ
ပြုလုပ်မည်ကို စိုးရိမ်ကြောင်းလည်း ဖော်ပြထားသည်။
၂၀၀၇
ခုနှစ်၊ သြဂုတ်၊ စက်တင်ဘာ လူထုလှုပ်ရှားမှုမှ ယနေ့အချိန်အထိ ဖမ်းဆီးထားသူ
ဦးရေ (၇၀၀)ကျော်ရှိနေပြီး၊ (၄၀)ဦးအား အမိန့်ချမှတ်ခဲ့ပြီးဖြစ်သည်။
ထိုသူများအထဲမှ (၁၆)ဦးမှာ ကျန်းမာရေးဆိုးဝါးနေပြီး
မြန်မာနိုင်ငံတ၀ှမ်း အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်း
သားပေါင်း (၁၈၉၀)ဦးရှိပြီး၊ (၈၇)ဦးမှာ
ကျန်းမာရေးအခြေအနေဆိုးဝါးနေသည်ဟု ယနေ့ ထုတ်ပြန်ကြေညာချက်တွင်
ဖော်ပြထားသည်။
စစ်အစိုးရအနေဖြင့် ယခုကဲ့သို့ ပြည်သူများအပေါ် ဥပဒေမဲ့ဆက်ဆံခြင်း၊
ဖမ်းဆီးထောင်ချခြင်း၊ ညှဉ်းပန်းနှိပ်စက်နေခြင်းများအပေါ် ကုလသမဂ္ဂအပါအ၀င်
နိုင်ငံတကာမှ ၀ိုင်းဝန်းဖိအားပေးကြ ရန်နှင့် မြန်မာပြည်သူများအပေါ်
လူ့အခွင့်အရေးချိုးဖောက်နေမှုများအား အကာအကွယ်ပေးကြ ရန် (AAPP)က ယနေ့
လေးနက်စွာတိုက်တွန်းခဲ့သည်။ |