Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အိုးဝေဇော်ကို အာဏာပိုင်များကပြန်လွှတ်
အဖမ်းခံထားရသူများ သံလျှင်ရဲတပ်ရင်းတွင်ရှိနေ

ဗထူး။ စက်တင်ဘာ ၇၊ ၂၀၀၇  

ပြီးခဲ့သည်လ (၂၈) ရက်နေ့က ရန်ကုန်၊ လှည်းတန်းတွင် အေးချမ်းစွာ ဆန္ဒပြသူများကို အာဏာ ပိုင်များက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးရာတွင် ပါသွားသူ ရဲသိန်းနိုင် (ခေါ်) အိုးဝေဇော်ကို အာဏာပိုင်များက ယမန်နေ့ညက ပြန်လည်လွှတ်ပေးလိုက်သည်။ 

အာဏာပိုင်များဖမ်းဆီးစဉ် ခြေထောက်ကျိုးသည့်ဒဏ်ရာဖြင့် စစ်ကြောရေးစခန်းသို့ ခေါ်ဆောင် သွားပြီးနောက် ဆေးကုသမှုမပေးဘဲ ခြေထောက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခံစားနေရစဉ် ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ 

ယမန်နေ့ည (၁၂) နာရီတွင် အင်န်အယ်ဒီပါတီ မကွေးတိုင်းစည်းရုံးရေးဥက္ကဋ္ဌ ဦးဟန်ဇော်နေအိမ် သို့ အာဏာပိုင်များက သူ့အား ပြန်လည်ပို့ဆောင်ခဲ့သည်။ 

ရဲသိန်းနိုင်သည် ထောင်တွင်းရှိနေစဉ် ပြင်းထန်သည့် သူ့ခြေထောက်ဒဏ်ရာအား ဆေးကုသမှု မပေးခဲ့သဖြင့် စစ်ကြောရေးစခန်းအတွင်း အဖမ်းဆီးခံရသူများက အစာငတ်ခံဆန္ဒပြခဲ့ကြသည်။ 

“ခု ဒီပြန်လာတဲ့အချိန်မှာ ခြေထောက်က ညိုပုတ်နေပြီးတော့ လုံးဝ မထောက်နိုင်ဘူး၊ အိမ်သာ တက်တာမှာ ခြေထောက်ကိုအားပြုရတာ၊ မခံနိုင်တော့လို့ အခု ဘားလမ်းဆေးရုံကို အရေးပေါ် တင်လိုက်ရတယ်”ဟု ရဲသိန်းနိုင်နှင့်တွေ့ခဲ့သူတဦးက ဆိုသည်။ 

အား သံလျှင်ကျောက်တန်း အမှတ် (၇) ရဲစခန်းမှ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး အဆိုပါ စခန်းတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP) အဖွဲ့ဝင် ဦးမြင့်အေးနှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကော်မတီ(MDC) မှ ကိုထင်ကျော်နှင့်အတူ အဖမ်းခံခဲ့ရသည့် ဦးဇော်ညွန့်အပါအ၀င် (၂၀) ဦးခန့်ကို ချုပ်နှောင်ထားသည်ဟု ဆိုသည်။ 

အဆိုပါရဲစခန်းအား သံဆူးကြိုး (၁၅)ပေအမြင့် နှစ်ထပ်ကာရံထားပြီး၊ ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ကျူထရံများကို အပြင်မှမမြင်နိုင်ရန် ထပ်မံကားထားခဲ့သည်။ 

“ထမင်းကျွေးတဲ့ ပုံစံအတိုင်းပဲ ၄၅ ကျပ်သားတောင်မပြည့်ဘဲနဲ့ မဝတဝကျွေးတယ်။ ဆိုးတာက ရဲတပ်ရင်းဝန်ထမ်းတွေက ညနေဘက် ထမင်းဆာချိန်ဆိုရင် ငှက်ပျောသီး လာလာရောင်းတယ်။ အရေးထဲ သူတို့က စီးပွားရှာနေသေးတယ်”ဟု ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org