|
ညောင်နှစ်ပင်ညီလာခံ ပြီးဆုံး
ခွဲတမ်းချပေးသည့်ကိစ္စ အငြင်းပွား၍မဆုံး
ဗထူး။
စက်တင်ဘာ ၁၊ ၂၀၀၇
စစ်အစိုးရက
နှစ်ကာလကြာရှည်စွာ ကျင်းပနေသည့် အမျိုးသားညီလာခံကို ယမန်နေ့က
အဆုံးသတ်လိုက်ပြီး ညီလာခံကိုယ်စားလှယ်များအကြားတွင်
ခွဲတမ်းချပေးမှုနှင့်ပတ်သက်၍ အငြင်းပွားလျှက်ရှိသည်။
ညီလာခံကိုယ်စားလှယ်များအား ညီလာခံအစအဆုံး တက်သူများနှင့်
အခြားကိုယ်စားလှယ်များ ခွဲခြားကာ ခွဲတမ်းချပေးခဲ့သဖြင့်
ကိုယ်စားလှယ်များအကြား မကျေမနပ်ဖြစ်နေခြင်းဖြစ်သည်။
“၁၉၉၃ က
စတက်တဲ့ အမျိုးသားညီလာခံကိုယ်စားလှယ်တွေကို ကားပါမစ်ချပေးလိုက်ပြီ၊
ဆိုတော့ အဲ့ဒီကားပါမစ်က အပြင်မှာ သိန်း ၆၀၀ ပေါက်နေတယ်။ ဒါပေမဲ့ ၂၀၀၃
မှတက်တဲ့ ကိုယ်စားလှယ်တွေက မရလို့ဆို ပူညံပူညံလုပ်နေတယ်”ဟု
ညီလာခံကိုယ်စားလှယ်တဦးနှင့် နီးစပ်သူက ဆိုသည်။
စစ်အစိုးရအနေဖြင့် တဖက်သတ် ပြင်ဆင်ရေးဆွဲခဲ့သည့် အမျိုးသားညီလာခံအား
အဆုံးသတ် လိုက်ပြီး တနင်္လာနေ့တွင် တရားဝင်ထုတ်ပြန်ကာ
သတင်းစာရှင်းလင်းပွဲများ ပြုလုပ်သွားမည်ဟု သတင်းများထွက်ပေါ်နေခဲ့သည်။
၁၉၉၃
ခုနှစ်မှ စတင်တက်ခဲ့သည့် ညီလာခံကိုယ်စားလှယ်များကို ကားတင်သွင်းဝယ်ယူ
ရောင်းချခွင့်ပါမစ်များ ချပေးခဲ့သည့်အတွက် ၂၀၀၃ ခုနှစ်တွင်
ညီလာခံကိုယ်စားလှယ်အဖြစ် တက်ရောက်သူများနှင့် စစ်အစိုးရနှင့်
အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့်လည်း
စစ်အစိုးရချထားပေးသည့် ကားပါမစ်များကို ရရှိမည်မဟုတ်ပေ။ |