|
ဆန္ဒခံယူပွဲအတွက်
အနိုင်ကျင့်ခြိမ်းခြောက်သည့် ကြံ့ဖွံ့စည်းရုံးရေးမှူး
ဓါးထိုးခံရ၍သေဆုံး
ရိုးမ ၃။
ဧပြီ ၂၅၊ ၂၀၀၈
စစ်အစိုးရပြုလုပ်မည့် အခြေခံဥပဒေအတည်ပြုဆန္ဒခံယူပွဲအတွက်
ကြံ့ဖွံ့အသင်းဝင်ရန် အတင်း အဓမ္မပြုလုပ်သည့် ကြံ့ဖွံ့အသင်း
စည်းရုံးရေးမှူးတဦးအား လူငယ်တဦးက ဓါးဖြင့်ထိုးသတ်သည့် အတွက်
သေဆုံးသွားခဲ့သည်။
ကြံ့ဖွံ့အသင်းသို့ဝင်ရန် လူငယ်တဦးအား အဓမ္မခြိမ်းခြောက်သဖြင့်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အုန်းတပင်ရပ်ကွက်မှ
ကြံ့ဖွံ့စည်းရုံးရေးမှူး ထွန်းသိန်း (၂၆)နှစ်မှာ ဓါးဖြင့်အထိုးခံရ၍
ယခုလ (၂၂)ရက်နေ့က သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ဓါးဖြင့်ထိုးသတ်ခဲ့သူမှာ မောင်ထွန်းလင်း အသက်(၁၉)နှစ်ဖြစ်ပြီး
ကြံ့ဖွံ့အသင်းသို့ မ၀င်ရောက် လိုကြောင်း ပြောသော်လည်း ဖခင်ဖြစ်သူ
ဆိပ်ကမ်းအလုပ်သမားအား ထပ်မံ၍ ဖိအားပေးနှောင့် ယှက်ခဲ့သည့်အတွက်
မခံမရပ်နိုင်ဖြစ်ကာ ကြံ့ဖွံ့စည်းရုံးရေးမှူးအား
ဓါးဖြင့်ထိုးသတ်ခဲ့ခြင်း ဖြစ် သည်။
ကြံ့ဖွံ့စည်းရုံးရေးမှူးမှ အဓမ္မဖိအားပေး
ခြိမ်းခြောက်ခဲ့ခြင်းနှင့်ပတ်သက်၍ ဒေသခံတဦးက “မင်းမှာ စည်းရုံးရေး
အင်အားကောင်းတယ်ဆိုပြီးတော့ ကြံ့ဖွံ့ထဲဝင်ဖို့ စည်းရုံးတာပေါ့ဗျာ၊
အဲ့ဒါ ကို မောင်ထွန်းလင်းက ခံယူချက်လည်း မရှိဘူး၊
လွတ်လွတ်လပ်လပ်နေချင်တယ်လို့ ပြောတယ်၊ အဲ့ဒါ စည်းရုံးတာကို
ငြင်းရမလားဆိုပြီး ဆိပ်ကမ်းမှာ အလုပ်လုပ်နေတဲ့ အဖေဖြစ်သူကို ဖိနှိပ်မှု
မျိုးစုံလုပ်တယ်၊ လုပ်အားခမပေးဘူး၊ နောက် အသက်အရွယ်နဲ့မမျှအောင်
ဆဲဆိုတာတွေ လုပ် တယ်၊ ဒါနဲ့ မောင်ထွန်းလင်းက မခံနိုင်လို့ ည
(၈)နာရီလောက်မှာ အိမ်ပေါ်တက်ပြီးတော့ ဓါးနဲ့ ထိုးသတ်တာ” ဟု ပြောသည်။
အဆိုပါကြံ့ဖွံ့စည်းရုံးရေးမှူးမှာ ဓါးဒဏ်ရာ (၇)ချက်ရရှိခဲ့ပြီး
အခင်းဖြစ်ပွားရာမှ ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ည(၁)နာရီကျော်တွင်
စစ်တွေဆေးရုံ၌ သေဆုံးသွားခဲ့သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
သေဆုံးသူ
ကြံ့ဖွံ့စည်းရုံးရေးမှူးမှာ ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရန် အတင်းအဓမ္မ
ခြိမ်း ခြောက်စည်းရုံးနေသူတဦးဖြစ်ပြီး ၎င်း၏ စည်းရုံးရေးဧရိယာအတွင်း
မည်သူမျှ ကန့်ကွက်မဲ မပေး ရကြောင်းနှင့် ကန့်ကွက်မဲပေးခဲ့ပါက
မဲပေးသူများဒုက္ခရောက်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည် ဟုဆိုသည်။
အခင်းဖြစ်ပွားသည့်နေ့ မြင်ကွင်းနှင့်ပတ်သက်၍ ဒေသခံတဦးက “ထွန်းသိန်းက
မောင်ထွန်း လင်းကို အမျိုးသားသစ္စာဖောက်လို့ပြောတာ၊ မောင်ထွန်းလင်းက
ပိုင်နက်ကျူးလွန်မှုတွေ ဘာတွေမသိဘူး၊ မင်းကိုအပြတ်ရှင်းဖို့လာတာဆိုပြီး
အိမ်ထဲဝင်ပြီးကို ဓါးနဲ့ထိုးပစ်တာ၊ ဆေးရုံ ရောက်မှ ပြည်ခိုင်ဖြိုးက
သေတာ”ဟု ပြောသည်။
သေဆုံးသူ
ကြံ့ဖွံ့စည်းရုံးရေးမှူး ထွန်းသိန်းအား ယမန်နေ့ နေ့လည်
(၁)နာရီခွဲခန့်တွင် စစ်တွေ မြို့သင်္ချိုင်းတွင် မိသားစုဝင်နှင့်
ကြံ့ဖွံ့အဖွဲ့ဝင်အနည်းဖြင့် သင်္ဂြိုဟ်ခဲ့သည်ဟုဆိုသည်။
လိုက်ပါပို့ဆောင်ခဲ့ရသူဒေသခံတဦးက “လူတွေက
စစ်အစိုးရနဲ့သွားပေါင်းတာသေတာတောင် နည်းသေးတယ်၊
ဒီလိုလူတွေအများကြီးသေရမှာ၊ မောင်ထွန်းလင်းလို လူတွေအများကြီးလို တယ်”
ဟုဆိုသည်။
ယခုအခါ
ဓါးဖြင့်ထိုးသတ်ခဲ့သူ မောင်ထွန်းလင်းမှာ စစ်တွေမြို့အမှတ်(၁)
ရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ခံနေရပြီး ရိုက်နှက်ထားသည့်အတွက်
ဒဏ်ရာပြင်းထန်စွာရရှိနေပြီး နှိပ်စက်မှုများ ပြုလုပ်နေသည်ဟု
သားဖြစ်သူအား သွားရောက်တွေ့ဆုံခဲ့သည့် မိသားစုနှင့် နီးစပ်သူတဦးကဆို
သည်။ |