|
ရန်ကုန်တွင် ပျောက်ဆုံးနေသူအတွက်
စိုးရိမ်နေကြ
ဗထူး။
စက်တင်ဘာ ၃၀၊ ၂၀၀၇
ရန်ကုန်မြို့၌ ဆန္ဒပြမှုများကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်နေသည့်အချိန်တွင်
ရန်ကုန်မြို့မှ ပျောက်ဆုံးသွားသည့်သူများအတွက် မိသားစုဝင်များက
စိတ်ပူပန်မှုများ ဖြစ်ပေါ်လျှက်ရှိသည်။
လူအများအပြား သေကြေပျေက်ဆုံးသည့်သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်
အမျိုးသမီး လေးဦးနှင့် သံဃာတပါး ပျောက်ဆုံးသည့်အပေါ်
စိုးရိမ်နေကြခြင်းဖြစ်သည်။
“ကျမအစ်မက
ဟော်တယ်သင်တန်းကို သွားတက်တာပါရှင့်။ ခါတိုင်းလည်း တက်နေကျပါပဲရှင့်။
သင်တန်းကပြန်တဲ့အချိန်မှာ ပျောက်သွားတာ၊ ကန်တော်ကြီးဟော်တယ် သင်တန်းပါ၊
အသက်က (၃၀)၊ ကလေးနှစ်ယောက် အမေပါ၊ တယောက်က နို့တောင်မပြတ်သေးပါဘူး။
နောက်တယောက်က အခုမှ ငါးနှစ်ပဲရှိပါသေးတယ်”ဟု မကေနိုင်ဇော်၏ ညီမဖြစ်သူက
ဆိုသည်။
ရဲစခန်းနှင့် (မ၀တ)ရုံးများသို့ တိုင်ကြားခဲ့သော်လည်း
အကြောင်းပြန်ကြားခြင်းမရှိပဲ မကေနိုင် ဇော်၏အမျိုးသားမှာ
တက္ကစီမောင်းနှင်သူ ကိုဆန်းလင်းဖြစ်ပြီး မကေခိုင်ဇော်၏ မှတ်ပုံတင်
အမှတ်မှာ ၁၂/ပဇတ(နိုင်) ၀၀၁၈၄၃ ဖြစ်ကာ သင်တန်းတက်ရာမှ
ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။
“သူ့ကို
မြင်လိုက်သူတွေကတော့ ဖမ်းသွားတယ်လို့ တွေ့ပါတယ်ရှင့်၊ ဆူးလေဘက်မှာ
ကားပေါ် တင်သွားတယ်လို့ တွေ့ပါတယ်၊ ကျမတို့ရဲ့ အသိတယောက်က ပြောတာပါ၊
မြင်လိုက်တယ် ဆိုတာပါ”ဟု ညီမဖြစ်သူက ဆိုသည်။
အသက်ငါးနှစ်အရွယ် ဖုန်းမြတ်သူနှင့် အမည်မပေးရသေးသည့်
နို့စို့အရွယ်မိခင် ပျောက်ဆုံးနေ ခြင်းကို မိသားစုဝင်များက
အလွန်စိုးရိမ်နေကြောင်း ဆက်လက်ပြောဆိုသွားခဲ့သည်။
ယနေ့
ရန်ကုန်တွင်ပျောက်ဆုံးနေသည့်သူများမှာ မပိုပိုပြည့်စုံ၊ မသီတာအောင်၊
မမိုးမိုးဆွေ၊ မကေနိုင်ဇော်နှင့် သင်္ဃန်းကျွန်း ရွှေသိမ်ဓမ္မသိင်္ဂီကျောင်းမှ
အရှင်နန္ဒသီရိတို့ ဖြစ်သည်။
အရှင်နန္ဒသီရိသည် ယမန်နေ့က ခြေထောက်တွင် သေနတ်မှန်ကာ
ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်သုသာန်ရှိ
မီးသင်္ဂြိုလ်စက်များတွင် အရှင်လတ်လတ် မီးတင်ရှို့နေသည့် သတင်းများ ကြောင့်
မိသားစုဝင်များက ပိုမိုစိတ်ထိခိုက်နေရကြောင်း ပြောဆိုသည်။
အသံနားဆင်လိုလျှင် - |