|
မေးဒေးနေ့တွင်
အဖမ်းခံရသူများကို နှစ်ရှည်ထောင်ဒဏ်ချမှတ်
ရိုးမ
၃။ စက်တင်ဘာ ၇၊ ၂၀၀၇
ယခုနှစ်မေလ
(၁) ရက်နေ့က ရန်ကုန်ရှိ အမေရိကန်စင်တာတွင် အလုပ်ရုံဆွေးနွေးပွဲ တက်
ရောက်ခဲ့သူများကို စစ်အစိုးရအာဏာပိုင်များက ယနေ့ နှစ်ရှည်ထောင်ဒဏ်များ
ချမှတ်လိုက် သည်။
ရန်ကုန်ရှိအလုပ်သမားများအား အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန်
သွေးထိုးစည်းရုံး ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူ (၆)ဦးအား ယနေ့
အနောက်ပိုင်းခရိုင်တရားရုံမှ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်
သည်။
ဖမ်းဆီးခံခဲ့ရသူများမှာ ကိုသူရိန်၊ ကိုကျော်ကျော်၊ ညီညီဇော်၊ ဝေလင်း၊
မျိုးမင်း၊ ကျော်မင်းတို့ ဖြစ်ကြပြီး နှစ်ရှည်ထောင်ဒဏ်အသီးသီး
ချမှတ်ခံခဲ့ရသည်။
“ကျော်ကျော်နဲ့
ညီညီဇော်က ၁၂၄(က)ပေါ့နော်။ ၁၂၄(က)ဆိုတော့ နှစ် ၂၀ ပေါ့၊ အသက်
တစ်ကျွန်းပေါ့။ ဒဏ်ငွေ ကျပ် (၁,၀၀၀)။ ဝေလင်း၊ ကျော်မင်း ၊
သူရိန်အောင်၊ မျိုးမင်းတို့က ၁၂၄(က)၊ ၁၇(၁)၊ ၁၃(၁) ရယ်။ ၁၇(၁) ၅ နှစ်၊
၁၃(၁) ၃ နှစ်။ နှစ် (၂၀)နဲ့ပေါင်းတော့ အားလုံး ၂၈ နှစ်ပေါ့၊
အနောက်ပိုင်းခရိုင် ဒုခရိုင်တရားသူကြီး(၁) ဦးအေးလွင်က အမိန့်ချတာ”ဟု
ရှေ့နေဦးအောင်သိန်းက ဆိုသည်။
ပုဒ်မ
၁၂၄(က) မှာ နိုင်ငံတော်အကြည်အညိုပျက်စေမှု၊ ၁၇(၁) မတရားအသင်း အက်ဥပဒေ၊
၁၃(၁) မှာ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြစ်ပြီး
နယ်စပ်ဖြတ်ကျော်မှုဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါ မေလ
(၁) ရက်နေ့က ရန်ကုန်၊ ဒဂုံမြို့နယ် တော်ဝင်လမ်းရှိ
အမေရိကန်စင်တာတွင်
ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲမှအထွက်တွင် အာဏာပိုင်များက
လူပေါင်း (၃၃)ဦးကို ဖမ်းဆီးခဲ့ပြီး အခြားသူများကို
ပြန်လွှတ်ပေးခဲ့ပြီးနောက် ယခုထောင်ဒဏ်ချမှတ်ခံထားရသူများကို ဆက်လက်
ချုပ်နှောင်ထားခဲ့သည်။
ယင်းနေ့တွင်ပင် လှိုင်သာယာစက်မှုဇုံမှ အလုပ်ရုံဆွေးနွေးပွဲသို့
တက်ရောက်ရန်လာသည်ဟု ယူဆကာ အလုပ်သမားများတင်ဆောင်လာသည့် ကားကိုလည်း
အာဏာပိုင်များက ဘုရင့်နောင် တံတားအနီးတွင် တားဆီးခဲ့သည်။
|