Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ရုပ်ရှင်နှင့် ဗွီဒီယိုဖွံ့ဖြိုးတိုးတက်ရေးကော်မတီက အစိုးရမျက်နှာကိုမကြည့်ဘဲ ပြည်သူ့မျက်နှာသာကြည့်တော့မည်ဟုဆို

ရိုးမ ၃။ စက်တင်ဘာ ၁၊ ၂၀၀၇ 

လောင်စာဆီဈေးမြင့်တက်လာခြင်းကြောင့် ရုပ်ရှင်နှင့်ဗွီဒီယိုလောကသား များကလည်း ပြည်သူများနည်းတူ ခံစားနေရကြောင်း သဘောထား ထုတ်ပြန်ကာ တောင်းဆိုချက် (၁၀) ချက်ကို တောင်းဆိုလိုက်သည်။ 

ုပ်ရှင်နှင့်ဗွီဒီယိုဖွံ့ဖြိုးတိုးတက်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအပေါ် သြဇာလွှမ်းမိုး ချယ်လှယ်ချုပ်ကိုင်နေမှုများကို ဖော်ပြကာ ယမန်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ 

အဆိုပါကြေညာချက်တွင် လက်ရှိ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအား တာဝန်မှ အမြန်ဆုံးဖယ်ရှား ပေးရန် တောင်းဆိုထားပြီး ပြန်ကြားရေးဝန်ကြီး၏ သားမှ ဖလင်ဈေးကွက်နှင့် ရုပ်မြင်သံကြား လိုင်းခွဲများ ထုတ်လွှင့်မှုလုပ်ငန်းတွင် ၀င်ရောက်လက်ဝါးကြီးအုပ်ထားမှုကို ဖယ်ရှားပေးရန် တောင်းဆိုထားသည်။  

ပြည်သူတို့ခံစားနေရသည့် ဘ၀သရုပ်မှန်များကို ဖော်ပြသည့် ဇာတ်ကားများကို ရိုက်ကူးခွင့် ပေးပြီး ကြံ့ဖွံ့ (လူရမ်းကားဂိုဏ်း) အမွှန်းတင်ဇာတ်လမ်းများရိုက်ရန် ရုပ်ရှင်နှင့်ဗွီဒီယိုလောကမှ အနုပညာရှင်၊ အတတ်ပညာရှင်များအား အဆိုပါဇာတ်လမ်းများ ရိုက်ကူးခိုင်းစေနေခြင်းမှ ကင်းလွတ်ခွင့်ပြုရန် ဖော်ပြထားသည်။ 

ယခုထုတ်ပြန်ချက်ကို မသိရသော်လည်း ရုပ်ရှင်နှင့်ဗွီဒီယို ဇာတ်ညွှန်းရေးသားသူ ကိုဇော်သက်ထွေးက ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာများမှာ အထက်ကအမိန့်နှင့် ဖိအားပေး ခိုင်းစေမှုကို ခံနေရကြောင်းပြောဆိုကာ သူ့အမြင်နှင့် ပတ်သက်၍ “ဒီဟာကြီးလွှင့်လို့လည်း ပြည်သူတွေက ဒီနေ့ည အဲ့ဒီကားတွေလာမယ်၊ ငါတို့ စောင့်ကြည့်အုံးမှပဲဆိုတာလည်း မရှိတော့ အာရုံတွေ အများကြီးခံစားလို့ရတဲ့ ခေတ်ကြီးမှာ စောင့်မျှော်ပြီး မကြည့်တော့ဘူး။ အခုဟာက တော့ ပေါ်လစီဆိုရင် သူတို့ပဲ ဇာတ်လမ်းဆင်ပြီး ရိုက်တာများတယ်။ ဒါပေမဲ့ အဲ့ဒါတွေက အရင်သုံး လေးနှစ်ကလုပ်ခဲ့တာကို ပြင်းသွားပြီ၊ ညီးငွေ့သွားပြီ၊ အဲ့ဒီအချိန်မှာ တီဗွီပိတ်ထား လိုက်မှာပဲ၊ ဘယ်လိုမှ မကြည့်ချင်ဘူး မြင်ဖို့တောင်ပြင်းတယ်”ဟု ဆိုသည်။  

ယခုသဘောထားထုတ်ပြန်တောင်းဆိုချက်တွင် စစ်အစိုးရအနေဖြင့် ညောင်နှစ်ပင်ညီလာခံမှ ပြဌာန်းလိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုထောက်ခံပွဲများတွင် သရုပ်ဆောင် အနုပညာ ရှင်များကို ခုတုံးလုပ် အသုံးမချရန်လည်း တောင်းဆိုထားသည်။ 

စစ်အစိုးရ၏ ပေါ်လစီဆိုင်ရာ ဇာတ်ကားများ ထုတ်လုပ်ရိုက်ကူးနေမှုနှင့်ပတ်သက်၍ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ကိုကျော်သူက “ကျနော်က ရုပ်ရှင်သရုပ်ဆောင်တယောက်အနေနဲ့ သွားနေတာပေါ့လေ။ ဒါ ဘယ်လိုအဓိပ္ပါယ်နဲ့ ရိုက်တယ်ဆိုတာ ကျနော်လည်း နားမလည်ဘူး။ နိုင်ငံတော်ကား၊ အဲ့ဒီကားတွေရိုက်တဲ့အတွက် နိုင်ငံတော်ဘဏ္ဍာငွေတွေတောင် တော်တော် ကုန်မယ်လို့လည်း မြင်တယ်။ အကျိုးဖြစ်ထွန်းမှုကတော့ ဒါ ပြည်သူတွေအတွက်တော့ သိပ်ပြီး တော့ ထူးခြားမယ်မထင်ဘူး ၊ မင်းသားမင်းသမီးတွေပုံ ကြည့်တာလောက် ဒီလောက်ပဲရှိ ပါတယ်”ဟု ပြောဆိုသည်။  

ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီ ဇင်ယော်မောင်မောင်ကတော့ နိုင်ငံတော်ကား၊ ပေါ်လစီကားများ ရိုက်ကူးထုတ်လုပ်သည့်အတွက် ပြည်သူများတွင် အကျိုးဖြစ်ထွန်းမည်ဟုထင်ကြောင်း ပြောဆို ခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org