Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်တွေသံဃာကို နောက်ပြန်ကြိုးတုတ်ပြီး ရိုက်ပြန်ပြီ

ဗထူး။ စက်တင်ဘာ ၂၁၊ ၂၀၀၇  

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဆန္ဒပြရာတွင်ပါဝင်သည့် သက်တော် (၂၀) ရှိ ကိုယ်တော်တပါးအား စစ်အစိုးရအာဏာပိုင်များက ဖမ်းဆီးကာ ရိုက်နှက်ခဲ့သည်။ 

ယခုလ (၁၈) ရက်နေ့က စစ်တွေမြို့ပေါ်တွင် လူထုပရိသတ်နှင့် သံဃာတော်များ အေးချမ်းစွာ စီတန်းလှည့်လည်ခြင်းကို ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံး ပစ်ဖောက်ဖြိုခွဲခဲ့ပြီးနောက် ဖမ်းဆီး ခံခဲ့ရသည့် သံဃာတပါးကို ယခုကဲ့သို့ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။   

အဆိုပါနေ့က သံဃာတော် ၄ ပါးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ရာတွင် အဆိုပါကိုယ်တော်အား တုတ်နှင့်ရိုက်၍ နောက်ပြန်ကြိုးတုတ်ကာ ပြည်နယ်ရဲမှူးကြီးရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။ 

“ရိုက်ပါတယ်။ သွား နည်းနည်းလှုပ်နေတယ်။ ခြေထောက်နဲ့လည်း ကန်ပါတယ်။ ကိုအောင်သန်း လို့ သိတယ်။ ဒုရဲအုပ်လားတော့ မသိဘူးဒကာကြီး။ ခြေနဲ့လည်း ကန်ပါတယ်။ ခေါင်းနဲ့ မျက်နှာကိုလည်း ကန်တယ်။ လည်ပင်းကိုလည်း ကန်တယ်။ ပါးထဲမှာလည်း ဒဏ်ရာရထား ပါတယ်။ ကိုယ်တော်လေးတပါးပဲ အဖမ်းခံရတာ။ တခြားကိုယ်တော်တွေ ဘယ်မှာရှိတယ်ဆို မသိရဘူး”ဟု မြို့မကျောင်းတိုက်မှ ရိုက်နှက်ခံရသည့် အရှင် ရှင်ဝရသာမိက မိန့်သည်။ 

အဆိုပါကိုယ်တော်အား ဖမ်းဆီးသွားစဉ်ကလည်း ရိုက်နှက်ကာ ခြေထောက်နှင့်ကန်ပြီး နောက်ပြန်ကြိုးတုတ်၍ ခေါ်ဆောင်သွားသလို ပြည်နယ်ရုံးတွင် တာဝန်ရှိသူများရှေ့တွင် ရဲတဦးက ခြေထောက်ဖြင့် ခြောက်ကြိမ်ထက်မနည်း ကန်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆို သည်။  

ထို့နောက် ဂတိခံဝန်ချက်ကို လက်မှတ်ထိုးခဲ့ရပြီး မြို့မကျောင်းတိုက်ဆရာတော်ကြီးမှ လာရောက် ခေါ်ယူသဖြင့် အဆိုပါကိုယ်တော်အား ပြန်လည်လွှတ်ပေးလိုက်ပြီး အခြား ကိုယ်တော် ၃ ပါးလည်း လွတ်လာသည်ဟု ဆိုသည်။ 

“ရဟန်းမခံရသေးဘူး သက်တော် ၂၀ ပဲ ရှိသေးတယ်။ ဂတိခံဝန်ချက်ထဲမှာ သူ့ဇာတိရယ်၊ ဘွဲ့အမည်ရယ်၊ အသက်ရယ်၊ (၁၈) သြဂုတ်လ ဆန္ဒပြမှုတွင် ပါမပါ၊ ကိုရင်က ပါခဲ့တယ်လို့ ဖြေခဲ့တာပဲ၊ (၁၈) ရက်နေ့က ဆန္ဒပြမှုတွင် ပါဝင်ခဲ့ပုံနဲ့ ဆန္ဒပြခေါင်းဆောင်သိသလား၊ ကိုရင်က တော့ မသိဘူးလို့ဖြေခဲ့တယ်။ နောက်နောင် ယခုကဲ့သို့ ဆန္ဒပြမှုတွင် မပါဝင်ကြောင်း ဂတိပြု ပါသည်” လို့ ရေးထားတယ်ဟု ကျောင်းထိုင်ဆရာတော် သက်တော်(၆၀)နှင့် သိဏ္ခာတော် (၄၀) ရှိ အရှင် ဘဒ္ဒ န္တစာရဏက မိန့်သည်။ 

အဆိုပါ ကိုယ်တော်လေးမှာ အဖ ဦးရွှေဇင်အောင်၊ မောင်းတောမြို့နယ် မနော်သီကြီးကျေးရွာ တွင် နေထိုင်သူဖြစ်ပြီး ယခုကိစ္စသည် သံဃာတော်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်တော်မူသည်။ 

“သပိတ်မှောက်တယ်ဆိုတာ အင်္ဂါရပ်ရှစ်ချက်ရှိတယ်။ ရဟန်းတော်ကို ကိုယ်ထိလက်ရောက် ကျူးလွန်တယ်။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေကို ဆဲတယ် စဖြင့်ပေါ့။ ကံဆောင် သပိတ်မှောက်ဖို့ (၈) ချက်ရှိတာ အကုန်လုံးနဲ့ ငြိတာပဲ။ သာသနာတော်ကို စော်ကားတာပေါ့ ဒကာကြီး၊ ခုကိစ္စကို ဘုန်းကြီးအနေနဲ့ အတည်ပြုတယ်”ဟု ဆက်လက်မိန့်ကြားသည်။      

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org