Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကန့်ကွက်မဲထည့်လျှင်ထောင်ချမည်ဟုဆိုကာ အဓမ္မငွေကောက်ခံ 

ဗထူး။ ဧပြီ ၁၁၊ ၂၀၀၈ 

မေလတွင်ပြုလုပ်မည့် ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲထည့်လျှင်ထောင်ချမည်ဟု ခြိမ်းခြောက်ကာ မဲရုံများအတွက် ကျေးရွာသားများထံမှ ငွေကြေးကောက်ခံလျှက်ရှိသည်။ 

မန္တလေးတိုင်း၊ ပုပ္ပားခရိုင်ရှိ အိမ်ထောင်စု (၁၃၀၀)ကျော်နေထိုင်သည့် ဇပြူကျေးရွာအုပ်စုတွင် ဒေသအာဏာပိုင်များက ပြည်သူများအားခြိမ်းခြောက်ကာ ယခုလ (၃)ရက်နေ့မှစတင်ကာ ငွေ ကောက်ခံနေခြင်းဖြစ်သည်။ 

ကျေးရွာအုပ်စုအာဏာပိုင်များက အိမ်ထောင်စုအလိုက်ငွေကြေးကောက်ခံနေပြီး စစ်အစိုးရပြု လုပ်မည့်ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲထည့်ပါက ထောင်(၁၄)နှစ်အထိ အပြစ်ပေးခံရမည်ဟု ခြိမ်း ခြောက်ပြောဆိုနေသည်ဟု ဆိုသည်။ 

“ဥက္ကဌ ခင်မောင်ဌေးနဲ့ အဖွဲ့ဝင်တွေကကောက်နေတာ၊ တအိမ်ကို (၂၅၀၀)၊ မဲပုံးထောင်ဖို့ဆိုပြီး ပြောကောက်နေတာ၊ ဇပြူရွာက ငါးရွာအုပ်စုရှိတယ်၊ ရွာအနေနဲ့က တရွာကို ၂၅၀၀၀ နှုန်းနဲ့ ကောက်တာ၊ ဒါးကောက်ကုန်းရွာကဆို ပေးနေရတာ လေးသောင်းခွဲရှိပြီ” ဟု ဒေသခံရွာသား တဦးက ပြောသည်။ 

ဇပြူရွာအပါအ၀င် သရက်တော၊ ဒါးကောက်ကုန်း၊ ကျီးကန်နှင့် လယ်ယားရွာများတွင် ဒေသ အာဏာပိုင်များက ပြီးခဲ့သည့်အပတ်မှစတင်ကာ မေလအတွင်းပြုလုပ်မည့် ဆန္ဒခံယူပွဲအတွက် အလှူငွေထည့်ရန်အကြောင်းပြကာ ကောက်ခံနေခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောဆို သည်။ 

စစ်အစိုးရက ၎င်းတို့ပြုလုပ်မည့် ဆန္ဒခံယူပွဲမတိုင်မှီ ကြံ့ဖွံ့၊ မီးသတ်၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ က ကျေးရွာများသို့ဆင်းကာ စည်းရုံးရေးလုပ်ငန်းများလုပ်ဆောင်ခြင်း ထောက်ခံမဲပေးရန် ဗြောင် ကျကျ စည်းရုံးလှုံ့ဆော်မှုများပြုလုပ်နေသော်လည်း (NLD)ပါတီဝင်များနှင့် ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူများ၏ ကန့်ကွက်မဲပေးရေး လှုပ်ရှားဆောင်ရွက်မှုများကိုမူ အပြင်းအထန် ဖိနှိပ်လျှက်ရှိသည်။ 

နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများအား ဆန္ဒခံယူပွဲပြုလုပ်မည့်အချိန်တွင်ထားရှိပေးရန် ကုလသမဂ္ဂ၏ တောင်းဆိုချက်ကို စစ်အစိုးရက ငြင်းပယ်ခဲ့ပြီးနောက် ၎င်းတို့ဖွဲ့စည်းထားသည့် လက်အောက်ခံအဖွဲ့များက နိုင်ငံအနှံ့ ပြည်သူများအား နည်းအမျိုးမျိုးဖြင့် ထောက်ခံမဲရရှိအောင် ဆောင်ရွက်လျှက်ရှိရာ ယခုကဲ့သို့ ပုပ္ပားနယ်မြေအတွင်း ပြည်သူများအားခြိမ်းခြောက်မှုများ ပြု လုပ်၍ ငွေကြေးကောက်ခံလာခြင်းဖြစ်သည်။   

စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ပြည်သူများစောစီးစွာလေ့လာခွင့်ရရှိအောင် တရားဝင်အသိပေးထုတ်ပြန်ခြင်းမရှိသလို ဆန္ဒခံယူပွဲအတွင်း မဲလိမ်မှုများ၊ ခြိမ်းခြောက်မှုများကို ဆက်လက်ပြုလုပ်လာမည်ဟု အတိုက်အခံအင်အားစုများနှင့် လေ့လာသူများကပြောဆိုထား သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org