Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စမ်းချောင်းတွင်ဗုံးပေါက်သည်မှာ မမှန်

ဗထူး။ စက်တင်ဘာ ၁၃၊ ၂၀၀၇ 

ယနေ့နံနက်က ရန်ကုန်မြို့၊ စမ်းချောင်းတွင် ဗုံးပေါက်ကွဲသည်ဆိုသည့်သတင်း ပျံ့နှံ့ခဲ့ပြီးနောက် ဗုံးပေါက်ကွဲမှုမဟုတ်ကြောင်း အာဏာပိုင်က အတည်ပြုပြောဆိုသည်။ 

စစ်အစိုးရသတင်းစာများတွင် ဗုံးဖောက်ခွဲရန် ပြည်ပအဖွဲ့အစည်းများက လူစေလွှတ်ကာ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီး နောက် ယခုကဲ့သို့ ရန်ကုန်တွင် ဗုံးပေါက်သည့်သတင်း စတင်ထွက်ပေါ်လာခြင်းဖြစ်သည်။ 

“မြေအောက်က မီးခိုးထွက်တာပါ။ ဗားကရာလမ်းနဲ့ ဗဟိုလမ်းဒေါင့်မှာ အမှိုက်ကောက်တဲ့ ခလေး တွေက ဖရောင်းတိုင်မီးကိုင်ပြီး ဝင်ကောက်တာ၊ အဲ့ဒီကနေ အပေါက်ကနေ မီးခိုးထွက်တာပါ။ လူတွေတော့ မလန့်ဘူး။ မီးလောင်ဒဏ်ရာရတဲ့ ကလေးတော့ ဆေးရုံပို့ထားတယ်” ဟု စမ်းချောင်းမြို့နယ်အတွင်းမှ လုံခြုံရေးတာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။ 

စမ်းချောင်းမြို့နယ်၊ သီရိဇေယျာလမ်းတွင် အဖ ဦးပေါက်ကြီးနှင့် နေထိုင်သူ အသက် (၂၇) ရှိ ကျော်မင်းလတ်သည် လက်မောင်းနှင့်ကျောတွင် မီးလောင်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်လိုက်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ 

အဆိုပါမီးလောင်မှုသည် ယနေ့နံနက် (၇) နာရီ မိနစ် (၅၀) အချိန်တွင်တွင်ဖြစ်ပွားခဲ့ကာ ခရီးသွားပြည်သူများ ထိတ်လန့်တကြားဖြစ်ကာ ဗုံးပေါက်ကွဲသည်ဆိုသည့်သတင်း ရန်ကုန်မြို့ အတွင်း ပျံ့နှံ့နေဆဲဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org