|
ဆိုက်ဘာမြို့သစ်စီမံကိန်းတွင်
နိုင်ငံခြားကုန်မ္ပဏီ ၄ ခု ရင်းနှီးမြှုပ်နှံ
ဉာဏ်မောင်။
စက်တင်ဘာ ၁၃၊ ၂၀၀၇
စစ်အစိုးရဆောက်လုပ်နေသည့် ရတနာပုံ ဆိုက်ဘာမြို့ပြစီမံကိန်းတွင်
ဒေသတွင်းနိုင်ငံ ၄ နိုင်ငံမှ ကုမ္ပဏီ ၄ ခုက ရင်းနှီးမြှုပ်နှံမှုများ
ပြုလုပ်မည်ဖြစ်သည်။
ထိုင်း၊
တရုတ်၊ မလေးရှားနှင့် ရုရှားနိုင်ငံများမှ စီးပွားရေးကုန်မ္ပဏီ ၄ ခုမှ
ဆိုက်ဘာမြို့ပြစီမံကိန်း ဆောက်လုပ်သည့် လုပ်ငန်းတွင် ယခုကဲ့သို့
ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်ဖြစ်ကြောင်း 7-Day News ဂျာနယ်တွင်
ဖော်ပြခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံမှ Shin Satellite, တရုတ်နိုင်ငံမှ ZTE and Alcatel
Shanghi Bell, မလေးရှားနိုင်ငံမှ IP Tel Sdn.Bhd နှင့်
ရုရှားနိုင်ငံမှ CBOSS ကုမ္ပဏီ တို့က သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ
ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခုလကုန်တွင် ကျန်ရှိနေသေးသည့် လုပ်ငန်း၂ ခု ပြီးဆုံးပါက အဆိုပါ
ဆိုက်ဘာမြို့ပြစီမံကိန်း ကို ဖွင့်လှစ်နိုင်ဖွယ်ရှိပြီး
မြန်မာနိုင်ငံတွင် အကြီးဆုံးသော သတင်းနှင့်ဆက်သွယ်ရေးနယ်မြေတခု
ဖြစ်ပေါ်မည်ဟုဆိုသည်။
ပြင်ဦးလွင်မြို့ အဝေးပြေးလမ်းမကြီးအနီး တောင်ကုန်းပေါ်ရှိ
ရတနာပုံဆိုက်ဘာမြို့သစ်သည် မန္တလေးမြို့မှ ၆၇ ကီလိုမီတာ(မိုင် ၄၀ ခန့်)
အကွာတွင် ဧကတစ်သောင်း (၄၀၅၀ ဟက်တာ)အကျယ်အဝန်းရှိကာ
ပြီးခဲ့သည့်နှစ်မှစတင်၍ တောများကို ခုတ်ထွင်ရှင်းလင်းပြီး ဆောက်လုပ်
ရေးလုပ်ငန်းများကို လုပ်ဆောင်နေခဲ့သည်။
အဆိုပါနေရာတွင် ရတနာပုံလေဆိပ်သစ်တခုကိုလည်း ဆောက်လုပ်နေပြီး
ဖန်ကြိုးမျှင်လိုင်းကြိုး တပ်ဆင်ရန် တရုတ်၊ ထိုင်း၊
အိန္ဒိယနိုင်ငံတို့နှင့် စစ်အစိုးရအကြား ဆွေးနွေးနေဆဲဖြစ်သည်ဟု ဆိုသည်။
|