Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

သံဃာထုနောက်မှ ၀န်းရံရန် သာယာဝတီခရိုင်ကျောင်းသားသမဂ္ဂက ဆုံးဖြတ်

ဗထူး။ စက်တင်ဘာ ၂၀၊ ၂၀၀၇   

ယခုလက်ရှိဖြစ်ပေါ်နေသည့် စစ်အစိုးရအား ပတ္တနိကုဇ္ဇနကံဆောင်သပိတ်မှောက်ခြင်းတွင် သံဃာတော်များနောက်မှ လိုက်ပါဝန်းရံရန် သာယာဝတီခရိုင်ကျောင်းသားသမဂ္ဂက ယနေ့ ဆုံးဖြတ်လိုက်သည်။ 

မြို့နယ် (၉) မြို့နယ်မှ ကျောင်းသားများနှင့် ပါဝင်ဖွဲ့စည်းထားသည့် အဆိုပါ ကျောင်းသားသမဂ္ဂ အား ပြီးခဲ့သည့်လအတွင်းက ဖွဲ့စည်းခဲ့ပြီး ယခုကဲ့သို့ အဆိုပါဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။ 

“ပြီးခဲ့တဲ့လက စတင်ဖွဲ့စည်းပါတယ်။ ကျောင်းသားဦးရေကတော့ တမြို့ကို ၁၀ ယောက် ၁၅ ယောက်နှုန်းလောက် ပါဝင်ပါတယ်။ (၉) မြို့နယ်ရှိပါတယ်။ ကျနော်ကတော့ ဗဟိုအလုပ်အမှု ဆောင်တယောက်ပါ”ဟု ကိုမင်းလွင်က ဆိုသည်။ 

နိုင်ငံအနှံ့ဖြစ်ပေါ်နေသော ရဟန်းသံဃာများ၏ နောက်မှ အာဏာပိုင်အဖွဲ့များ၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များ၏ နှောင့်ယှက်တားဆီးမည့် အန္တရာယ်များကို ၎င်းတို့ ခရိုင်ရှိ မြို့နယ် အသီးသီးမှ သမဂ္ဂအဖွဲ့ဝင်များက ကာကွယ်စောင့်ရှောက်သွားမည်ဟု သူက ဆက်လက်ပြောဆို သည်။ 

ယနေ့တွင်လည်း ထုတ်ပြန်ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပြီး သံဃာတော်များ၏ ပတ္တနိကုဇ္ဇနကံဆောင်ခြင်းကို ကြည်ညိုသဒ္ဒါစိတ်ဖြင့် ထောက်ခံအားပေးကြောင်း ဖော်ပြခဲ့ပြီး ပြည်သူလူထုအား ငြိမ်းချမ်းစွာ ပူးပေါင်းပါဝင်တိုက်ပွဲဝင်ရန် နှိုးဆော်ခဲ့ကာ ဒေါ်အောင်ဆန်း စုကြည်နှင့် ဖမ်းဆီးခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ရဟန်းရှင်လူ တို့အား ချွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။  

သာယာဝတီခရိုင်တွင် သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုပ်ဖို၊ ကြို့ပင်ကောက်၊ နတ္တလင်း၊ ဇီးကုန်း၊ ပေါင်းတည်မြို့နယ်များ ပါဝင်သည်။ 

   အသံနားဆင်လိုပါက -

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org