|
ညောင်နှစ်ပင်ဖွဲ့စည်းပုံ
ထောက်ခံပွဲအတွက် ကြံ့ဖွံ့တွေပြင်ဆင်
ရိုးမ ၃။
စက်တင်ဘာ ၁၃၊ ၂၀၀၇
စစ်အစိုးရ
ဖွဲ့စည်းပုံအခြေခံဥပဒေ ကြိုဆိုထောက်ခံပွဲများကို ပြုလုပ်ရန်
ပဲခူးတိုင်း၊ သာယာဝတီ ခရိုင်တွင် ပြင်ဆင်လျှက်ရှိသည်။
(၁၄)
နှစ်ကြာ ကျင်းပခဲ့သည့် အမျိုးသားညီလာခံအား အဆုံးသတ်ပြီးနောက်
ရေးဆွဲနေသည့် အခြေခံဥပဒေကို အတည်ပြုပြဌာန်းရန် ယခုကဲ့သို့
ကြံ့ဖွံ့အဖွဲ့က ကြိုဆိုထောက်ခံပွဲပြုလုပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်ကြံ့ဖွံ့အဖွဲ့က ဦးစီးကာ
အခမ်းအနားများပြင်ဆင်နေပြီး မြို့နယ် အလိုက် တစ်အိမ်တစ်ယောက် မတက်မနေရ
အမိန့်ထုတ်ကာ သက်ဆိုင်ရာ (ရယက)အဖွဲ့ဝင် များက
ဆောင်ရွက်နေခြင်းဖြစ်သည်။
“သာယာဝတီမှာတော့ (၈) မြို့နယ်ရှိတာပေါ့နော်။ သာယာဝတီမြို့နယ်အနေနဲ့ လူ
(၅၀၀၀)၊ ကျန်တဲ့ (၇) မြို့နယ်က လူ (၃၀၀၀)၊ ရပ်ရွာတွေပေါ့နော်။
တစ်အိမ်တစ်ယောက် မတက်မနေရ ဆိုတာမျိုး လုပ်တယ်။ (ရယက)တွေကို (မယက)နေရာ
ပေးတယ်။ အကြိုအပို့ကိုလည်း ကိုယ့် ရပ်ရွာမှာရှိတဲ့ ကိုယ့်ဒေသမှာရှိတဲ့
ထော်လာဂျီတို့၊ ကားတို့ကို ချောဆွဲခိုင်းတယ်”ဟု သာယာဝတီ မြို့ခံတစ်ဦးက
ဆိုသည်။
ယခုလ (၁၇)
ရက်နေ့တွင် လူထုထောက်ခံပွဲလုပ်ရန် ပြင်ဆင်ထားသော်လည်း မလုပ်ဖြစ်တော့
ကြောင်း သတင်းထွက်ပေါ်နေပြီး သာယာဝတီမြို့ဘောလုံးကွင်းတွင်
စင်မြင့်ဆောက်လုပ်သည့် လုပ်ငန်များ စတင်လုပ်ဆောင်နေကြောင်း ၎င်းက
ဆက်လက်ပြောဆိုသည်။
သာယာဝတီမြို့ပေါ်တွင် ကြံ့ဖွံ့၊ စွမ်းအားရှင်များနှင့် ပြည်သူများ
ဆက်ဆံရေးမှာ တင်းမာနေပြီး ယခုလုပ်ရပ်ကိုလည်း အိမ်တိုင်းတက်မည်မဟုတ်သလို
ကျေးရွာများမှလည်း ယခုကိစ္စကို စိတ်ဝင်စားမှုမရှိကြောင်း ၎င်းက
ဆက်လက်ပြောဆိုသည်။
“ကျနော်တို့ကတော့ ပြည်သူနဲ့ဆန့်ကျင်တဲ့ လုပ်ငန်းတွေဖြစ်တဲ့အတွက်
ပြည်သူတွေကတော့ သိပ်မကျေနပ်ဘူးပေါ့နော်။ အဓိကကတော့ NLD
ဆန့်ကျင်ရေးမဟုတ်ဘူးခင်ဗျ။ အခြေခံမူ ထောက်ခံရေးပါပဲ။
အမျိုးသားညီလာခံမှာချမှတ်ခဲ့တဲ့ အခြေခံမူ ထောက်ခံဖို့ပါပဲ” ဟု
အဆိုပါမြို့ခံက ဆိုသည်။ |