Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

သံဃာတော်များဆွမ်းခံကြွချိန် ကြံ့ဖွံ့နှင့်စွမ်းအားရှင်များက နှောင့်ယှက်

ဗထူး။ စက်တင်ဘာ ၁၄၊ ၂၀၀၇

ပဲခူးတိုင်း၊ ပြည်မြို့တွင် နံနက်အာရုဏ်ဆွမ်းလောင်းချိန်တွင် သံဃာတော်များ ဆွမ်းခံကြွရာ အနီးတ၀ိုက်တွင် ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များက အလှူရှင်များအား နှောင့်ယှက်ကာ သံဃာများကို စောင့်ကြည့်နေသည်။ 

နှစ်ပေါင်းများစွာ ပြုလုပ်လာခဲ့သည့် ပြည်မြို့သူ/သားများမှ မနက်အာရုဏ်ဆွမ်းကပ်လှူသည့် အချိန်တွင် အဆိုပါအဖွဲ့မှ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေကစတင်ကာ ၀င်ရောက်စွက်ဖက် နှောင့်ယှက် နေခြင်းဖြစ်သည်။ 

ရက်သတ္တပတ်အတွင်း ရက်အလိုက် ဆွမ်းလောင်းအသင်းများရှိသည့် ပြည်မြို့တွင် စာသင် တိုက်များမှ သံဃာတော်များအား မြို့ခံလူထုက မိမိတို့စေတနာအလျှောက် ထည့်ဝင်ကာ တရက်လျှင် ငွေလေးငါးသိန်း အကုန်အကျခံကာ အာရုဏ်ဆွမ်း ကပ်လှူနေခြင်းဖြစ်သည်။ 

ယခုရက်ပိုင်းအတွင်း မြို့နယ်(မယက)အမိန့်ဖြင့် (ရယက)၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များက အလှူရှင်များ စိတ်ပျက်လောက်အောင်ပင် ၀င်ရောက်စွက်ဖက်ခြင်း၊ သံဃာတော်များအား စောင့်ကြည့်ခြင်းများကို ပြုလုပ်နေခဲ့သည်။ 

“မနက် (၄) နာရီခွဲဆိုရင် ရဟန်းသံဃာတွေကို အာရုဏ်ဆွမ်းလောင်းကပ်တယ်။ ဆွမ်းကပ်တဲ့ အချိန်မှာ နယ်မြေခံ(ရယက)တွေ၊ စွမ်းအားရှင်တွေ၊ ကြံ့ခိုင်ရေးက လာတာပေါ့နော်။ ဝင်စွက် ဖက်တာပေါ့၊ အဲ့လိုလုပ်တော့ အလှူရှင်တွေက မကျေနပ်ဘူးဖြစ်တယ်။ ကုသိုလ်ကောင်းမှု လုပ်နေတဲ့အချိန်မှာ အယောက် ၁၅-၂၀ လောက်က ဆိုင်ကယ်တွေနဲ့ လာကြတာ။ အလှူရှင်ရဲ့ ဆန္ဒမယူဘဲနဲ့ ကြေးစည်တွေ ထုလိုက်၊ ထမင်းတောင်းတွေ ဟင်းအိုးတွေ မ,လိုက်နဲ့ လုပ်တော့ အလှူရှင်တွေကလည်း စိတ်အနှောင့်အယှက်ဖြစ်တယ်”ဟု ပြည်မြို့ခံတဦးက ဆိုသည်။  

သံဃာတော်များကြွလာချိန်တွင် အဆိုပါ စွမ်းအားရှင်အဖွဲ့များက လောက်လေးဂွနှင့် ကုံးသီး(ခေါ်) မူလီလောက်စာသီးများ၊ စကားပြောစက်များ ကိုင်ဆောင်၍ သံဃာတော်များမမြင်ရမည့် အမှောင်ရိပ်များတွင်ခိုကာ သံဃာများကို စောင့်ကြည့်နေသည်ဟု ၎င်းက ဆက်လက်ပြောဆို သည်။ 

ယခု ပြည်မြို့၌ ည (၁၀) နာရီအချိန်တွင် လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များကို ပိတ်ခိုင်းထား ပြီး ကြံ့ဖွံ့၊ စွမ်းအားရှင်အဖွဲ့များ တညလုံး မြို့ကိုပတ်ကာ ညအချိန်ထွက်သူများသည် ကြံ့ဖွံ့နှင့် စွမ်းအားရှင်များသာ ဖြစ်နေပြီး အိမ်ပြန်နောက်ကျသူများကို စစ်ဆေးမေးမြန်းခြင်း ခံရသည်ဟု ဆိုသည်။ 

“တညလုံးလည်း ပတ်တယ်၊ တချို့ဆို အကြောင်းကြောင်းကြောင့် နောက်ကျပြန်လာတဲ့လူဆိုရင် တိုင်းသာသနာရေးမှူး ဦးဝင်းသိန်းက ဘယ်လိုပြောလဲဆိုတော့ သာမန်ပြည်သူတွေကို မေးတာ၊ မင်းတို့တွေ စွမ်းအားရှင်လားကွ၊ ပြည်သူတွေကလည်း ဟုတ်တယ် ကျုပ်တို့စွမ်းအားရှင်လို့ ရောပြောလိုက်တာ၊ ညအချိန်ထွက်တဲ့လူတွေဟာ (ရယက)၊ စွမ်းအားရှင်နဲ့ ကြံ့ခိုင်ရေးပဲ ထွက်ခွင့်ရှိတဲ့ ပုံစံမျိုးပေါ့”ဟု အဆိုပါမြို့ခံက ဆိုသည်။ 

ပြည်မြို့တွင် စာသင်ကျောင်းတိုက်များရှိပြီး သံဃာ အပါး (၁၆၀၀) ကျော်ခန့်ရှိရာ ယခုကဲ့သို့ နှောင့်ယှက်နေမှုကို သံဃာအများက သိရှိနေပြီး သံဃာတော်များကို ရာဇ၀တ်သားကဲ့သို့ စောင့်ကြည့်နေခြင်းကို မြို့ခံပြည်သူများနှင့် အလှူရှင်များက လုံးဝ မကျေနပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org