Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဆန္ဒဖော်ထုတ်သူများနှင့်ဆွေးနွေးရန် ကုလလူ့အခွင့်အရေးအကြီးအကဲ တိုက်တွန်း

ဉာဏ်မောင်။ စက်တင်ဘာ ၁၂၊ ၂၀၀၇ 

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ မစ္စ လူးဝစ် အာဘာ(Louise Arbour)သည် လက်ရှိမြန်မာနိုင်ငံ၏ ပျက်စီးယိုယွင်းနေမှုအပေါ် သဘောထားထုတ်ပြန်လိုက်ပြီး စစ်အစိုးရသို့လည်း ဆန္ဒပြနေသူများနှင့် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းလိုက်သည်။ 

မစ္စ လူးဝစ်အာဘာက မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ဆန္ဒဖော်ထုတ်သူများကို ဖမ်းဆီးထိန်းသိမ်းထားခြင်းမှလည်း ပြန်လည်လွှတ်ပေးရန် အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ 

အာဏာပိုင်များအနေဖြင့် လွတ်လပ်စွာ ဆန္ဒဖေါ်ထုတ်ခြင်း၊ လွတ်လပ်စွာ အသင်းအဖွဲ့ စုဝေး ဖွဲ့စည်းခြင်းတို့ကို ခွင့်ပြုပေးရန်နှင့် မြန်မာအရပ်သားပြည်သူတို့အား နှိပ်ကွပ်နှိမ်နင်းနေခြင်းထက် တွေ့ဆုံစေ့စပ်ဆွေးနွေးရေး ပြုလုပ်သင့်ကြောင်း တိုက်တွန်းထားသည်။ 

သြဂုတ်လ (၁၉) ရက်နေ့မှ စတင်ခဲ့သည့် ဆန္ဒပြမှုဖြစ်စဉ်တွင် လူ ၁၅၀ ကျော်ကို ဖမ်းဆီးထားပြီး ဘုန်းတော်ကြီးများအပါအ၀င် ကန့်ကွက်ဆန္ဒပြသူများကို စစ်အစိုးရ လက်ကိုင်တုတ်အဖွဲ့အစည်း များကို အသုံးပြုကာ အကြမ်းဖက် နှိပ်ကွပ်နေမှုများကို အလွန်စိတ်ပျက်မိကြောင်းလည်း ဖော်ပြ ထားသည်။ 

“မြန်မာနိုင်ငံရဲ့ လှုပ်ရှားဖြစ်ပျက်နေမှုများဟာ အာဏာပိုင်များရဲ့ အမျိုးသားပြန်လည်သင့်မြတ် ရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲခြင်း လုပ်ဆောင်နေမှုများကို မေးစရာဖြစ်နေပြီး အားလုံးကို ပို၍ စိတ်ပျက်အားငယ်စေရုံသာမက အခုလိုအချိန်မှာ  မြန်မာနိုင်ငံတွင် စေ့စပ်ဆွေးနွေးရေး အတွက် ပြည်တွင်းပြည်ပ ထောက်ခံအားပေးနေသူများ ပြုပြင်ပြောင်းလဲရေးလုပ်ကိုင်ဖို့ ပိုမိုခက်ခဲအောင်လုပ်သလို ဖြစ်စေတယ်”ဟု စစ်အစိုးရကိုရည်ညွှန်းကာ လွန်ခဲ့သည့်အပတ်က သတင်းစာရှင်းလင်းပွဲတွင် ကုလကိုယ်စားလှယ် မစ္စတာဂန်ဘာရီင်္က ပြောဆိုသည်။  

ယနေ့ထိ နိုင်ငံအ၀ှမ်း ဆန္ဒဖော်ထုတ်သူများကို စစ်အစိုးက အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းနေရာ ဖမ်းဆီးထားသူ (၁၉၃) ဦး ရှိပြီး ပြန်လွတ်လာသူ (၂၆) ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) AAPP က ပြောဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org