Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အာဏာပိုင်များက ကန့်ကွက်မဲပေးလျှင် ထောင်(၃)နှစ်ချမည်ဟု ခြိမ်းခြောက် 

ဖြိုးကြီး။ ဧပြီ ၃၀၊ ၂၀၀၈ 

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာများတွင် မေလ(၁၀) ရက်နေ့တွင်ပြုလုပ်မည့် လူထုဆန္ဒခံ ယူပွဲတွင် ကန့်ကွက်မဲပေးသူများကို ထောင် (၃)နှစ်ချမည်ဟု ဒေသအာဏာပိုင်များက ခြိမ်း ခြောက်ပြောဆိုလျှက်ရှိသည်။ 

ပေါက်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု ရယကအဖွဲ့ဝင် ဦးစိန်မြင့်နှင့် စာရေးမြင့်ထွန်းဦးတို့ က ညောင်ပင်သာ၊ ခရေပင်ရွာ၊ ကုဣိုစု၊ မကျည်းပင်ရွာတို့တွင် ယခုရက်ပိုင်းအတွက် လိုက်လံ ခြိမ်းခြောက်ပြောဆိုနေခြင်းဖြစ်သည်။ 

“ကန့်ကွက်မဲ ပေးတဲ့သူတွေကို ထောင်သုံးနှစ်ချမယ်၊ ကန့်ကွက်မဲပေးပေး မပေးပေး ငါတို့က နောက်ထပ်အနှစ် (၂၀)အုပ်ချုပ်မှာလို့ပြောတယ်။ အဲလိုအုပ်ချုပ်တဲ့အချိန်ကြမှ ကန့်ကွက်မဲပေးတဲ့ ကောင်တွေကတော့ သေပြီသာမှတ်ထားလို့ပြောတယ်” ဟု ခရေပင်ကျေးရွာမှ ရွာသားတဦးက ပြောသည်။ 

ယခုကဲ့သို့ ခြိမ်းခြောက်မှုများသည် စစ်အစိုးရထုတ်ပြန်ထားသည့် လွတ်လပ်စွာမဲပေးခွင့်ရှိသည် ဆိုသော ဥပဒေကို ဖောက်ဖျက်ခြင်းဖြစ်သောကြောင့် နအဖထုတ်ပြန်ထားသည့်အတိုင်း ထောင် ဒဏ်(၃)နှစ်နှင့် ဒဏ်ငွေတသိန်းကို တိကျစွာအရေးယူဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

စစ်အစိုးရပြုလုပ်မည့် ဆန္ဒခံယူပွဲတွင် ထောက်ခံမဲများပေးရေးအတွက် အထက်အာဏာပိုင်များ ညွန်ကြားချက်ဖြင့် အောက်ခြေအဆင့်ကျေးရွာများတွင် ယခုကဲ့သို့ ခြိမ်းခြောက်ဖိအားပေး စည်း ရုံးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြပြီး ကျောက်ပန်းတောင်း မြို့နယ်တွင် အာဏာပိုင်များက ကြိုတင်ဆန္ဒမဲများကို အိမ်တိုင်ရာရောက် ကောက်ယူနေမှုများရှိ နေသည့်အတွက် ဒေသခံများက စိုးရိမ်နေကြသည်။ 

စစ်အစိုးက ဖွဲ့စည်းပုံအခြေခံဥပဒေသစ် လူထုဆန္ဒခံယူပွဲတွင် ထောက်ခံမဲများရရန် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေပြီး စစ်တိုင်းမှူးများ၊ ၀န်ကြီးများကိုယ်တိုင် မိမိသက်ဆိုင်ရာနယ်မြေ၊ ဌာနများတွင် စည်းရုံးမှုများပြုလုပ်နေလျှက်ရှိသည်။ 

စစ်အစိုးရအာဏာပိုင်များက ထောက်ခံမဲပေးရန်လှုံ့ဆော်သည့် မြေစိုက်ပိုစတာများစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မီဒီယာများမှလည်း ရုပ်ရှင်၊ သီချင်းများကို ထုတ်လွှင့်ပြသ စည်းရုံးလှုံ့ဆော်နေလျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com